Description Description Description Description Description Description Description Description Description Description ဒီမိုကရေစီ ရရှိရေးအတွက် ပူပေါင်းဆောင်ရွက်ကြဆို့  ကရင်တိုင်ရင်သား နှင့် မြန်မာနိုင်ငံသား တိုင်းရင်းသား သွေးချင်းတို့ 

2011/05/22

(၅၃)ကြိမ်မြောက် သျှမ်းပြည်အမျိုးသား တော်လှန်ရေးနေ့ အထိမ်းအမှတ် အခမ်းအနား (တိုကျို)



၂၀၁၁ ခုနှစ် မေလ (၂၂)ရက်။


ဂျပန်ရှိ သျှမ်းပြည်တိုင်းရင်းသားများတို့မှ စုပေါင်း၍ (၅၃)ကြိမ်မြောက် သျှမ်းပြည်အမျိုးသား တော်လှန်ရေးနေ့ အထိမ်းအမှတ် အခမ်းအနားကို တိုကျို Takadanobaba Sekatsu Center 4F ၌ ယနေ့ နံနက် ၁၀း၀၀ နာရီ တွင် ကျင်းပ ပြုလုပ်ခဲ့ကြပါသည်။

တော်လှန်ရေးနေ့ အခမ်းအနား ကျင်းပပြုလုပ်ရခြင်း အကြောင်းနှင့် သျှမ်းပြည် အမျိုးသားတော်လှန်ရေးနေ့ စတင် ပေါ်ပေါက်လာခဲ့ရသည့် အကြောင်းရင်းများကို သဘာပတိ စိုင်းဆိုင်မုဒ်မှ အကျယ်တ၀င့် ရှင်းလင်း ပြောကြားသွားပြီး တက်ရောက်လာကြသည့် အဖွဲ့အစည်း အသီးသီးကိုယ်စားလှယ်တို့မှလည်း ဂုဏ်ပြု အမှာစကားများ ပြောကြားသွားခဲ့ကြပါသည်။

ယနေ့ အခမ်းအနားတွင် အမျိုးတန်းတူရေး အဖိနှိပ်ခံဘ၀ လွတ်မြောက်ရေးအတွက် အသက်ပေါင်းများစွာ ပေးဆပ်စွန့်လှူ တိုက်ပွဲဝင်ခဲ့ကြသည့် တော်လှန်ရေးခေါင်းဆောင် ရဲဘော်ရဲမေ အပေါင်းတို့ကို ဂုဏ်ပြုအမှာစကားကို  ABSDF အထွေထွေအတွင်းရေးမှူး ရဲဘော် ဆန်နီမှ တက်ရောက် ပြောကြား သွားခဲ့ပါသည်။

ယနေ့ချိန်ထိ အခက်အခဲ့ အကြပ်အတည်း အမျိုးမျိုးကြားထဲမှ ကြံ့ကြံ့ခံပြီး အဏာရှင် ဆက်ဆက်ကို ဆက်လက်တိုက်ပွဲဝင်နေသည့် တော်လှန်ရေးခေါင်းဆောင် ရဲဘော်ရဲမေ အပေါင်းတို့ကို လေးစားဂုဏ်ယူသည့်အတွက် ကျင်းပပြုလုပ်ရခြင်း ဖြစ်ကြောင်း တက်ရောက်လာခဲ့ကြသည့် အဖွဲ့အစည်းအသီးသီးမှ တာဝန်ရှိသူများအား ကျေးဇူးတင်ကြောင်းကို ကျင်းပရေး တာဝန်ခံ စိုင်းဝင်းဖေမှ ရှင်းလင်း ပြောကြားသွားပါသည်။

အခမ်းအနားတွင် သျှမ်းပြည် ပြည်သူ့တော်လှန်ရေးနေ့ သမိုင်းအကျဉ်း ဂျပန်၊ အင်္ဂလိပ်၊ မြန်မာ သုံးဘာသာပါ စာစောင်ကို အခမ်းအနား တက်ရောက်သူများအား အခမဲ ဖြန့်ဝေခဲ့ကြကြောင်း အခမ်းအနားကို ၁၁း၄၀ တွင် ရုပ်သိမ်းခဲ့ကြကြောင်း သိရှိရပါသည်။

သတင်းမှတ်တမ်း ။ Mai Kyaw Oo
မှတ်တမ်းဓါတ်ပုံ  ။ Moe Min Thu

0 件のコメント:

コメントを投稿