Description Description Description Description Description Description Description Description Description Description ဒီမိုကရေစီ ရရှိရေးအတွက် ပူပေါင်းဆောင်ရွက်ကြဆို့  ကရင်တိုင်ရင်သား နှင့် မြန်မာနိုင်ငံသား တိုင်းရင်းသား သွေးချင်းတို့ 

2011/12/04

တရားဥပဒေ စိုးမိုးရေး ပြည်တွင်းစစ်ရပ်ရေး အရေးတကြီးလိုဟု ဒေါ်စုပြော

calintonmeetdassk
အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မစ္စစ်ဟီလာရီကလင်တန်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ တက္ကသိုလ်ရိပ်သာလမ်း နေအိမ်တွင် သီးသန့် တွေ့ဆုံ (ဓါတ်ပုံ မဇ္ဈိမ)

ပူးတွဲ သတင်းစာရှင်းပွဲတွင် မစ္စစ်ဟီလာရီကလင်တန်က မြန်မာနိုင်ငံအတွက် ဥပဒေစိုးမိုးရေး၊ နည်းပညာ အကူအညီ ပေးရေးနှင့် အစိုးရ အရည်အချင်း မြှင့်တင်ရေး လုပ်ငန်းများကို ဒေါ်အောင်ဆန်းစုကြည်နှင့် အနီးကပ် တိုင်ပင် ဆောင်ရွက်သွားမည့်အကြောင်း “အစိုးရ အရည်အသွေးမြှင့်တင်ဖို့ လုပ်ငန်းတွေ အများကြီးလိုနေတာကို သိရပါ တယ်။ ဒီကိစ္စဟာလည်း ကျမတို့က အသင်နဲ့ (ဒေါ်အောင်ဆန်းစုကြည်) အနီးကပ် တိုင်ပင် လုပ်ဆောင်သွားရမယ့် ကိစ္စပါ။” ဟု အမေရိကန် နိုင်ငံခြားရေးဝန်ကြီးက ပြောသည်။

ယင်းအပြင် “နိုင်ငံရေး အကျဉ်းသားတွေ ရှိနေတာကို ကာကွယ်ဖို့ အတွက် တရားဥပဒေ စိုးမိုးရေးဆိုတာ လိုအပ် ပါတယ်။ ပထမဆုံးအနေနဲ့ နိုင်ငံရေး အကျဉ်းသားတွေ အားလုံး လွတ်မြောက်ဖို့ လိုအပ်ပါတယ်။ အနာဂတ်မှာလည်း ယုံကြည်ချက်ကြောင့် ဖမ်းခံရသူတွေ ထပ်မရှိရေး သေချာဖို့လည်း လိုပါတယ်။ ဒီကိစ္စအတွက် အမေရိကန် အပါအဝင် နိုင်ငံတကာကလည်း ကူညီမယ်လို့ ယုံကြည်ပါတယ်။” ဟု မစ္စစ်ဟီလာရီကလင်တန်က ဆက်ပြောသည်။

သောကြာနေ့ ညနေတွင်ပင် အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးသည် သုံးရက်ကြာ ခရီးစဉ်ကို အဆုံးသတ်ပြီး မြန်မာနိုင်ငံမှ ပြန်လည် ထွက်ခွာသွားပြီ ဖြစ်သည်။

ကလင်တန်က ကြာသပတေးနေ့က နေပြည်တော်ရှိ သင်္ဂဟ ဟိုတယ်တွင် ပြုလုပ်သော သတင်းစာ ရှင်းလင်းပွဲတွင် “နိုင်ငံရေး အကျဉ်းသား ၁,၀၀၀ ကျော်အတွက် စိုးရိမ်ပါတယ်။ ဒီကိစ္စကို သမ္မတ၊ လွှတ်တော် ဥက္ကဋ္ဌတွေနဲ့ ဆွေးနွေး ခဲ့ပါတယ်။ သိပ်မကြာခင်မှာပဲ သူတို့ အားလုံး လွတ်လာမယ်လို့ အတိအကျကို မျှော်လင့်နိုင်ပါတယ်။” ဟု ပြောကြား သွားသည်။

ဒေါ်အောင်ဆန်းစုကြည်က မြန်မာနိုင်ငံသားများအတွက် အခြေခံ လိုအပ်ချက်ဖြစ်သည့် ပညာရေးနှင့် ကျန်းမာရေး ကဏ္ဍများတွင်လည်း ကူညီပေးကြရန် နိုင်ငံတကာသို့ တောင်းဆို လိုက်သည်။ အကူအညီ ပေးရာတွင် “ဗမာလူမျိုး အများစုနေထိုင်တဲ့ ဒေသတွေမှာ အကူအညီ ပေးသလို တိုင်းရင်းသား ဒေသတွေမှာလည်း ညီတူရှိရပါတယ်။ လူမျိုးပေါင်းစုံ နေထိုင်တာဖြစ်လို့ သာတူညီမျှ ဖြစ်ဖို့ လိုအပ်ပါတယ်။” ဟုဆိုသည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် အမေရိကန်နိုင်ငံခြားရေးဝန်ကြီးနှင့်အတူ အရှေ့ အာရှနှင့် ပစိတ်ဖိတ် ဒေသဆိုင်ရာ အမေရိကန် ဒုတိယ လက်ထောက် နိုင်ငံခြားရေး ဝန်ကြီး မစ္စတာ ကတ်ကင်းဘဲလ် Kurt Campbell, ဒီမိုကရေစီ၊ လူ့အခွင့်အရေးနှင့် အလုပ်သမားရေးရာ လက်ထောက် နိုင်ငံခြားရေး ဝန်ကြီး မိုက်ကယ် ပေါ့စ်နာ Michael Posner, မြန်မာနိုင်ငံဆိုင်ရာ မူဝါဒရေးရာ ညှိနှိုင်းရေးမှူး ဒဲရက် မစ်ချဲ Derek Mitchell, အမေရိကန်သံရုံး ယာယီတာဝန်ခံ မစ္စတာ မိုက်ကယ် အီး သာစတန် Michael E. Thurston နှင့် သံအရာရှိများ ပါဝင်ကြောင်း NLD ဗဟို အလုပ်အမှုဆောင် ဦးအုန်းကြိုင်က ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံပြီးနောက် ကလင်တန်နှင့် အဖွဲ့သည် NLD ဗဟိုအလုပ် အမှုဆောင်အဖွဲ့ ဒုတိယဥက္ကဋ္ဌ ဦးတင်ဦး၊ အထွေထွေအတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်၊ အဖွဲ့ဝင် ဦးဝင်းတင်၊ ဦးသန်းထွန်း၊ ဦးလှဖေ၊ ဦးညွန့်ဝေ၊ ဦးအုန်းကြိုင်၊ ဦးဉာဏ်ဝင်း၊ ဦးဟန်သာမြင့်၊ ဦးဝင်းမြင့်၊ ဒေါက်တာ ဒေါ်မေဝင်းမြင့်၊ စီအာပီပီ အတွင်းရေးမှူး ဦးအေးသာအောင်၊ အဖွဲ့ဝင် ဦးနိုင်ငွေသိန်း၊ ဦးပူကျင့်ရှင်းထန်၊ ဦးစိုးဝင်း၊ ဦးစိုင်းစိုးအောင်တို့နှင့် တွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း သူက ဆက်ပြောသည်။
calintonmeetdassk1
မြန်မာနိုင်ငံအတွက် ဥပဒေစိုးမိုးရေး၊ နည်းပညာ အကူအညီပေးရေးနှင့် အစိုးရ အရည်အချင်း မြှင့်တင်ရေး လုပ်ငန်းများကို ဒေါ်အောင်ဆန်းစုကြည်နှင့် အနီးကပ် တိုင်ပင် ဆောင်ရွက်သွားမည့်အကြောင်း မစ္စစ်ဟီလာရီကလင်တန် ပြောကြား (ဓါတ်ပုံ မဇ္ဈိမ)

အဖွဲ့ချုပ် ဒုဥက္ကဋ္ဌ ဦးတင်ဦးက သမ္မတ ဦးသိန်းစိန်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံ ဆွေးနွေး အပြီး တိုးတက်မှု တချို့ ရှိသော်လည်း နိုင်ငံရေး အကျဉ်းသားများ လွှတ်ပေးရန်၊ ကရင်၊ ကချင်နှင့် ရှမ်းပြည်နယ်များတွင် ဖြစ်ပေါ်နေ သည့် လူ့အခွင့်အရေး ချိုးဖောက်မှုများ ရပ်သွားရန် ပြည်တွင်းစစ် ရပ်ဆိုင်းရေး အစိုးရကို ဖိအားပေး ပြောဆိုရန် တင်ပြခဲ့သည်။

ဦးအေးသာအောင်က ခိုင်မာသည့် ငြိမ်းချမ်းရေး ရယူနိုင်ရန် အပစ်ရပ်ရုံနှင့် မလုံလောက်ဘဲ နိုင်ငံရေးအရ အပေးအယူနှင့် ညှိနှိုင်း ဆွေးနွေးရန် လိုအပ်ကြောင်း ထောက်ပြဆွေးနွေးခဲ့သည်။

နေ့လည်ပိုင်း၌ ရန်ကုန်ဗုဒ္ဓတက္ကသိုလ် အကျိုးဆောင်ချုပ် ဘဒ္ဒန္တပညာသီဟ (ရွှေညဝါ ဆရာတော်) အပါအဝင် လူမှုရေး အဖွဲ့အစည်းဝင်များနှင့် အမေရိကန် သံရုံးတွင် တွေ့ဆုံပြီး သက်ဆိုင်ရာ ကဏ္ဍအလိုက် ဆွေးနွေးခဲ့ကြောင်း ဆွေးနွေးပွဲတွင် ပါဝင်သူ NLD မှ မဖြူဖြူသင်းက ပြောသည်။

Myanmar Egress မှ ဦးနေဝင်းမောင်၊ ဗေဒါပညာရေးကျောင်း ဒါရိုက်တာ မျိုးရန်နောင်သိန်း၊ အနုပညာရှင် ဇာဂနာ၊ နာရေးကူညီမှု အသင်း (ရန်ကုန်) ဘဏ္ဍာရေးမှူး ဒေါ်မြင့်မြင့်ခင်ဖေ၊ ပြည်သူ့ခေတ် ဂျာနယ် အတိုင်ပင်ခံ အယ်ဒီတာ မောင်ဝံသ၊ မျိုးဆက်သစ်လူငယ်များ အစည်းအရုံး GW ခေါင်းဆောင် ကိုဇေယျာသော်၊ ၈၈ ကျောင်သား ခေါင်းဆောင် မဇင်မာ၊ HIV/AIDS ကုသရေး တောင်ဒဂုံ စင်တာမှ မဖြူဖြူသင်း၊ ကရင်အမျိုးသမီး ဖွံ့ဖြိုးတိုးတက်ရေး အဖွဲ့မှ ဆူဆနန် လှလှစိုးတို့ ပါဝင်ကြောင်း သိရသည်။

ကလင်တန်သည် ကြာသာပတေးနေ့တွင် သမ္မတဦးသိန်းစိန်နှင့် ပြည်ထောင်စု ဝန်ကြီးများ၊ လွှတ်တော် နှစ်ရပ် ဥက္ကဋ္ဌနှင့် အမတ်များကို နေပြည်တော်၌ သီးခြားစီတွေ့ဆုံခဲ့ရာ ဦးသိန်းစိန်က “ယနေ့ ဆောင်ရွက်ချက်များ အပေါ် ပြည်တွင်း/ပြည်ပ ထောက်ခံမှုများ ရရှိနေပြီဖြစ်သည့် မိမိတို့ အနေဖြင့် နောက်ကြောင်းပြန်လှည့်ရန် မရှိကြောင်း” ပြောဆိုခဲ့သည်ဟု သောကြာနေ့ထုတ် နိုင်ငံပိုင် သတင်းစာများတွင် ဖော်ပြသည်။

ထို့ပြင် စီးပွားရေး ပြုပြင်ပြောင်းလဲမှု အတွက် ပြည်ပ ရင်းနှီးမြှုတ်နှံမှုနှင့် နိုင်ငံတကာ ငွေကြေးရန်ပုံငွေ အဖွဲ့ IMF၊ ကမ္ဘာ့ဘဏ် တို့မှ ကူညီမှုများ လိုအပ်နေကြောင်း  ကလင်တန်ကို ပြောဆိုခဲ့သည်။

အမေရိကန်ဝန်ကြီးက နှစ်နိုင်ငံ တွေ့ဆုံမှုများ အတွက် ၂၀၁၃ ခု အစောပိုင်းတွင် မြန်မာကိုယ်စားလှယ် အဖွဲ့ အမေရိကန်သို့ လာရောက်ရန် ဖိတ်ကြားခဲ့ပြီး မြန်မာနိုင်ငံသို့ ကမ္ဘာ့ဘဏ် ကိုယ်စားလှယ် တဖွဲ့ စေလွှတ်ရေး ညှိနှိုင်းဆောင်ရွက်ပေးမည်ဖြစ်ပြီး၊ ကုလသမဂ္ဂ ဖွံ့ဖြိုးရေး ရန်ပုံငွေ UNDP နှင့် ပူးပေါင်းပြီး ဖွံ့ဖြိုးရေးလုပ်ငန်းများကို ကူညီသွားမည်ဟု ပြောဆိုသည်။

သတင်းရင်းမြစ် - ချင်းမိုင် (မဇ္ဈိမ)

0 件のコメント:

コメントを投稿