Description Description Description Description Description Description Description Description Description Description ဒီမိုကရေစီ ရရှိရေးအတွက် ပူပေါင်းဆောင်ရွက်ကြဆို့  ကရင်တိုင်ရင်သား နှင့် မြန်မာနိုင်ငံသား တိုင်းရင်းသား သွေးချင်းတို့ 

2011/05/16

အကြိမ်(၂၀)မြောက် တိုကျိုမြို့  မြန်မာ့ရိုးရာ သင်္ကြန်ပွဲတော် စည်းကားသိုက်မြိုက်စွာ ကျင်းပ။



၂၀၁၁ ခုနှစ် မေလ(၁၅)ရက်။

မြန်မာရိုးရာ တိုကျို အတာသင်္ကြန်ပွဲတော်ကို မေလ(၁၅)ရက်နေ့ တိုကျိုမြို့  HIBIYA ပန်းခြံ မှာ နံနက် ၁၀း၃၀ နာရီ မှ ညနေ ၅း၀၀ နာရီအထိ မြန်မာ့ဒီမိုကရေစီအဖွဲ့ချုပ်(LDB) မှ တာဝန်ယူဦးစီး၍ စည်းကား သိုက်မြိုက်စွာ ကျင်းပပြုလုပ် ခဲ့ပါသည်။

(၂၀)ကြိမ်မြောက် အတာသင်္ကြန်ပွဲတော် ဖွင့်ပွဲအစီအစဉ်ကို မြန်မာ့ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးလှိုင်အေး မှ နံနက် ၁၀း၃၀ နာရီမှာ ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ပါသည်။

တိုကျိုအတာသင်္ကြန်ပွဲတော်မှာ ရေက်ပက် ကစားခြင်းမျိုး မရှိသော်လည်း မြန်မာလူမျိုးများအတွက် သင်္ကြန်ယိမ်း အကအလှများ ခေတ်ပေါ်တေးဂီတ ဖျော်ဖြေမူ အစီအစဉ်များ အထူးအငြိမ့်အက အစီအစဉ်များပါ တင်ဆက်သွားပါသည်။

သည်နောက် နှစ်သစ်ကူး ဆုတောင်း အမှာစကားကို မြန်မာ့ပြည်သူ့ရေးရာအဖွဲ (PFB) အထွေထွေ အတွင်းရေးမှူး Mr. Watanabe နှင့် ဂျပန်နိုင်ငံတွင် ရောက်ရှိနေသော အထူးဧည့်သည်တော် ကျောင်းသား တပ်မတော်(ABSDF) အထွေထွေအတွင်းရေးမှူး ရဲဘော်ဆန်နီ နှစ်သစ်ကူး ဆုတောင်း အမှာစကား ပြောကြား သွားပြီးသည့်နောက် မြန်မာ့ဒီမိုကရေစီအဖွဲ့ချုပ်(LDB) ဥက္ကဋ္ဌ ဦးလှိုင်အေး ပြောကြားရာမှာ နှစ်စဉ် တိုကျို မြန်မာရိုးရာ အတာသင်္ကြန်ပွဲတော်ကို ဧပြီလတွင် ကျင်းပခဲ့သော်လည်း မတ်လ(၁၁)ရက်နေ့တွင် လှုတ်ခတ်သွားသော ငလျင်နှင့် ဆူနာမိဒဏ် ခံခဲ့ကြရသော ဂျပန်ပြည်သူများကို စာနာသောအားဖြစ် ယခုကဲ့သို့ တလ နောက်ကျ၍ ကျင်းပ ပြုလုပ်ရခြင်း ဖြစ်ကြောင်းကို ထည့်သွင်း ပြောကြားသွားပါသည်။

မင်္ဂလာဒိုး၏ ၂၀၁၁ ခုနှစ် သင်္ကြန် သံချပ်များကို တင်ဆက်ရာမှာ မြန်မာပြည်၏ လူနေမှုစနစ် ပတ်ဝန်းကျင် အခြေအနေတွေကို ထင်ဟပ်ပေါ်လွင်စေသော သံချပ်များအစီအစဉ်များကို ထိထိမိမိ တင်ဆက် ဖျော်ဖြေသွားခဲ့သည့်အတွက် ဂျပန်ရောက်ပရိတ်သတ်များ အထူးနှစ်ချိက်အားပေးမူကို ရရှိခဲ့ပါသည်။ တိုကျိုသင်္ကြန်ရဲ ထူးခြားချက် ကတော့ မြန်မာပြည် အလွမ်းပြေသင်္ကြန်မုန့်လုံးရေပေါ် တိုင်းရင်းသား ရိုးရာအစားအစာများ မြန်မာ့ရိုးရာ အစားအသောက်မျိုးစုံ စုံလင်စွာဖြင့် ရောင်းချထားပါသည်။

ထိုအပြင် မြန်မာနိုင်ငံတွင် မတရား အဖမ်းဆီးခံနေကြရသော နိုင်ငံရေးအကျဉ်သား အားလုံး လွတ်မြောက်ရေးအတွက် လက်မှတ်ရေးထိုး တောင်းဆိုသည့် လက်မှတ်များကို ကောက်ခံခဲ့ရာမှာ လက်မှတ်ရေးထိုးသူပေါင်း ၈၀၀ ကျော်ကို ကောက်ခံရရှိခဲ့ပါသည်။ တိုကျိုသင်္ကြန်ပွဲတော်တွင် ဂျပန်နိုင်ငံရောက် ပြည်ထောင်စုဘွား မြန်မာတိုင်းရင်းသားများအပြင် ဂျပန်လူမျိုးများ အပါအ၀င် နိုင်ငံခြားသား အချို့ပါ စုစုပေါင်း(၂၀၀၀)ခန့် ပါဝင် ဆင်နွဲခဲ့ကြကြောင်း သိရှိရပါသည်။

သတင်းမှတ်တမ်း။ Mai Kyaw Oo
ဓါတ်ပုံမှတ်တမ်း ။ Moe Min Thu

0 件のコメント:

コメントを投稿