Description Description Description Description Description Description Description Description Description Description ဒီမိုကရေစီ ရရှိရေးအတွက် ပူပေါင်းဆောင်ရွက်ကြဆို့  ကရင်တိုင်ရင်သား နှင့် မြန်မာနိုင်ငံသား တိုင်းရင်းသား သွေးချင်းတို့ 

2011/02/07

ပြောက်ကျားတိုက်ပွဲကြောင့် နအဖ တပ် အထိနာ



DKBA
February 6, 2011,

ဝေါ်လေနဲ့ ဖလူး နေရာတွေမှာ ဒီကေဘီအေနဲ့ ကေအန်အယ်အေ ပူးပေါင်း တပ်ဖွဲ့အင်းအား တွေဟာ ပြောက်ကျားနည်းကိုသုံးပြီး တိုက် ခိုက်နေတဲ့အတွက် နေ့စဉ်ဆိုသလို့ နအဖတပ် တွေနဲ့ ပြောက်ကျား တိုက်ပွဲ ထိတွေမှုတွေ ရှိနေ ပါတယ်။ ယမန်နေ့က ဝေါ်လေနဲ့ ပလောတပို့ ကြားနေ ရာမှာ ဒီကေဘီအေနဲ့ ကေအန်အယ်အေ အဖွဲ့ က နအဖ စစ်တပ်ကို အလစ် အငိုက် ဖမ်းတိုက် ခိုက်ခဲ့လို့ နအဖ ဘက်မှ ၃ ဦးသေဆုံးပြီး ၅ ဦး ဒဏ်ရာ ရခဲ့ပါတယ်။ အလားတူ ဖေဖော်ဝါရီလ ၄ ရက်နေ့ ကလည်း သေ့ဘောပိုး ရွာနားမှာ စ ခန်းချထားတဲ့ နအဖ စစ်တပ်ကို ဒီကေဘီအေ ဘက်က ပြောက်ကျား တိုက်ခဲ့တဲ့အတွက် နအဖ ဘက်က ၆ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။

ကရင်သတင်းစဉ် သတင်းများအရ ဒီနေ့မှာ လည်း ကရင်ပြည်နယ် မြ၀တီခရိုင် ဝေါ်လေဒေ သ ကနဲလေး စခန်းရှိ စကခ (၈) လက်အောက် ခံ ခမရ (၄၀၄) တပ်ရင်းကို KNLA တပ်ရင်း (၁၀၃) မှ ဒီနေ့ နံနက်နဲ့ မွန်းလွဲပိုင်းမှာ နှစ်ကြိမ် ပြောက်ကျားနည်းနဲ့ ဝင်ရောက် တိုက်ခိုက်ခဲ့ရာ နအဖဘက်မှ ၆ ဦးသေဆုံးပြီး ၃ ဦးဒဏ်ရာ တယ်လို့ သိရှိရပါတယ်။ ဖေဖော်ဝါရီ ၃ ရက် နေ့နဲ့ ၄ ရက်နေ့တွေမှာလည်း ဒီအေဘီအေ ဗိုလ်မှူး ကျော်သက်အဖွဲ့က ဖလူးမှာရှိတဲ့ နအဖ လက်နက်ကြီး နေရာတွေကို ပြောက်ကျားနည်းနဲ့ တိုက်ခိုက် ခဲ့တယ်လို့ သိရှိရပါတယ်။

ဝေါ်လေနဲ့ ဖလူး ဒေသတွေမှာ နအဖနဲ့ ဒီကေဘီအေ တို့ တိုက်ပွဲတွေ ဖြစ်ပွားခဲ့ရာမှာ ၂၀၁၀ နိုဝင်ဘာ ရ ရက်နေ့ ကစလို့ ၂၀၁၁ ခုနှစ် ဇန်နဝါရီ လကုန်အထိ ထိတွေမှုတိုက်ပွဲပေါင်း အကြိမ်ရေ ၈၅ ကြိမ်ကျော်ခန့်ရှိခဲ့ပါတယ်။ ဒီတိုက်ပွဲတွေအတွင်း နအဖ ဘက်က အသေ၊ ဒဏ်ရာပေါင်းက ၆၃၃ ဦးဖြစ်ပြီးတော့။ အဲဒီထဲက အသေ ၂၄၄ ဦး နဲ့ ထိခိုက်ဒဏ်ရာ ၃၈၉ ဦး ဖြစ်တယ်လို့ ဒီကေဘီအေ တပ်မဟာ ၅ မှ ဗိုလ်ဆန်းအောင်က ရရှိထားတဲ့ စာရင်းတွေထဲက ခန့်မှန်းပြောပြသွားပါတယ်။

Copy from _ naytthit.net

0 件のコメント:

コメントを投稿