Description Description Description Description Description Description Description Description Description Description ဒီမိုကရေစီ ရရှိရေးအတွက် ပူပေါင်းဆောင်ရွက်ကြဆို့  ကရင်တိုင်ရင်သား နှင့် မြန်မာနိုင်ငံသား တိုင်းရင်းသား သွေးချင်းတို့ 

2012/11/03

ဖားကန့် အစိုးရ ဗျူဟာကုန်းမှ လူနေရပ်ကွက်များသို့ လက်နက်ကြီးမှားဖြင့် ပစ်ခတ်

 
နိုဝင်ဘာလ (၂) ရက်နေ့ တွင် ဖားကန့်အခြေစိုက် ဗမာအစိုးရ ဗျူဟာကုန်းမှ လက်နက်ကြီးများဖြင့် ဗလခ လူနေရပ်ကွက်များသို့ ပရမ်းပတာ ပစ်ခတ်ခဲ့ပါသည်။ ပစ်ခတ်မှုကြောင့် အပြစ်မဲ့အရပ်သား ၃ ဦးဒဏ်ရာ ရရှိခဲ့ပြီး ၁ ဦးမှာ အလွန် စိုးရိမ်ရသော အခြေအနေတွင် ရှိနေပါသည်။
 
ငြိမ်းချမ်းရေး ဆွေးနွေးပွဲ ပြီးသည့် နောက် ပထမဆုံး အစိုးရတပ်များ၏ လူထုအား ရည်ရွယ်၍ ပစ်ခတ်မှုလည်း ဖြစ်ပါသည်။ ဖားကန့်ဒေသတွင် အစိုးရတပ်များသည် KIA တပ်များထက် ပြည်သူများကိုသာ ပစ်မှတ်ထား တိုက်ခိုက် နေခြင်းမှာ ယခုနှင့် ငါးကြိမ်မြောက် ဖြစ်ပါသည်။
 
ယနေ့ ဗမာအစိုးရဖက်မှ လက်နက်ကြီးများ အလုံး ၂၀ ခန့် ပစ်ခတ်ခဲ့သော်လည်း KIA ဖက်မှ ယခုအချိန်အထိ ပြန်လည် တိုက်ခိုက်ခြင်း မရှိသေးပေ။ ပစ်ခတ်မှုများသည် KIA တပ်ဖွဲ့များ တပ်စွဲထားရာ မော်မောကုန်း၊ ဆိုင်းဂျာဘွန်၊ လမောင်ကုန်းများနှင့် ၃ မိုင် ၄ မိုင်ခန့် ကွာဝေးသော ဗလခမှော်၊ သဌေးဂျောင်မှော် စသည့် ကချင်များ အနေများသည့် ရပ်ကွက်များသို့ အများဆုံး ကျရောက် ပေါက်ကွဲ ခဲ့ပါသည်။
 
သို့ဖြစ်၍ ဗမာအစိုးရ အနေဖြင့် KIA အားတိုက်ခိုက်သည်ဟု ဆိုသောအရာအတွက် မေးခွန်းများ မေးစရာဖြစ် လာပါသည်။ ဗလခ ဒေသခံတစ်ဦးက “ဒါက အပြစ်မဲ့ပြည်သူများကို ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်ခြင်း ပဲဖြစ်ပါတယ်၊ စစ်သား စစ်သားချင်း၊ သေနတ် သေနတ်ချင်း တိုက်ခိုက်ကြတာကို ဘာမှ မပြောလိုပါဘူး၊ ဒါပေမဲ့ အခုက အရပ်သားပြည်သူတွေကို ပစ်မှတ်ထားပြီးတိုက်ခိုက်လာတာကိုတော့ ရှုတ်ချပါတယ်။ ဒါက သူပုန်လုပ်ရပ်ပါ။” ဟုသူ၏အမြင်ကို ပြောပြပါသည်။

ယခုအခါ ဖားကန့် ဒေသခံအများစုမှာ ဗမာအစိုးရ၏ လုပ်ရပ်အပေါ် ခံပြင်းလျှက်ရှိပါသည်။ ဒဏ်ရာ ရရှိသူများကိုလည်း နိုင်ငံရေးပါတီများနှင့် အသင်းတော်မှ တာဝန်ရှိသူများက အလှူငွေများ ပေးအပ် ကူညီလျှက်ရှိသည်ဟု ဒဏ်ရာရရှိသူများ၏ မိသားစုဝင်များ က ပြောပြပါသည်။
 
Copy from - jinghpawkasa

0 件のコメント:

コメントを投稿