Description Description Description Description Description Description Description Description Description Description ဒီမိုကရေစီ ရရှိရေးအတွက် ပူပေါင်းဆောင်ရွက်ကြဆို့  ကရင်တိုင်ရင်သား နှင့် မြန်မာနိုင်ငံသား တိုင်းရင်းသား သွေးချင်းတို့ 

2012/11/09

ထားဝယ်ကန်ပေါက်သို့ ရောက်ရှိလာသော ဘင်္ဂလီ ၁၅၀ အား နိင်ငံတကာ ရေပိုင်နက်သို့ ပြန်ပို့

photo by - thithtoolwin
နိုဝင်ဘာ ၇ ရက်နေ့ နေ့လည်ပိုင်းက တနင်္သာရီတိုင်းဒေသကြီး ၊ ထားဝယ်ခရိုင် ကန်ပေါက်မြို့သို့ ဘင်္ဂလီလူမျိုး ၁၅၀ခန့် တင်ဆောင်လာသော ကွန်တိန်နာ သင်္ဘောတစ်စီး ၀င်ရောက်လာခဲ့ကြောင်း တနင်္သာရီ တိုင်းဒေသကြီး အစိုးရအဖွဲ့ထံမှ သိရသည်။
 
ယင်းသင်္ဘောပေါ်တွင် ဘင်္ဂလီလူမျိုး အမျိုးသား ၁၅၀ ပါဝင်ပြီး မြန်မာစကားပြောတတ်သူ သုံးဦးခန့်သာပါဝင်ကြောင်းသိရသည်။ ၄င်းတို့သင်္ဘော အနေဖြင့် မလေးရှားနိုင်ငံသို့ သွားစဉ် မြန်မာ ရေပိုင်နက် အတွင်းလမ်းမှား ၀င်ရောက်လာခြင်း ဖြစ်ကြောင်း ပြောခဲ့သည်ဟုသိရသည်။
 
တပ်မတော်(ရေ) မှ အဆိုပါသင်္ဘောကိုရိက္ခာများဖြည့်တင်းပေး၍ မြန်မာနိုင်ငံအတွင်း ယခုကဲ့သို့ထပ်မံဝင်ရောက်ခြင်းမပြုရန် သတိပေးကာ နိုင်ငံတကာရေပိုင်နက်အတွင်းသို့ ပြန်လည်ပို့ဆောင်ပေးခဲ့ကြောင်း အစိုးရအဖွဲ့မှာတာဝန်ရှိသူတစ်ဦးက နိုဝင်ဘာ ၈ရက်နေ့တွင်ပြောသည်။
 
ထို့ပြင် နိုဝင်ဘာလ ၄ရက်နေ့ကလည်း ဘင်္ဂလီလူမျိုး ၇၉ ဦးလိုက်ပါလာသော စက်လှေတစ်စီးသည် ကော့သောင်းမြို့သို့ ရောက်ရှိခဲ့သည့်အတွက် တပ်မတော်(ရေ) မှ နိုင်ငံတကာရေပိုင်နက်သို့ ပြန်လည်ပို့ဆောင်ပေးခဲ့ရကြောင်း သိရသည်။
Copy from - Popular Myanmar News Journal

0 件のコメント:

コメントを投稿