Description Description Description Description Description Description Description Description Description Description ဒီမိုကရေစီ ရရှိရေးအတွက် ပူပေါင်းဆောင်ရွက်ကြဆို့  ကရင်တိုင်ရင်သား နှင့် မြန်မာနိုင်ငံသား တိုင်းရင်းသား သွေးချင်းတို့ 

2011/05/27

KIA နယ်မြေအနီးမှ အစိုးရတပ်များ ဆုတ်ခွာ


ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) ထိန်းချုပ်နယ်မြေအနီး နယ်ကျွံလာသော မြန်မာအစိုးရ တပ်များ နောက်ပြန်ဆုတ်သွားကြောင်း သိရသည်။
၎င်းတို့၏ နယ်မြေအနီးမှ တပတ်အတွင်း ဆုတ်ခွာပေးရန် မေလ ၁၉ ရက်နေ့က စာရေးသား တောင်းဆိုပြီးနောက်ပိုင်း ထိုသို့ ထွက်ခွာသွားခြင်း ဖြစ်သည်ဟု KIA ၏ နိုင်ငံရေး ဦးဆောင်အဖွဲ့ဖြစ်သော ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) မှ တွဲဖက်အတွင်းရေးမှူး ဦးလနန်က ယနေ့ ဧရာဝတီကို ပြောသည်။

“ရှေ့တန်း အနီးကပ် လှုပ်ရှားနေတဲ့ တပ်တွေ ပြန် နောက်ဆုတ်ပေးတာ ရှိတယ်။ တင်းမာမှုတွေ လျော့သွားတဲ့ သဘော ရှိတယ်” ဟု ဦးလနန်က ရှင်းပြသည်။

KIA တပ်မဟာ ၂ လက်အောက်ခံ တပ်ရင်း ၅ အနီးမှ ဆုတ်သွားခြင်းဖြစ်သည်ဟု ဆိုသည်။

KIA တွင် စစ်သည် အင်အား တသောင်း ၀န်းကျင် ရှိပြီး  ကချင်ပြည်နယ်နှင့် ရှမ်းပြည်မြောက်ပိုင်းတွင် စခန်းချထားသည်ဟု သိရသည်။

၁၉၉၄ ခုနှစ်မှ စတင်ပြီး KIA သည် စစ်အစိုးရနှင့် အပစ်အခတ် ရပ်စဲခဲ့သည်။ သို့သော်လည်း တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ နယ်ခြားစောင့်တပ်များအဖြစ် အသွင်ပြောင်းရေး အစီအစဉ်ကို KIA က လက်မခံသဖြင့် အစိုးရနှင့် ဆက်ဆံရေးပျက်ပြားလျက်ရှိသည်။
နှစ်ဘက် စစ်ရေးပြင်ဆင်သည့် သတင်းများလည်း ပြီးခဲ့သည့်နှစ်က ပေါ်ထွက်လာသည်။

ဤအတောအတွင်း KIA ကို “သောင်းကျန်းသူ” အဖွဲ့ဟု အစိုးရပိုင် သတင်းစာများတွင် မကြာခဏ သုံးနှုန်း ဖော်ပြသည်အထိ နှစ်ဘက် ဆက်ဆံရေး ဆိုးရွားလျက်ရှိသည်။
 
copy rights_http://www.irrawaddy.org/bur/index.php/news/6471-kia---

0 件のコメント:

コメントを投稿