Description Description Description Description Description Description Description Description Description Description ဒီမိုကရေစီ ရရှိရေးအတွက် ပူပေါင်းဆောင်ရွက်ကြဆို့  ကရင်တိုင်ရင်သား နှင့် မြန်မာနိုင်ငံသား တိုင်းရင်းသား သွေးချင်းတို့ 

2011/05/06

နာရေးကူညီမှုအသင်းက လွတ်ငြိမ်းချမ်းသာခွင့် လက်မှတ်ကောက်ယူ

လူမှုရေးလုပ်ငန်း ဆောင်ရွက်နေသူ ရုပ်ရှင်မင်သား အကယ်ဒမီ ကျော်သူ
နိုင်ငံရေး အကျဉ်းသားများ လွတ်ငြိမ်းချမ်းသာခွင့် အတွက် လက်မှတ်ထိုး ဆန္ဒပြုပြီး နိုင်ငံတော် အစိုးရဆီ တင်ပြကြရာမှာ နာရေးကူညီမှု အသင်းလည်း ပါဝင်လာပါတယ်။ နိုင်ငံရေး အကျဉ်းသား လွတ်မြောက်စေလိုတဲ့ ဆန္ဒ ရှိသူတွေဆီက လက်မှတ်တွေကို နာရေးကူညီမှု အသင်းက စုဆောင်းပြီး အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က တဆင့် အစိုးရဆီ ပေးပို့မယ် ဆိုပါတယ်။

နိုင်ငံရေး အကျဉ်းသား လွတ်မြောက်ရေး ပြည်တွင်း ငြိမ်းချမ်းရေး တောင်းဆိုချက်တွေကို တိုင်းပြည် ငြိမ်းချမ်း စေလိုတဲ့ ဆန္ဒကြောင့် တောင်းဆို ခဲ့တယ်လို့ နာရေးကူညီမှု အသင်းရဲ့ ဥက္ကဌ ကိုကျော်သူက ဘီဘီစီ ကို ပြောပါတယ်။ နာရေးကူညီမှု အသင်းဟာ ဒုက္ခရောက်နေသူတွေကို ကုညီဖို့ ဖွဲ့စည်း ထားတဲ့အတွက် နိုင်ငံရေး အကျဉ်းသားတွေရဲ့ ဒုက္ခကိုလည်း စာနာမိလို့ အခုလို သူတို့ လွတ်မြောက်ရေးအတွက် ဆန္ဒသဘောထား စုစည်း ပေးပို့တာလည်း ဖြစ်တယ်လို့ ကိုကျော်သူက ဆိုပါတယ်။

နာရေးကူညီမှု အသင်းဟာ ရန်ကုန်မြို့မှာ အခမဲ့ အသုဘ ပို့ဆောင် ပေးရာကစပြီး မရှိမဖြစ် လိုအပ်တဲ့ အသင်းကြီးတခု ဖြစ်လာခဲ့ပါတယ်။ အများပြည်သူရဲ့ ယုံကြည်အားကိုးမှု အရဆုံး လူမှုရေး အသင်းတသင်းလည်း ဖြစ်ပါတယ်။

သတင်းရင်းမြစ် - ဘီဘီစီ

0 件のコメント:

コメントを投稿