Description Description Description Description Description Description Description Description Description Description ဒီမိုကရေစီ ရရှိရေးအတွက် ပူပေါင်းဆောင်ရွက်ကြဆို့  ကရင်တိုင်ရင်သား နှင့် မြန်မာနိုင်ငံသား တိုင်းရင်းသား သွေးချင်းတို့ 

2011/05/25

ထောင်တွင်း အစာငတ်ခံ ဆန္ဒပြသူများ ပြစ်ဒဏ်ပေးခံရ


ရန်ကုန် အင်းစိန်ထောင်တွင်း အစာငတ်ခံ ဆန္ဒပြနေကြသော နိုင်ငံရေး အကျဉ်းသားများ ၏ တောင်းဆိုချက်များကို မလိုက်လျောသည့်အပြင် တချို့ကို ပြစ်ဒဏ်တိုက်သို့ပို့၍ တချို့ကို  ထောင်ပြောင်းရွှေ့ကာ လူစုခွဲလိုက်ကြောင်း သတင်း ရရှိသည်။

Family_members_of_prisoners_wait2
ရန်ကုန် အင်းစိန်အကျဉ်းထောင်ရှေ့တွင် လွတ်ငြိမ်းချမ်းသာခွင့်နှင့် လွတ်မြောက်လာမည့်သူကို စောင့်နေသော မိသားစုဝင်များ (ဓာတ်ပုံ - Reuters)
အစာငတ်ခံ ဆန္ဒပြသူများထဲမှ တချို့ကို စစ်ခွေးတိုက်သို့ ပို့၍အရေးယူပြီး တချို့ကို ယနေ့ နံနက်စောစောက ထောင် ပြောင်း ရဲကားများနှင့် ထုတ်သွားကြောင်း အင်းစိန်ထောင်နှင့် နီးစပ်သူ တဦးက ဧရာဝတီကို ပြောသည်။

မေလ ၁၆ ရက်နေ့က သမ္မတဦးသိန်းစိန်၏ လွတ်ငြိမ်းချမ်းသာ အမိန့် ထုန်ပြန်ပြီးနောက် နိုင်ငံရေးအကျဉ်းသား ၂၂ ဦးသည် မေလ ၁၈ ရက်နေ့ စနေနေ့မှ စတင်ကာ အကျဉ်းသား အခွင့်အရေးဆိုင်ရာ ရပိုင်ခွင့်များ တောင်းဆိုခဲ့ရာ ထောင် အာဏာပိုင်များက မည်သို့မျှ မတုန့်ပြန်သောကြောင့် ၎င်းတို့အထဲမှ ၁၇ ဦးက အစာငတ်ခံဆန္ဒပြခဲ့ခြင်းဖြစ် သည်။

ထောင်တွင်း ဆန္ဒပြသူ နိုင်ငံရေးအကျဉ်းသားများမှာ ထောင်ဒဏ် ၃ နှစ်မှ ၅၇ နှစ်ထိ ချမှတ်ခံထားရသည့် ပြည်တွင်း နိုင်ငံရေး တက်ကြွ လှုပ်ရှားသည့် အဖွဲ့များမှဖြစ်သည်။

၎င်းတို့သည် ထောင်တွင်း နေရာထိုင်ခင်း ကောင်းမွန်စွာရရှိရေး၊ အစားအသောက်နှင့် ကျန်းမာရေး စောင့်ရှောက်မှု ရရှိရေး အပါအဝင် အချက် ၆ ချက်ကို တောင်းဆိုခဲ့ခြင်းဖြစ်သည်။

“သူတို အစာငတ်ခံ ဆန္ဒပြတယ်ဆိုတာက အန္တရာယ်အရမ်းများတော့ သူတို့ အသက်အန္တရာယ်အတွက်စိုးရိမ်တယ်။ အစိုးရသစ်ကလည်း အစာငတ်ခံဆန္ဒပြတာမျိုးကို လိုက်လျောမှာမဟုတ်ဘူး။ ခပ်မြန်မြန် ဖြိုးခွင်းပစ်လိုက်ဖို့ စီစဉ်မှာ ပဲဆိုတာ ကျနော်တို့ မျှော်လင့်ထားပြီးသားပါ” ဟု နိုင်ငံရေးအကျဉ်းသားဟောင်း တဦးဖြစ်သည့် ကိုတိုးကျော်လှိုင်က ပြောသည်။

ထောင်တွင်းတိုက်ပွဲတွင် အမြင့်မားဆုံးသော အစာငတ်ခံဆန္ဒပြမှုကို လုပ်ဆောင်သူများအား ယခင်စစ်အစိုးရ လက်ထက် ထောင်အာဏာပိုင်များက စစ်ခွေးတိုက်ပို့ခြင်း၊ တိုက်များခွဲကာ လူစုခွဲခြင်း၊ ဒေါက်ခြေကျင်းခတ်ခြင်း၊ ရိုက်နှက်ပြစ်ဒဏ် ပေးခြင်းနှင့် ထောင်ပြောင်းခြင်းများ လုပ်လေ့ရှိသည်။

နိုင်ငံရေးအကျဉ်းသားများ ထောင်တွင်း အစာငတ်ခံဆန္ဒပြမှုနှင့် ပတ်သက်ပြီး ပြည်တွင်းရှိ လူငယ်ကွန်ရက် ဦးဆောင် သူများက အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီအဖွဲ့ (ICRC) မှ တာဝန်ရှိသူများနှင့် သွားရောက်တွေ့ဆုံ ဆွေးနွေး ခဲ့ကြောင်း၊ ICRC တာဝန်ရှိသူ များကလည်း အကျဉ်းထောင်အတွင်း ပြန်လည် ၀င်ရောက်ကြည့်ရှုခွင့်အတွက် အစိုးရသစ်ကို ချဉ်းကပ်ကာ ညှိနှိုင်းဆောင်ရွက်သွားမည်ဟု ဆိုကြောင်း ကိုတိုးကျော်လှိုင်က ပြောသည်။

ICRC အဖွဲ့သည် ၁၉၉၉ ခုနှစ်တွင် အကျဉ်းထောင်များနှင့် ရဲဘက်စခန်းများသို့ ၀င်ရောက်၍ လုံခြုံရေးအရ ထိမ်းသိမ်း ထားသူများ (နိုင်ငံရေးအကျဉ်းသားများ) အပါအ၀င် အကျဉ်းသားများကို တွေ့ဆုံလေ့လာခွင့်များ ရရှိခဲ့သည်။ သို့သော် လည်း ၂၀၀၆ ခု နှောင်းပိုင်းမှစတင်ကာ အကျဉ်းထောင်များသို့ ၀င်ရောက်လေ့လာခွင့်ကို စစ်အစိုးရက ကန့်သတ် ပိတ်ပင်ခဲ့သည်။

အဆိုပါကိစ္စအသေးစိပ်သိလို၍ အင်းစိန်ထောင်အာဏာပိုင်များထံ ဧရာဝတီက တယ်လီဖုန်းဖြင့်အကြိမ်ကြိမ်ဆက်သွယ် မေးမြန်းခဲ့သော်လည်း တစုံတရာတုန့်ပြန်ဖြေကြားရန်ငြင်းဆိုခဲ့သည်။

အင်းစိန်ထောင်တွင်း အစာငတ်ခံ ဆန္ဒပြပွဲတွင် ပါဝင်သော နိုင်ငံရေးအကျဉ်းသားမိသားစုဝင်တဦးကလည်း “သူတို့ အတွက် ကျမတို့ အရမ်းစိုးရိမ်တယ်။ အခု ကျမတို့ထောင်ကိုသွားစုံစမ်းမယ်။ ကျမတို့ မိသားစုတွေက အခု သူတို့ကို ဘယ်ထောင်တွေပို့လိုက်သလဲ ဆိုတာလဲစုံစမ်းနေတယ်။ လူချင်းအမြန်တွေ့ရမှ ကျမတို့သူတို့အခြေအနေ အသေးစိပ် ကိုသိနိုင်မယ်။ အခုတော့ ဘယ်လိုအရေးယူထားတယ်ဆိုတာကို ဘာမှ မသိရသေးဘူး”ဟု ပြောသည်။

ယခုအစာငတ်ခံဆန္ဒပြခဲ့သည့် နိုင်ငံရေးအကျဉ်းသားများကို ထောင်အာဏာပိုင်များက စစ်ခွေးတိုက်ပို့၍ တိုက်ပိတ် ပြစ်ဒဏ်ခတ်ခြင်း၊ ထောင်ပြောင်းရွှေ့ခြင်းများနှင့်ပတ်သက်ပြီး ၄င်းတို့၏ ကျန်းမာရေးအတွက် စိုးရိမ်ပူပန်မိကြောင်းနှင့်ကြေညာချက်တစောင်အသေးစိပ်ထုတ်ပြန်ရန်လည်းရှိကြောင်း နိုင်ငံရေးအကျဉ်းသားကူညီစောင့်ရှောက်ရေးအသင်း AAPP အတွင်းရေးမှူးကိုတိတ်နိုင်က ပြောသည်။

copy rights_http://www.irrawaddy.org/bur/index.php/news/6449-2011-05-24-10-00-59

0 件のコメント:

コメントを投稿