2011/02/25
KNU တပ်ဖွဲ့ မြို့ပြတိုက်ပွဲ စပြီ
ရခိုင်၊ ကရင် တော်လှန်ရေး ရဲဘော် ၃၄ ဦး ပြန်လွှတ်ရန် တိုကျိုရှိ အိန္ဒိယ သံရုံးရှေ့ ဆန္ဒပြ
၂၀၁၁ ဖေဖေါ်ဝါရီလ (၂၄)ရက်။
နှစ်ရက်တာတိုက်ပွဲအတွင်း နအဖ ၁၀ဦးကျော် ထိခိုက်သေဆုံး
2011/02/24
ကချင်လွတ်မြောက်ရေးအဖွဲ့ တပ်သားသစ် စုဆောင်း
ဒုတိယပင်လုံအရေးလှုပ်ရှားသူ ချင်းလူငယ် ၄ ဦးကို အာဏာပိုင်များ ဝန်ခံကတိထိုးခိုင်း
2011-02-22

ILO အဆင့်မြင့်အရာရှိအဖွဲ့ မြန်မာနိုင်ငံကို ရောက်ရှိ
2011-02-22
မိမိဆန္ဒ အလျောက် UWSA သို့ဝင်လျင် ဘတ်ငွေသောင်းချီ ပေးမည်ဟုဆို
ဖေဖေါ်ဝါရီလ 23 ရက် 2011 ခုနှစ်။
လူငယ် ၁ဝဝ ခန့် KIO ထံ ဝင်ရောက်လာဟု အရာရှိ ပြော
ဖေဖေါ်ဝါရီလ ၂၃ ရက် ၂၀၁၁ ခုနှစ်။2011/02/22
ဒေါ်အောင်ဆန်းစုကြည်နှင့် ဂျပန်အလုပ်သမားသမဂ္ဂအဖွဲ့ချုပ်RENGO(JTUC) တယ်လီဖုန်းဖြစ် ဆွေးနွေးခြင်း။
ထိုမေးခွန်းများနှင့် ပတ်သက်၍ ဒေါ်အောင်ဆန်းစုကြည်မှ ဂျပန်အစိုးရအနေဖြင့် မြန်မာနိုင်ငံ ဒီမိုကရေစီ အရေးတွင် အားလုံးသော အဖွဲ့အစည်းများ ပါဝင်နိုင်ရေးသည် အရေးကြီးသည်။ ထိုမှသာလျှင် တည်ငြိမ်မှု ရှိနိုင်မည် ဖြစ်သဖြင့် အားလုံးပါဝင်နိုင်သည့် ပေါ်လစီအား ဂျပန်အစိုးရမှ ဆက်လက် ကြိုးပမ်း စေလိုကြောင်း၊
တက်ရောက်သူများ
သတင်းမှတ်တမ်း ။ Mai Kyaw Oo
စံပယ်တော်လှန်ရေး လှုပ်ရှားမှု တရုတ်အစိုးရ နှိမ်နင်း
By ဗွီအိုအေ (မြန်မာဌာန) တနင်္ဂနွေ, 20 ဖေဖော်ဝါရီ 2011
အရှေ့အလယ်ပိုင်းတခွင်မှာ ဖြစ်ပေါ်နေတဲ့ လူထုဆန္ဒပြပွဲတွေလို တရုတ်နိုင်ငံမှာလည်း ဒီမိုကရေစီရေးအတွက် စံပယ်တော်လှန်ရေး လုပ်ကြရအောင်ဆိုပြီး အင်တာနက်ကနေ နှိုးဆော်တာတွေကို အစိုးရက ခပ်မြန်မြန်ပဲ နှိမ်နင်းလိုက်ပါတယ်။
အာဏာပိုင်တွေက တက်ကြွလှုပ်ရှားသူတွေကို ဖမ်းဆီး၊ လမ်းတွေပေါ်မှာလည်း ရဲတွေ ပိုဖြန့်ချထားသလို ဘေဂျင်း၊ ရှန်ဟိုင်းနဲ့ တခြားမြို့ကြီး ၁၁ မြို့မှာ ဆန္ဒပြပွဲတွေ လုပ်ကြဖို့ အင်တာနက်ကနေ နှိုးဆော်တာတွေကို ပိတ်ထားလိုက်တာပါ။
ဒီ ဆန္ဒပြပွဲတွေ ဖြစ်ပေါ်အောင် နောက်ကွယ်ကနေ ဘယ်သူတွေက နှိုးဆော်နေကြလဲဆိုတာ ဘယ်သူမှ သိပုံမရပေမဲ့ အင်တာနက်မှာ နှိုးဆော်တဲ့စာ အများစုကတော့ အစိုးရနဲ့ သဘောထား ကွဲလွဲပြီး ပြည်ပမှာ အခြေချ နေထိုင်ကြသူတွေရဲ့ ဝက်ဘ်ဆိုက်တွေက လာတဲ့ပုံ ရှိပါတယ်။
တရုတ်အစိုးရကလည်း တူနီးရှားကနေ စံပယ်တော်လှန်ရေးအဖြစ် အစပြုပြီး အဲဒီကနေ အီဂျစ်၊ ပြီးတော့ အရှေ့အလယ်ပိုင်း တခွင်ကို ပျံ့နှံ့သွားတဲ့ နိုင်ငံရေး ပဋိပက္ခတွေနဲ့ ပတ်သက်တဲ့ သတင်းဖော်ပြတာတွေကို အစိုးရက ထိန်းချုပ်ထားပါတယ်။ အင်တာနက်မှာလည်း အဲဒီအကြောင်း ရှာဖတ်လို့ မရအောင် ပိတ်ထားပါတယ်။
copy VOA News
2011/02/21
သတင်းမှတ်တမ်းဓါတ်ပုံ။ Lian Kham Sum
တိုကျိုတွင် ကျင်းပပြုလုပ်သည့် (၆၃) နှစ်မြောက် ချင်းအမျိုးသားနေ့
2011/02/20
မေ့မရသေါ မမေ့သင့်သော အမျိုးသားခေါင်းဆောင်တယောက်အကြောင်း
တိုင်းရင်း အမျိုးသားနေ့များ အစိုးရရုံးပိတ်ရက်အဖြစ် သတ်မှတ်စေလို
စီးပွားရေးပိတ်ဆို့မှုထောက်ခံတဲ့အတွက် ဒေါ်စုကိုတောင်းပန်ခိုင်း
စနေ, 19 ဖေဖော်ဝါရီ 2011
ပိတ်ဆို့အရေးယူမှုအတွက် NLD ကို စစ်အစိုးရက တောင်းပန်ခိုင်း
ဂီရိ ဒုက္ခသည်တွေအတွက် ဆော်ဒီမင်းသား ဒေါ်လာ ၅ သောင်း လှူဒါန်း
2011-02-19
ကုလသမဂ္ဂ အဖွဲ့အစည်းတွေရဲ့ နောက်ဆုံးစစ်တမ်းတွေအရ အဲဒီ ရခိုင်ဒေသတွေရဲ့ အိမ်ခြေ ခြောက်ဆယ် ရာခိုင်နှုန်းလောက်ကို ခုချိန်အထိ ပြန်လည် မတည်ဆောက် နိုင်သေးသလို လူဦးရေ ၂ဝ ရာခိုင်နှုန်းလောက်ဟာလည်း အစားအစာ ရှားပါးမှုနဲ့ ရင်ဆိုင်နေရတယ်လို့ သိရပါတယ်။
ဆော်ဒီ အိမ်ရှေ့မင်းသားက အခုလို ဂီရိဘေးသင့် ပြည်သူတွေအတွက် လှူဒါန်းသလို မင်းသားရဲ့ ကြင်ယာတော် မင်းသမီး Ameerah Al Taweel ကလည်း မြန်မာ မိခင်နဲ့ကလေးတွေအတွက် အမေရိကန် ဒေါ်လာ ငါးသောင်းကို သီးခြား လှူဒါန်းခဲ့တယ်လို့ ဆော်ဒီအာရေဗျ သံရုံးက ဖော်ပြခဲ့ပါတယ်။
ဆော်ဒီအာရေဗျ နိုင်ငံဟာ ၂ဝဝ၅ ခုနှစ်မှာ မြန်မာနိုင်ငံနဲ့ သံတမန်ဆက်ဆံရေး စတင်ခဲ့တဲ့ နိုင်ငံ ဖြစ်ပါတယ်။
2011/02/19
နအဖ တပ်ဖွဲ့ဝင် ၇ဦး DKBA ရှေ့ထွက်မိုင်းကြောင့် ထိခိုက်ကျဆုံး
2011/02/18
စုပေါင်းကာကွယ်ရန် လက်နက်ကိုင် ၁၂ ဖွဲ့ ကောင်စီဖွဲ့
ဖေဖေါ်ဝါရီလ ၁၇ ရက် ၂၀၁၁ ခုနှစ်။2011/02/17
ဒေါ်စု လုံခြုံရေးအတွက် မြန်မာအစိုးရမှာ တာဝန်ရှိ
ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ဖေဖော်ဝါရီ ၁၈ မှာ နေအိမ်သစ်ပြောင်းမည်
2011-02-14
မြန်မာစစ်အစိုးရ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေဟာ လာမဲ့သီတင်းပတ် ဖေဖော်ဝါရီလ ၁၈ ရက်နေ့ ကစလို့ ကာကွယ်ရေး ဝန်ကြီးဌာနဝင်း အပြင်ဖက်က နေအိမ်သစ်မှာ ပြောင်းရွှေ့ နေထိုင်တော့မှာ ဖြစ်တယ်လို့ နေပြည်တော် ဝန်ကြီးတွေနဲ့ နီးစပ်သူတွေက ပြောပါတယ်။
ဗိုလ်ချုပ်မှူးကြီးသန်းရွှေအနေနဲ့ အခုလို တပ်အပြင်က နေအိမ်သစ်ကို ပြောင်းရွှေ့ဖို့ ဆုံးဖြတ်တာဟာ ပေါ်ပေါက်လာမဲ့ အစိုးရအဖွဲ့သစ်နဲ့ တပ်မတော်ကို ကန့်လန့်ကာ နောက်ကွယ်ကနေ ကြိုးကိုင်သွားဖို့ ပြင်ဆင်တာ ဖြစ်တယ်လို့ မြန်မာ့ စစ်ရေး လေ့လာသူ ဦးဌေးအောင်က သုံးသပ်ပါတယ်။
“အဲဒီ ဝင်းထဲမှာ ဒီ ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ အိမ်ရှိတယ်၊ သူ့အိမ်က ဒီအိမ်ရှေ့မှာလည်း အဝိုင်းကြီး ရှိတယ်ပေါ့နော်။ ပြီးတော့ ရေကူးကန်တို့၊ အိမ်ကြီးရဲ့ ဘေးမှာလည်းပဲ သူ့ရဲ့ မိသားစုဝင်တွေနဲ့ ဧည့်သည်တွေ လာရင် တည်းဖို့နဲ့ တူတယ်၊ အိမ်ကြီးတလုံး ရှိတယ်။ ဒါ့အပြင် သူနဲ့ မလှမ်းမကမ်းမှာ ဒုတိယ ကာကွယ်ရေး ဦးစီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီး မောင်အေး အိမ်ရှိတယ်၊ နောက်တခါ သူတို့နဲ့ ဖိုခနောက်ဆိုင်ပေါ့နော်၊ ကြည်း ရေ လေ ကွပ်ကဲညှိနှိုင်းရေးမှူး ဗိုလ်ချုပ်ကြီး သူရ ရွှေမန်းရဲ့ အိမ် ရှိခဲ့တယ်လေ။”
“အဲဒီတော့ အခု သူတို့တွေ အားလုံးက လက်ရှိ တပ်ရာထူးတွေကနေပြီးတော့ ဒီ ကန့်လန့်ကာ နောက်ကွယ်ကို ဝင်တဲ့လူကဝင်၊ တချို့ကလည်း ဒီ လွှတ်တော်တို့ ဘာတို့မှာ ဥက္ကဋ္ဌတို့ ဘာတို့ လုပ်တဲ့လူက လုပ်ဆိုတော့ အဲဒီ နေရာတွေကို နောက် အသစ်တက်မဲ့ သူတို့ စိတ်ကြိုက် ရွေးချယ်ထားတဲ့ ဒီ ဗိုလ်ချုပ်တွေကို လွှဲပေးပြီးတော့ သူတို့က အသင့် ဆောက်ထားတဲ့ တခြား အိမ်တွေကို ပြောင်းရွှေ့ဖို့ ပြင်တာ ဖြစ်နိုင်ပါတယ်။”
“ဆိုလိုတာကတော့ သူတို့ သတ်မှတ်ထားတဲ့အတိုင်း သူတို့ လူတွေ သူတို့ အကုန် နေရာချထားပြီး ဖြစ်တဲ့အတွက်ကြောင့် ဒီကန့်လန့်ကာရဲ့ နောက်ကွယ်ကို ဝင်တဲ့ အနေအထားမျိုး ဖြစ်နိုင်တယ်လို့ ကျွန်တော် ယူဆပါတယ်။”
ဒုတိယ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဒု-ဗိုလ်ချုပ်မှူးကြီး မောင်အေးနဲ့ မိသားစုကတော့ ပြီးခဲ့တဲ့လကတည်းက စစ်ရုံးချုပ် နေအိမ်ကနေ အဲဒီ ပုဗ္ဗာသီရိအရပ်မှာ တည်ဆောက်ထားတဲ့ သီးသန့် နေအိမ်သစ်ကို ပြောင်းရွှေ့သွားပြီး ဖြစ်တယ်လို့ သိရပါတယ်။
နေပြည်တော်မြို့လယ်က အချက်အချာကျတဲ့ ဟိုတယ်ဇုံအနီးမှာ ဗိုလ်ချုပ်မှူးကြီး သန်းရွှေရဲ့ အမိန့်နဲ့ ခေတ်မီ အထူးသီးသန့် နေအိမ်သစ် ၆ လုံးကို ဆောက်လုပ်ထားတယ်လို့ နေပြည်တော်ဝန်ကြီးတွေနဲ့ နီးစပ်သူတွေက ပြောပါတယ်။
2011/02/16
အီဂျစ်တပ်မတော်ကို နမူနာယူသင့်ကြောင်း ဒေါ်အောင်ဆန်းစုကြည်ပြော
2011/02/15
ပဒိုမန်းရှာလားဖန်း လုပ်ကြံခံရပြီး ကွယ်လွန်ခဲ့သည်မှာ ၃ နှစ်ပြည့်ပြီ
ကရင် တိုင်းရင်းသား ခေါင်းဆောင် ယခင် KNU အထွေထွေအတွင်းရေးမှူး ဖဒိုမန်းရှာလားဖန်း လုပ်ကြံခံရပြီး ကွယ်လွန်ခဲ့သည်မှာ ၃ နှစ်ပြည့်ပြီ ဖြစ်သည်။၂၀၀၈ ဖေဖော်ဝါရီ ၁၄ ရက်နေ့ က ထိုင်းမြန်မာနယ်စပ် မဲဆောက်မြို့ရှိ နေအိမ်တွင် သေနတ်သမား နှစ်ဦး၏ လုပ်ကြံ သတ်ဖြတ်မှုကြောင့် ကွယ်လွန်ခဲ့သည်။ လုပ်ကြံမှု၏ နောက်ကွယ်တွင် မည်သူမည်ဝါ ရှိသည်ကို ယနေ့တိုင် ဖော်ထုတ် နိုင်ခြင်း မရှိသေးပေ။
2011/02/14
တိုကျိုတွင် ကျင်ပြုလုပ်သည့် (၆၄)နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနား
သတင်းမှတ်တမ်း။ ။ Mai Kyaw Oo
သတင်းဓါတ်ပုံ။ ။ Moe Min Thu
2011/02/13
နအဖ ၈ယောက် ထိခိုက်သေဆုံးတဲ့ ဘိတ်ထားဝယ်ဘက်က တိုက်ပွဲ
ကေအဲန်အယ်အေ တပ်မဟာ ၄လက်အောက်ခံ တပ်ရင်း ၁၀မှ တပ်ခွဲ ၁၊ တပ်ခွဲ၂ ပူးပေါင်းတပ်ဖွဲ့နှင့် နအဖခြေလျင်တပ်ရင်း ၅၈၅စစ်ကြောင်းတို့ တိုက်ပွဲ ဖြစ်ပွားကြ ခြင်း ဖြစ်သည်။ အဆိုပါ သေဆုံးသွားသည့် နအဖတပ်ဖွဲ့တွင် ဆက်သွယ်ရေး စက်ကိုင် တဦးနှင့် အရာရှိငယ်တဦးတို့ ပါဝင် သည်ဟုလည်း သတင်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါသည်။
သတင်းရင်းမြစ် - မင်ရန်နိုင်
2011/02/12
အစိုးရသစ် ခေါင်းဆောင်များ မြန်မာ့သမိုင်းမှာ အများဆုံးလစာများ ရမည်
အမျိုးသားခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ထံမှ တယ်လီဖုန်းဖြင့် သြဝါဒ ခံယူဆွေးနွေးပွဲ မှတ်တမ်း (တိုကျို)
သတင်းမှတ်တမ်း။ ။ အေးနန္ဒာအောင်
သတင်းဓါတ်ပုံ ။ ။မိုးမင်းသူ
သတင်းဗီဒီယို။ ။ဦးသန်းဝင်း

သံဃာများကို ပစ်ခတ်ရန် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ အမိန့်ပေး
နော်ဝေနိုင်ငံမှ ထိပ်တန်းသတင်းစာကြီး တစောင်ဖြစ်သော Aftenposten ၏ ဖေဖော်ဝါရီလ ၄ ရက်နေ့ထုတ် သတင်းစာတွင် ရန်ကုန် အမေရိကန်သံရုံးမှ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနသို့ ပေးပို့သော လျှို့ဝှက်ပေးစာကို ဖော်ပြထားရာ “ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် ဒု ဗိုလ်ချုပ်မှူးကြီး မောင်အေး နှစ်ဦးစလုံးသည် သံဃာများကို နှိမ်နှင်းရန်နှင့် လိုအပ်ပါက ပစ်ခတ်ရန် အမိန့်ပေးခဲ့သည်” ဟု ရေးသားထားသည်။
တိုက်ပွဲပေါင်း ၁၀၈၃ ဟု KNU ပြော
ဖေဖေါ်ဝါရီလ 11 ရက် 2011 ခုနှစ်။အစိုးရသစ်မှာ တိုင်းရင်းသားနဲ့ အမျိုးသမီး မပါ
2011/02/10
စစ်ဆင်ရေးမှာ ရှေ့တန်းက တိုက်ခိုက်ဖို့ ကရင် နယ်ခြားစောင့်တပ်များ ငြင်းဆန်
2011-02-08
2011/02/07
ဒီမိုကရေစီရေး မြှင့်တင် လုပ်ဆောင်ဖို့ ဂျပန်ဝန်ကြီး တိုက်တွန်း
2011-02-05
တချိန်တည်းမှာပဲ ဂျပန်နိုင်ငံနဲ့ ဆက်ဆံရေး အခုထက် ပိုမို အားကောင်းလာမယ်လို့ မျှော်လင့်ပြီး နိုင်ငံတကာ ဆက်ဆံရေးမှာလည်း ယေဘုယျအားဖြင့် ပိုအားကောင်းမယ်လို့ မျှော်လင့်တယ်လို့ ဆိုပါတယ်။
ဂျပန်နိုင်ငံဟာ တချို့ အင်အားကြီး အနောက်နိုင်ငံတွေလို မဟုတ်ဘဲ မြန်မာနိုင်ငံနဲ့ ဆက်လက် ကုန်သွယ်နေပြီး ဆက်လက်ပြောဆို ဆွေးနွေးတဲ့နိုင်ငံ ဖြစ်ပါတယ်။ အာဏာရ စစ်အစိုးရအပေါ် သဘောထား တင်းမာရင် နိုင်ငံရေးအရ အဓိက ထောက်ခံပြီး အဓိက ကုန်သွယ်ဘက် ဖြစ်တဲ့ မြန်မာ့အိမ်နီးချင်း တရုတ်နိုင်ငံနဲ့ မြန်မာနိုင်ငံ ပိုနီးစပ်အောင် တွန်းပို့နိုင်ဖွယ်ရှိတယ်လို့ ဂျပန်က သတိပေးပါတယ်။
ဒါပေမယ့် ဂျပန်နိုင်ငံဟာ မြန်မာနိုင်ငံကို လူမှုရေးနဲ့ အရေးပေါ် အကူအညီ ကလွဲလို့ စီးပွားရေး အကူအညီပေးတာကို ၂ဝဝ၃ ခုနှစ် ကတည်းက ဆိုင်းငံ့ထားပါတယ်။
Copy from _ rfa.org/
တိုက်တွန်းနှိုးဆော်ချက်
ကိုလှအေားမောင်၏ နေအိမ်ပုံ |
ပြောက်ကျားတိုက်ပွဲကြောင့် နအဖ တပ် အထိနာ
2011/02/05
စစ်အစိုးရတပ်နှင့် ကေအင်ယူ တိုက်ပွဲ ထပ်မံ ဖြစ်ပွား
2011/02/04

ပူတာအိုထောင်ရောက် နိုင်ငံရေးအကျဉ်းသူ ထောင်ဝင်စာအပိတ်ခံနေရ
2011-02-03
ကချင်ပြည်နယ် ပူတာအိုထောင်မှာ အပို့ခံထားရတဲ့ နိုင်ငံရေးအကျဉ်းသူ ဒေါ်ထက်ထက်ဦးဝေကို ထောင်ဝင်စာ တွေ့ခွင့် ပိတ်ထားတဲ့အတွက် မိသားစုဝင်တွေ မတွေ့ခဲ့ရဘူး လို့ RFA က စုံစမ်း သိရှိရပါတယ်။

(Photo: AFP)
မြန်မာနိုင်ငံမှ ရွှေဝါရောင် သံဃာ့လှုပ်ရှားမှု နှစ်နှစ်မြောက် အထိမ်းအမှတ်အဖြစ် ဖိလိပိုင်နိုင်ငံ မနီလာမြို့ရှိ မြန်မာစစ်အစိုးရ သံရုံးရှေ့တွင် ၂၀ဝ၉ စက်တင်ဘာ ၂၅ ရက်နေ့က ဖိလိပိုင် လူမျိုးများ စုရုံးဆန္ဒပြကာ နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေး တောင်းဆိုနေခြင်း ဖြစ်ပါသည်။ (Photo: AFP)
“မတွေ့ရဘူးရှင့်၊ တိုက်ပိတ်ထားပါတယ်ရှင်။ ၁၉ ရက်နေ့ကနေ ပိတ်တာရှင့်။ ၁၄ ရက် ပိတ်ထားတာ။ သမီးတို့ စုံစမ်းသလောက်တော့ ထောင်ထဲမှာတဲ့ နည်းနည်း ဆူညံပူညံ လုပ်လို့ လို့ ပြောတယ်ရှင့်။ အခုတခေါက် တော်တော် ဆိုးတာပါ။ အဲဒီမှာ တပွင့်နဲ့လူကလည်း တော်တော် ခြယ်လှယ်နေတာ အဲဒီ ဝန်ထမ်းတွေပဲ။”
ဒေါ်ထက်ထက်ဦးဝေဟာ ရန်ကုန်တိုင်း ရွှေပြည်သာမြို့နယ် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဝင် တဦး ဖြစ်ပြီး ထောင်ဒဏ် ၅ နှစ်ချမှတ်ခံထားရတာပါ။
ပြီးခဲ့တဲ့ သီတင်းပတ်တွေကလည်း နိုင်ငံရေးအကျဉ်းသား မိသားစုဝင်တွေကို ထောင်ဝင်စာတွေ့ခွင့် မိနစ် ၂၀ ပဲ ပေးတဲ့အတွက် နိုင်ငံရေး အကျဉ်းသားတချို့နဲ့ ထောင်အာဏာပိုင်တွေကြားမှာ တင်းမာမှုတွေ ရှိခဲ့ပါတယ်။
ပူတာအိုထောင်ထဲမှာ ဒေါ်ထက်ထက်ဦးဝေအပြင်၊ ကျောင်းသား ကိုမျိုးမင်းဇော်၊ NLD က ဒေါ်ဝင်းမြမြ၊ ၈၈ မျိုးဆက် ကျောင်းသားများအဖွဲ့က ကိုအောင်သူ၊ ရှမ်းတိုင်းရင်းသားခေါင်းဆောင် ဦးခွန်ထွန်းဦးတို့လည်း ရှိနေပြီး၊ စုစုပေါင်း နိုင်ငံရေးအကျဉ်းသား ၁၆ ဦး ရှိနေတယ်လို့ သိရပါတယ်။
ဒေါ်ထက်ထက်ဦးဝေကို ထောင်ဝင်စာ တွေ့ခွင့်မရတဲ့ ကိစ္စနဲ့ ပတ်သက်လို့ သမီးဖြစ်သူ မအေးချမ်းပြည့်ကို RFA ဝိုင်းတော်သား ကိုနေရိန်ကျော် ဆက်သွယ် မေးမြန်းထားပါတယ်။
copy_rights RFA News