Description Description Description Description Description Description Description Description Description Description ဒီမိုကရေစီ ရရှိရေးအတွက် ပူပေါင်းဆောင်ရွက်ကြဆို့  ကရင်တိုင်ရင်သား နှင့် မြန်မာနိုင်ငံသား တိုင်းရင်းသား သွေးချင်းတို့ 

2011/12/13

ဗိုလ်မှူးကြီးစိန်မြ ကျဆုံခြင်းနှစ်ပတ်လည်နေ့တွင် သမိုင်းမှတ်တမ်း မှားယွင်းဖော်ပြခြင်းကို ပြင်ဆင်ပေးရန် တောင်းဆို

ပြည်သူ့ကာကွယ်ရေးတပ် (PDF) ကို စတင်တည်ထောင်ခဲ့သည့် ဗိုလ်မှူးကြီး စိန်မြ ကျဆုံးခြင်း ၁၈ နှစ်မြောက်အထိမ်းအမှတ် သံဃာတော်များအား ဆွမ်းကပ်လှူဒါန်းပွဲကို ထိုင်း-မြန်မာနယ်စပ် တောရကျောင်းတွင် ကျန်ရစ်သူ တပ်မိသားစုဝင်များက ယနေ့ နံနက်ပိုင်းတွင် ပြုလုပ်ခဲ့သည်။
ဗိုလ်မှူးကြီး စိန်မြအား ရည်စူး၍ သံဃာတော်များအား ဆွမ်းကပ်လှူဒါန်း
ဗိုလ်မှူးကြီး စိန်မြအား ရည်စူး၍ သံဃာတော်များအား ဆွမ်းကပ်လှူဒါန်း
ဗိုလ်မှူးကြီးစိန်မြ ကျဆုံးသည့် နှစ်ပတ်လည်နေ့နှင့်ပတ်သက်၍ “ဗိုလ်မှူးကြီး စိန်မြဟာ မြန်မာ့လွတ်လပ်ရေးသမိုင်းမှာ ထင်ရှားတဲ့ ၁၃၀၀ ပြည့်အရေးတော်ပုံနဲ့ စတင်ပြီးတော့ နယ်ချဲ့ ဆန်ကျင့်ရေး၊ ဖက်ဆစ်ဆန့်ကျင်ရေးတွေကနေ (၈၈) အရေးတော်ပုံမှာလဲ ပါဝင်ခဲ့ပြီး ကျဆုံးသွားတဲ့အချိန်အထိ ပြည်သူလူထုဘက်ကနေ ဒီမိုကရေစီအရေးတွက် ပါဝင်ကြိုးပမ်းခဲ့တဲ့သူ ဖြစ်ပါတယ်၊ သူရဲ့ ဂုဏ်ကျေးဇူးကို သတိတရရှိတဲ့အနေနဲ့ရော နောင်လာ နောက်သားတွေအနေနဲ့ ဒီသမိုင်းတွေကို သင်ခန်းစာရယူစေနိုင်ဖို့ ရည်ရွယ်ပြီး အခုလို နှစ်စဉ် ပြုလုပ်နေတာဖြစ်ပါတယ်” ပြည်သူ့ကာကွယ်ရေးတပ် နိုင်ငံရေးစစ်ရေးဦးဆောင်ကော်မတီ ဥက္ကဌ ဦးကျော်ထက်က ပြောသည်။
ဗိုလ်မှူးကြီးစိန်မြသည် လွတ်လပ်ရေးကြိုးပမ်းမှုနှင့် မြန်မာ့တပ်မတော်သမိုင်းတွင် ထိပ်ပိုင်းအရေးပါသည့် အခန်းကဏ္ဍများတွင် ပါဝင်ခဲ့သူဖြစ်ပြီး စစ်တပ်ပြုပြင်ပြောင်းလဲရေးနှင့်ပတ်သက်၍ တစုံတရာ ပြောင်းလဲမှုဖြစ်အောင် လုပ်ဆောင်နိုင်သည့် ပုဂ္ဂိုလ်တဦးဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။
ယနေ့ပြုလုပ်သည့် အခမ်းအနားတွင် ဗိုလ်မှူးကြီး စိန်မြ ကျဆုံးခြင်းနှင့် ပတ်သက်၍ ဗိုလ်မှူးချုပ်တင့်ဆွေ (တင့်ဆွေ-ဖျာပုံ) ရေးသားသည့် “ကျောပိုးအိတ်ကလေးကို ချီကာလွယ်” စာအုပ်မှ သမိုင်းအမှားများကို ပြင်ဆင်ပေးရန် တောင်းဆိုချက်ကိုလည်း ထုတ်ပြန်ခဲ့သည်။
“မဆလခေတ်က ဗိုလ်ချုပ်တဦးဖြစ်တဲ့ တင့်ဆွေ ဖျာပုံရေးထားတဲ့ စာအုပ်ထဲက ပြည်ပြေးဌာနချုပ်ကို ဝင်ရောက် စီးနင်းခြင်းနှင့် သူသဂြိုင်္လ်ခဲ့သော အလောင်းများဆိုတဲ့နေရာမှာ ဗိုလ်မှူးကြီး စိန်မြဟာ အရှေ့ပိုင်းတိုင်းမှူး၊ ပြည်ထဲရေးဝန်ကြီး အဲဒီကနေ အနားယူသွား ပြီးတော့ သောင်းကျန်းသူနဲ့ပေါင်းပြီး မွန်ပြည်သစ်ပါတီဝင်ဖြစ်သွားတယ်၊ နောက်တခါ ကေအန်ယူတွေ သေနတ်နဲ့ ပစ်သတ်ပြီး နတ်အိမ်ထောင်မှာ ပစ်ထားခဲ့တယ်၊ အဲဒါကို သူရဲဘော်တွေက အကြောင်းကြားလို့ ကောင်းကောင်း သဂြိုင်္လ်လိုက်ပါကွာဆိုပြီး ပြောခဲ့တယ်ဆို ပြီး ရေးထားတယ်၊ အဲဒီအချက်အလက်တွေဟာ လုံးဝအမှားတွေဖြစ်တယ်” ဟု ဦးကျော်ထက်က ဆက်ပြောသည်။
ဗိုလ်မှူးကြီးစိန်မြသည် မကွယ်လွန်မီအချိန်ထိ မာနယ်ပလောဌာချုပ်တွင် ရှိနေပြီး ပြည်သူ့ကာကွယ်ရေးတပ် တပ်မှူးကြီး၊ ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသားကောင်စီ နိုင်ငံရေးဦးဆောင်ကော်မတီ အကြံပေး၊ စစ်ရေးကော်မတီဝင်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (လွတ်မြောက်နယ်မြေ) ရဲ့ ဗဟိုစည်းရုံးရေး ကော်မတီဝင်အဖြစ် ဆောင်ရွက်နေဆဲ ငှက်ဖျားပိုး ဦးနှောက်ထဲဝင်သည့်အတွက် ထိုင်းနိုင်ငံ၊ ဇင်းမယ်ဆေးရုံမှာ တက်ရောက်ကုသရင်း ကျဆုံးသွားခြင်းဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။
“သူ့ကို ဇင်းမယ်မြို့မှာဘဲ သဂြိုင်္လ်ခဲ့တာပါ၊ အဲဒီမှာ ကိုယ်တိုင်ပါဝင်ခဲ့တဲ့ ခေါင်းဆောင်တွေ ရဲဘော်တွေလဲ ယနေ့အထိ သက်ရှိထင်ရှားရှိနေပါတယ်၊ ကျနော်တို့ တုန့်ပြန်ချင်တာက ဗိုလ်မှူးကြီးစိန်မြ ကျဆုံးစဉ်မှာ စာရေးသူ ဗိုလ်ချုပ် တင့်ဆွေဆိုတာ တပ်မတော်ထဲမှာ မရှိတော့ပါဘူး၊ ၈၈ အရေးတော်ပုံကာလမှာဘဲ မဆလဟာ ချုပ်ငြိမ်းသွားပါပြီ၊ နောက်တခုက ဗိုလ်မှူးကြီး စိန်မြဟာ အသတ်ခံရတယ်ဆိုတာ မဟုတ်ဘူး၊ ငှက်ဖျားကြောင့် သေတယ်ဆိုတဲ့ ဆေးမှတ်တမ်းအထောက်အထားတွေလဲ ရှိပါတယ်” ဟု ပြောသည်။
စာရေးသူ ဗိုလ်ချုပ်တင့်ဆွေ (တင့်ဆွေ- ဖျာပုံ) အနေဖြင့် မြန်မာ့သမိုင်းတွင် အစဉ်လာကြီးမားသည့် ပုဂ္ဂိုလ်အား ယခုကဲ့သို့ လွဲမှားစွာ သရုပ်ဖျတ်၍ ရေးသားခြင်း မှားယွင်းကြောင်း နောင်လာနောက်သားများနှင့် ပြည်သူလူထုကို သမိုင်းမှား အမှတ်မမှားရအောင် စာရေးသူအနေဖြင့် အမှားပြင်ဆင်ချက်ရေးသားပြီး တောင်းပန်းဖို့ လိုကြောင်း PDF ဥက္ကဌ ဦးကျော်ထက်က ဆက်ပြောသည်။
copy rights_http://www.yoma3.org/?p=2688

0 件のコメント:

コメントを投稿