Description Description Description Description Description Description Description Description Description Description ဒီမိုကရေစီ ရရှိရေးအတွက် ပူပေါင်းဆောင်ရွက်ကြဆို့  ကရင်တိုင်ရင်သား နှင့် မြန်မာနိုင်ငံသား တိုင်းရင်းသား သွေးချင်းတို့ 

2011/02/22

ဒေါ်အောင်ဆန်းစုကြည်နှင့် ဂျပန်အလုပ်သမားသမဂ္ဂအဖွဲ့ချုပ်RENGO(JTUC) တယ်လီဖုန်းဖြစ် ဆွေးနွေးခြင်း။

၂၀၁၁ ခုနှစ် ဖေဖေါ်ဝါရီလ(၂၁)ရက်။

ယနေ့ ဂျပန် စံတော်ချိန် နေ့လည် ၂း၀၀နာရီတွင် ဒေါ်အောင်ဆန်းစုကြည်နှင့် ဂျပန်နိုင်ငံရှိ အကြီးဆုံး ဂျပန်အလုပ်သမား သမဂ္ဂအဖွဲ့ချုပ် RENGO(JTUC) အထွေထွေအတွင်းရေးမှူး Mr.Hiroyuki Nagumo တို့ က တယ်လီဖုန်းဖြစ် ဆွေးနွေး ခဲ့ကြသည်။

RENGO အထွေထွေ အတွင်းရေးမှူးမှ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်လာမှုအား ၀မ်းမြောက်စွာဖြင့် ကြိုဆိုပါကြောင်း သို့သော်လည်း နိုင်ငံရေး အကျဉ်းသားပေါင်း ၂၁၀၀ ကျော် ဆက်လက် ဖမ်းဆီး ထားသဖြင့် နိုင်ငံရေး အကျဉ်းသားများ လွတ်မြောက်လာရန် နိုင်ငံတကာနှင့် လက်တွဲ၍ ဆက်လက် လှုပ်ရှားသွာမည်ဟု ပြောကြားသွားသည်။ မြန်မာနိုင်ငံရှိ စစ်အစိုးရသည် အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့ (ILO)၏ နိုင်ငံတကာ စာချုပ်များဖြစ်သည့် အဓမ္မလုပ်အားပေး စေခိုင်းရာ ပြဋ္ဌန်းချက်( Convention 29)နှင့် လွတ်လပ်စွာ အသင်းအပင်းများ ဖွဲ့စည်းခွင့် ( Convention 87 ) များကို ဆက်လက် ချိုးဖေါက် နေသောကြောင့် ILO တွင် ဆက်လက် ကြိုးပမ်းသွားမည် ဖြစ်သဖြင့် ကျူးလွန်မှုများ ရှိပါက ပေးပို့စေလိုကြောင်း ပန်ကြားသည်။

ထိုမေးခွန်းများနှင့် ပတ်သက်၍ ဒေါ်အောင်ဆန်းစုကြည်မှ ဂျပန်အစိုးရအနေဖြင့် မြန်မာနိုင်ငံ ဒီမိုကရေစီ အရေးတွင် အားလုံးသော အဖွဲ့အစည်းများ ပါဝင်နိုင်ရေးသည် အရေးကြီးသည်။ ထိုမှသာလျှင် တည်ငြိမ်မှု ရှိနိုင်မည် ဖြစ်သဖြင့် အားလုံးပါဝင်နိုင်သည့် ပေါ်လစီအား ဂျပန်အစိုးရမှ ဆက်လက် ကြိုးပမ်း စေလိုကြောင်း၊
ရွေးကောက်ပွဲ ပြီးသော်လည်း ပြည်သူများ မျှော်လင့်တောင်းတနေတဲ့ ဆန္ဒ မပြည့်စုံသေးသဖြင့် ILO တွင် ဆက်လက်ကြိုးပမ်းသွားစေလိုကြောင်း ၊ မြန်မာနိုင်ငံတွင်းရှိ ချိုးဖေါက်မှုနှင် ပတ်သက်၍ စုဆောင်းပို့ဆောင်ပေးသွားမည် လက်တွဲ၍ ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားသွားပါသည်။

တက်ရောက်သူများ
နိုင်ငံတကာ ရေးရာဌာနမှ ညွန်ကြားရေးမှူးချုပ် Ms.Chihiro Ikusawa ၊ နိုင်ငံတကာ ရေးရာဌာနမှ ညွန်ကြားရေးမှူး Mr.Masayuki Shiota ၊ မြန်မာရေးရာရုံး(ဂျပန်)မှ အထွေထွေအတွင်းရေးမှူး Dr.Min Nyo။

သတင်းမှတ်တမ်း ။ Mai Kyaw Oo

0 件のコメント:

コメントを投稿