Description Description Description Description Description Description Description Description Description Description ဒီမိုကရေစီ ရရှိရေးအတွက် ပူပေါင်းဆောင်ရွက်ကြဆို့  ကရင်တိုင်ရင်သား နှင့် မြန်မာနိုင်ငံသား တိုင်းရင်းသား သွေးချင်းတို့ 

2011/02/25

KNU တပ်ဖွဲ့ မြို့ပြတိုက်ပွဲ စပြီ


ပြည်သူတွေရဲ့ စားဝတ်နေရေးကိုလျစ်လျူရှုထားပြီး လက်တစ်ဆုပ်စာ မိမိတို့အဖွဲ့ ကောင်းစားဖို့သာ ကြည့်တဲ့ နအဖစစ်အာဏာရှင်တွေကို မြို့ပြတိုက်ပွဲနဲ့တစ်မျိုး၊  ကားလမ်းမထက်တိုက်ပွဲနဲ့တစ်ဖုံ တရားသော နည်းလမ်းဖြင့် ဒီကေဘီအေတပ်ဖွဲ့တွေ ရွပ်ရွပ်ချွံချွံ တိုက်ခိုက်နေချိန်မှာ KNU တပ်ဖွဲ့ တွေကလည်း မြို့ပြတိုက်ပွဲကို ဆင်နွှဲလို့နေပါပြီ။

KNU ကရင်အမျိုးသားအစည်းအရုံးတပ်ဖွဲ့ဟာ မွန်ပြည်နယ်၊ ဘီလင်းမြို့မှာရှိတဲ့ နအဖအစိုးရ အဆောက်အဦးတွေဖြစ်တဲ့ အကောက်ခွန်ရုံးနဲ့ တရားရုံးတွေကို ၀င်ရောက်ဖျက်ဆီးနေချိန်အတွင်း
တိုက်ပွဲတွေဖြစ်ပွားခဲ့ပြီး နအဖဘက်မှ တပ်ကြပ်ကြီးတစ်ဦးအပါအ၀င် (၄)ဦးသေဆုံးပြီးဒဏ်ရာ အပြင်းအထန်ရရှိတဲ့တပ်သားတွေကို မင်္ဂလာဒုံစစ်ဆေးရုံသို့ ပို့ဆောင်ခဲ့ကြောင်းလည်း သိရပါတယ်။

ဆက်လက်၍ ဘီးလင်းမြို့ အရှေ့ဘက်(၁၁)မိုင်အကွာမှာရှိတဲ့ တပ်မ(၄၄)ရဲ့ လက်အောက်ခံ
ခမရ(၃)တပ်ရင်း အခြေစိုက်တဲ့သေသားစခန်းကို KNU တပ်ဖွဲ့က ဖေဖေါ်ဝါရီ(၂၂)ရက်၊
ညနေ(၇)နာရီအချိန်မှာ ၀င်ရောက်တိုက်ခိုက်ရာမှာ နအဖစစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှု
ရှိကြောင်းနဲ့ KNU ဘက်မှ ထိခိုက်မှုမရှိကြောင်း အလောင်းသွားရှင်းသူ မျက်မြင်သက်သေ
နယ်ခြားစောင့်တပ်တစ်ဦးက ဆိုပါတယ်။

၎င်းက အခုသေသားစခန်းကို ၀င်တိုက်နေတာဟာ KNU တပ်မဟာ(၁)မှ ဗိုလ်ပလစ်တို့အဖွဲ့ဖြစ်တယ်။ အလောင်းသွားသယ်တဲ့အချိန်မှာ ပွဲချင်းပြီးတစ်ယောက်သေပြီး ဆေးရုံမှာနောက်ထပ်(၃)ယောက် ထပ်သေတယ်။ KNU က SK တစ်လက်၊ ကာဘိုင်တစ်လက်၊ (၁၆) ဗုံးသီးတစ်လုံး ရသွားတယ်လို့  ပြောသွားပါတယ်။



လာမဲ့အဋ္ဌမတန်းစာမေးပွဲဖြေဆိုပြီးတာနဲ့တစ်ပြိုင်နက် ဘီးလင်းမြို့နဲ့ မြ၀တီမြို့ကို KNU, နဲ့ DKBA တပ်တွေ  မြို့ပြတိုက်ပွဲဆင်နွဲတော့မယ်လို့ နအဖဘက်မှာ သတင်းတွေ ပျံ့နှံ့နေတဲ့အတွက် ဘီလင်းမြို့ရဲစခန်းမှ မိန်းမနဲ့ကလေးတွေ ထွက်ပြေးတိမ်းရှောင်ကြပြီ ဖြစ်ကြောင်း ဘီလင်းမြို့ခံတစ်ဦး ထံမှတစ်ဆင့် သိရပါတယ်။

နအဖစစ်အာဏာရှင်ကိုမကျဆုံးသရွေ့မှာ KNU နဲ့ DKBA ဘက်ကလည်း မြို့ပြတိုက်ပွဲဆက်လက် ဆင်နွဲဖို့ရှိကြောင်းလည်း သိရပါတယ်။ 
 
သတင်းရင်းမြစ် ကိုးဒီသွေး

0 件のコメント:

コメントを投稿