Description Description Description Description Description Description Description Description Description Description ဒီမိုကရေစီ ရရှိရေးအတွက် ပူပေါင်းဆောင်ရွက်ကြဆို့  ကရင်တိုင်ရင်သား နှင့် မြန်မာနိုင်ငံသား တိုင်းရင်းသား သွေးချင်းတို့ 
2011/02/20
မေ့မရသေါ မမေ့သင့်သော အမျိုးသားခေါင်းဆောင်တယောက်အကြောင်း
ကရင်အမျိုးသား ခေါင်းဆောင် ကေအဲန်ယူ အထွေထွေအတွင်းရေမှူးဟောင်း ပဒိုမန်းရှားလာဖန်း ဆုံး သွားတာ ဖေဖေါ်ဝါရီလ ၁၄ ရက် ၊၂၀၁၁ ခုနှစ်ဆိုရင် (၃)နှစ်ပြည့်ခဲ့ပါပြီး။ ပြည်တွင်း၊ နယ်စပ်ဒေသ အပါအ၀င် ကမ္ဘာအ ရပ်ရပ်မှာ ရောက်ရောက်ရှိနေကြတဲ့ အတီးပဒိုမန်းရှားလာဖေါင်ကို ချစ်မြတ်နိုးတဲ့၊လေးစားတဲ့ ကရင်လူထုတွေက သူ့ အတွက် အမှတ်တရပ် ဆုတောင်းပွဲတွေ၊ အလှူဒါနပွဲတွေ ပြုလုပ်ကျင်းပ ကြပါတယ်။
သေသေါသူ ကြာရင်မေ့ ဆိုတဲ့စကားပုံ ရှိခဲ့ပေမဲ့ မျိုးချစ်တော်လှန်သူ များအတွက်၊ အမှန်တရားကို ချစ်မြတ် နိုးသူ များအတွက် အတီးပဒိုမန်းရှာလို ခေါင်းဆောင် တယောက်ကိုတော့ မမေ့နိုင်ရုံမက သူ့ရဲ့အတွေး အခေါ်ခံယူချက် တွေဟာ ဒို့တတွေရဲ ရင်ထဲမှာ ဆက်လက် ကိန်းအောင်း ရှင်သန်နေမှာပါ။ အတီးမန်းရှာကို ကျနော်တို့ မမေ့သင့် မမေ့အပ်တဲ့ မမေ့နိုင်တဲ့ လူပုဂ္ဂိုလ်တဦး ဖြစ်ပါတယ်။
အတီးမန်းရှာကို ကျနော် ၂၀၀၀ ခုနှစ် ၀န်းကျင်လောက်ကမှ လူချင်းစတွေ့ ဖူးတာပါ။ အဲဒီအချိန်တုန်းက ကျနော်တို့ လူငယ်တစု သူနေတဲ့အိမ်ကို သွားလည်ရင်းနဲ့ သူရဲ့ ပြောဆိုပုံ၊ ကရင်အမျိုးသား အပေါ် သူထားခဲ့တဲ့ စေတနာ၊ အတွေးအခေါ် စိတ်ဓါတ်တွေကို ကိုယ်တိုင် ကြားသိရတာပါ။ ကျနော်သူ့ ကို အရမ်း လေးစား မိသွားတာတော့ အမှန်ပါဘဲ။
အဲဒီနှစ်တွေရဲ့ နောက်ပိုင်းမှာတော့ ထပ်တွေ့ ဖြစ်ပါသေးတယ်။ သူအိမ်ကိုလည်း တခါတလေ သွားလည်
ဖြစ်ပါတယ်။ မဲဆောက် တ၀ိုက်မှာ လူငယ်တွေနဲ့ သူစကားပြောတဲ့ အခမ်းအနားမှာလည်း ကျနော် တခါတလေဆုံဖြစ်တယ်… သူ့ ရဲ့  အပြောအဆို၊ အတွေးအခေါ်တွေ ကြားရ၊သိရလေ သူ့  ကို ပိုပြီး လေးစားမှု ကြီးမား လာလေပါဘဲ။ လူတွေနဲ့  စကားပြောဆို ဆက်ဆံတဲ့ အခါမှာလည်း လူကြီး လူငယ်ကအစ အဆင့်အတန်း မခွဲခြားဘဲ ပြေပြစ်စွာဆက်ဆံတတ်သလို သူ့ ကိုယ်သူ ကျနော်…ကျနော်လို့ အမြဲတမ်း ပြောဆို သုံးနှုန်းတာ ကျနော် သတိထား မိပါတယ်။ အမျိုးသား တော်လှန်ရေး ခေါင်းဆောင်ကြီး တယောက်အနေနဲ့  ကျနော်တို့ လူငယ်လေးတွေနဲ့ စကားပြောဆိုတဲ့ အချိန်မှာ သူ့ ကိုယ်သူ ကျနော်…
ကျနော်လို့  ပြောဆို သုံးနှုန်းတဲ့အတွက်လဲ သူ့ ကို အရမ်း အားနာမိတာတော့ အမှန်ပါဘဲ။ တကယ်တော့ အတီးမန်းရှာဟာ ကရင့်တော်လှန်ရေး လောကမှာ ရိုးသားသူ၊ အမြှော်အမြင်ကြီးမားသူ တဦးဖြစ်သလို စံနမူနာ ပြုထိုက်လောက်တဲ့ ကိုယ်ကျင့် သိက္ခာတရားနဲ့လည်း  ပြည့်စုံတဲ့ ခေါင်းဆောင် ကောင်းတဦးလည်း ဖြစ်ပါတယ်။
အတီးမန်းရှာရဲ့  ရဲ့ ရင့်ပြတ်သားတဲ့ အပြောအဆိုတွေကိုလည်း ကျနော် ယခုထက်ထိ မှတ်မိနေဆဲပါ…
ကျနော် တက်ရောက်ခဲ့ဘူးတဲ့ ကရင်အမျိုးသား စည်းလုံးညီညွတ်ရေး နှီးနှောဖလှယ်ပွဲ တခုမှာ ကေအဲန်ယူအဖွဲ့ နဲ့ ပါတ် သက်ပြီး အတီးမန်းရှာက “ကျနော်တို့ ကေအဲန်ယူရဲ့ ယနေ့ အခြေအနေဟာ ကိုယ်ခန္ဓာအနှံ့  ဒဏ်ရာဒဏ်ချက်တွေနဲ့  ပြည့်နက်နေတဲ့ လူသားတယောက်နဲ့ တူနေတယ်၊ ဒီဒဏ်ရာတွေ ဆေးကြော ကုသတဲ့ နေရာမှာ သူရဲ့ အခြေအနေ၊ အချိန် အခါကိုကြည့်ပြီး ကုသရမှာ ဖြစ်တယ်”လို့  အဲဒီတုံးက ကေအဲန်ယူရဲ့ အနေအထားကို ပမာပြု ပြောဆို သုံးသပ်သွားပါ တယ်။ ကရင်အမျိုးသား အရေးနဲ့ ပါတ်သက် ၍လည်း“ယနေ့ ကရင်အမျိုးသားရေး တာဝန်ဟာ ကေအဲန်ယူတဖွဲ့ တည်းနဲ့  ဆုံးဖြတ်၊အကောင်ထည် ဖေါ်လို့ မရဘူး၊ အမျိုးကို ချစ်တဲ့နယ်ပယ် အသီးသီးက ကရင်တွေ ၀ိုင်းဝန်း ဆုံးဖြတ်ရမယ်၊ ၀ိုင်း ၀န်း ပြီးတော့လည်း  အကောင်အထည် ဖေါ်ရမှာဖြစ်တယ်၊ ဒါကြောင့်မို့ ဒီအမျိုးသား စည်းလုံးညီညွတ်ရေး နှီးနှောဖလှယ်ပွဲကို ကျင်းပရတာဖြစ်တယ်”လို့  မိန့် ခွန်းခြွေသွားခဲ့တယ်။ အဲဒီမိန့် ခွန်း ထဲမှာဘဲ အတီးမန်းရှာက လူငယ်တွေနဲ့ ပါတ် သက်ပြီး “ကျနော်တို့ လူငယ်တွေကို ဦးစားပေးရမယ်၊ မြေတောင် မြောက်ပေးရမယ်၊ လူငယ်တွေက သူတို့ နဲ့ သွားတွေ့ ဖို့  စကားသွားပြောဖို့ ဖိတ်ကြားရင် ကျနော် လုပ်လက်စ အလုပ်တွေ ဘယ်လောက်ဘဲ အရေးကြီးနေပါစေ အဲဒီအလုပ်တွေ ချန်ထားပြီးတော့ သူတို့ တွေနဲ့ သွားတွေ့ တယ် သွားစကားပြောတယ်”…..
အတီးမန်းရှာဟာ သူပြောတဲ့ အတိုင်းလည်း လုပ်တယ်။ကျနော် မဲဆောက်နဲ့ နယ်စပ် တကြောမှာ ၀င်ထွက် သွားလာရင်း၊ အတီးမန်းရှာနဲ့ ကရင်ကျောင်းသား၊ လူငယ်တွေ တွေ့ ဆုံစကားပြောတဲ့ အခမ်းအနား မကြာခဏ ဆိုသလို ကြုံဖြစ်တယ်။ အတီးမန်းရှာ ပြောတဲ့ စကားတွေ၊မိန့် ခွန်းတွေဟာ ကျနော်တို့ လူငယ်တွေ၊ကရင်အမျိုးသား တွေအဖို့ စကား လုံးတိုင်း လိုလို အလွန်တန်ဖိုး ရှိပါတယ်။နှီးနှောဖလှယ် ပွဲတွေမှာ ပြောခဲ့တဲ့မိန့် ခွန်းတွေ အပါအ၀င် အတီးမန်းရှာ ပြောတဲ့ မိန့် ခွန်းတွေ၊ စကားတွေကို ကျနော် ဗီဒီယိုမှတ်တမ်း ရိုက်ယူပြီးတော့ ကရင့်တော်လှန်ရေး အသိုင်းအ၀ိုင်း၊ ပတ်ဝန်းကျင်နဲ့  ကင်းကွာတဲ့ နေရာတွေမှာ ရှိနေကြတဲ့ ကရင်လူငယ် ၊ပြည်သူတွေဆီ ယူသွားပြီးတော့ ပြန်လည် ပြသခဲ့ပါတယ်။
အမှန်စင်စစ် ကျနော်အပါအ၀င် ကရင်တော်လှန်ရေး၊ ကရင့် ခေါင်းဆောင်တွေနဲ့ ကင်းကွာနေတဲ့ လူ ငယ်တွေ အမြောက်အများ ရှိပါတယ်။ ၉၄ ခုနှစ်၊ ကရင့်တော်လှန်ရေး အုပ်စုကြီး ကွဲထွက်ပြီးတဲ့ နောက်ပိုင်းမှာတော့ ငှင်းဒေ သတွေမှာ နေထိုင် ကြီးပြင်းလာတဲ့ ကရင်မျိုးဆက်သစ်တွေရဲ့  တကယ့် အမျိုးသားရေး အမြင်တွေ များစွာေ၀၀ါးလာပါတယ်။ ကရင့်တော်လှန်ရေး ခေါင်းဆောင်တို့ ရဲ့ မိန့် ခွန်း မှတ်တမ်းခွေတွေကို သူတို့ တတွေအား လိုက်လံ ပြသခြင်းအားဖြင့်လည်းေ၀၀ါးတဲ့ အမြင်တွေ အတိုင်းအတာ တခုအထိတော့ ကုစား ပေးနိုင်ခဲ့တာ တွေ့ ရပါတယ်။ကျနော် အတီးမန်းရှာ အိမ်ကို ရောက်ဖြစ်တဲ့ အခါမှာလည်း ကျနော်လုပ်တဲ့ အဖွဲ့ အစည်းဟာ ပြန့် ကျဲနေတဲ့ ကရင်လူငယ်တွေကို ကောင်းစွာ ပြန်လည် စုစည်းနိုင်ကြောင်း၊ ဒါ့အပြင် အဲဒီလူငယ်တွေကို မှန်ကန်တဲ့ အမျိုးသားရေး အမြင်ရှိဖို့  နည်းလမ်းပြသမဲ့သူတွေလည်း လိုအပ် ကြောင်း အတီးက ကျနော်အား ပြောရှာပါတယ်။ တကယ်တော့ လည်းဟုတ်ပါတယ်။ကျနော် အပါအ၀င် မြေပြန့် မှာကြီး ပြင်းလာတဲ့ ကရင်လူငယ် တွေကတော့ ကရင်အမျိုးသားရေး အကြောင်း မသိတော့တဲ့အပြင် အချို့ ဆိုရင် ကရင်စကား တောင် မပြော တတ်ကြတော့ပါဘူး။လူမျိုးခြား တွေကြားထဲမှာ ကြီးပြင်း လာရတာရယ်၊ ရန်သူရဲ့ မှိုင်းတိုက်တဲ့ ဒဏ်တွေ ခံရ တာရယ်ကြောင့်၊ အမျိုးကို ဘယ်လိုချစ်ရမှန်းတောင် မသိကြတော့ပါဘူး။
ကျနော် ရွာမှာနေတုံးကဆို ကရင်တော်လှန်ရေး အကြောင်းတွေနဲ့ ပါတ်သက်တဲ့ စာစောင်တွေကို ခိုးပြီး ဖတ်ရတယ်။ ကရင့်တော်လှန်ရေး သူရဲကောင်း စစ်ဗိုလ်တွေ၊ ဘယ်သူဘယ်ဝါက တိုက်ခိုက် ရေးတော်တယ်၊ နာမည်ကြီး တယ် စသည်ပုဂ္ဂိုလ်တွေကိုတော့ လူကြီးတွေ ပြောပြမှ သိရတယ်။လူချင်းတော့ တခါမှမတွေ့ ဖူးဘူး။ ကျနော်တို့ ငယ်ငယ်တုံး ကလည်း စစ်တိုက်တမ်း ကစားရင် နာမည်ကြီး ကရင် စစ်ဗိုလ်တွေရဲ့ နာမည်တွေကို အားကျလို့ ကိုယ့်ကိုယ်ကို အဲဒီ နာမည်တွေ တပ်ပြီး ကစားကြတယ်။
အခြေ အနေအရပ်ရပ်ကြောင့် ကိုယ့်ရပ် ကိုယ့်ရွာကနေ ထွက်ခွါခဲ့တဲ့ နောက်ပိုင်းမှာ ကရင်တော်လှန် ရေး အသိုင်းအ၀ိုင်းတွေနဲ့ ပိုပြီး နီးစပ်ခွင့် ရသလို၊ စာရေးဆရာ ရေဆန်လို့ ခေါ်တဲ့ အတီးမန်းရှာ ရေးတဲ့ကဗျာ၊ဆောင်းပါး တွေလည်း လေ့လာ ဖတ်ရှုခွင့် ရခဲ့တယ်။ အတီးမန်းရှာနဲ့ လူချင်းကိုတော့ အထက်က ကျနော်ပြောတဲ့အတိုင်း ၂၀၀၀.ခုနှစ် ၀န်းကျင် လောက်မှ စသိ၊ စတွေ့ တာပါ။ အတီးမန်းရှာဟာ လူကို တခါတွေ ဖူး၊စကားပြောဖူးတာနဲ့  မှတ်မိတယ်။ အရေး တယူ ဆက်ဆံတယ်။ တခါကလည်း ကရင့် တော်လှန်ရေးနေ့  အခမ်းအနားမှာ ကျနော်က မှတ်တမ်းဓါတ်ပုံတွေ လိုက်ရိုက် ရင်းနဲ့ ဗိုလ်ချုပ်မြ အနားကို ရောက်သွားတယ်။အတီးမန်းရှာက ကျနော်နားမှာ ရောက်လာပြီးတော့ ကျနော်ကို ဗိုလ်ချုပ်မြဆီ ခေါ်သွားပြီးတော့ ဒါဟာ ဘယ်သူပါလို့  ကျနော်နာမည်ကို ခေါ်ပြပြီးတော့ ဗိုလ်ချုပ်မြနဲ့ မိတ်ဆက် ပေးပါတယ်။ နောက်တခါ ပဒိုစောဘသင်စိန်ရဲ့  မွေးနေ့ မှာ သွားရောက် ကူညီဖို့ သူငယ်ချင်း တယောက်ရဲ့ နောက်ကို ကျနော်လိုက်သွား တယ်။ မွေးနေ့ ကျင်းပရာ အိမ်ခြံဝင်း အ၀င်မှာဘဲ အတီးမန်းရှာက ကျနော်ကို လှန်းတွေ့ တယ်။ သူထိုင်တဲ့ စားပွဲဝိုင်းမှာ အခြား ကေအဲန်ယူခေါင်းဆောင်တွေ၊ မဟာမိတ်အဖွဲ့ အစည်းက ခေါင်းဆောင်တွေ ထိုင်ပြီးတော့ စကားပြောကြတယ်။ အတီးမန်းရှာက ကျနော်ကို ခေါ်ပြီးတော့ သူထိုင်တဲ့ စားပွဲဝိုင်းမှာ လာထိုင်ဖို့ ခေါ်တယ်။ ကျနော်က အတီးကို အရမ်းအားနာ မိပြီးတော့ အလာဘ၊သလာဘတွေ ပြောပြီး မီးဖိုချောင်မှာ ကျနော်သွားဝိုင်းကူချင်ကြောင်း အကြောင်းပြပြီးတော့ မီးဖိုချောင်ဘက်ကို  ကျနော်ထွက်သွားလိုက်တယ်။ တကယ်တော့ အတီးမန်းရှာဟာ တွေ့ တဲ့လူတိုင်းကို၊ တန်းတူ ဆက်ဆံ တာသာမက သူ့ ကိုယ်သူ နှိမ့်ချပြီးလဲ ဆက်ဆံတယ်။ အတီးမန်းရှာနဲ့ တွေ့ ဖူး၊ ပြောဆို ဆက်ခံခဲ့ဖူးတဲ့ သူတိုင်းလိုလို အတီး မန်းရှာကို လေးစားမိတယ်၊ ခင်မင်မိတယ်။
၁၉၉၄ ဒီကေဘီအေ တွေခွဲထွက်ပြီးတဲ့ နောက်ပိုင်း၊ မာနာပလော စခန်းကျပြီး နောက်ပိုင်း ကရင့်တော်လှန် ရေးအတွင်း အတော်လှုပ်ခါ သွားပါတယ်။ တော်လှန်ရေး သမားတချို့ ရန်သူတွေနဲ့ ပေါင်းပြီး ကိုယ်ကျိုးရှာ သွားသလို တ ချို့ တွေလည်း တော်လှန်ရေးကို ကျောခိုင်းပြီး နိုင်ငံရပ်ခြား တွေမှာ သွားရောက် အခြေချ ကြပါတယ်။ အတီးမန်းရှာ မဆုံး ခင်အထိ ကိုယ်ကျိုးရှာသမားတချို့ က ရန်သူတွေနဲ့ ပေါင်းပြီး အတီးမန်းရှာကို လူပုဂ္ဂိုလ် အလိုက်၊ အဖွဲ့  အစည်းအလိုက် ပြောဆို ဝေဖန်တာတွေလည်း ရှိတယ်။အတီးမန်းရှာ ဆုံးသွားပြီး နောက်ပိုင်းမှာတော့ ရန်သူနဲ့ ပြန်ပေါင်းတဲ့ အဖွဲ့ တွေလည်း ရန်သူအကြောင်းကို ပိုမိုသိရှိလာပြီး နှဖါးကြိုး အထိုးခံလိုက်ရတာ နာလာမှန်း သိလာတယ်။ နိုင်ငံရပ်ခြားမှာ နေတဲ့ သူတွေလည်း တိုင်းပြည် မရှိတဲ့လူမျိုး တမျိုးဟာ ဘယ်လို မျက်နှာငယ်ရတယ်၊ ဘယ်လို ဒုက္ခရောက်ရတယ် ဆိုတာလည်း ကိုယ့်ကိုယ်ကို နားလည်လာတယ်။ တချိန်တခါက ကေအဲန်ယူ မကောင်းကြောင်း ပြောပြီး ကိုယ်လွတ် ရုန်းထွက်ပြီးတော့ အခုမှပြန်လာပြီး ကရင့် တော်လှန်ရေး အကြောင်းတွေ၊ အတီးမန်းရှာ ကောင်းကြောင်းတွေ ပြန်ပြောတာ ကြားလာတယ်။ ပြည်တွင်းရော၊ ပြည်ပကပါရှိနေကြတဲ့သူတွေ အတီးမန်းရှာ ကောင်းကြောင်း အခုမှပြန်ပြောတဲ့သူ အတွက်တော့ လုံးဝကို နောက်ကျ သွားပါပြီ။ကိုယ့် ခေါင်းဆောင်ကောင်း တယောက်၊ အသက်ရှိစဉ် အခါက တန်ဖိုးထါးရမှန်း၊ ၀ိုင်းဝန်း ကူညီရမှန်း၊ပူးပေါင်း လုပ်ဆောင် ရမှန်းမသိတာ အရမ်းကို ရင်နာဖို့ ကောင်းပါတယ်။ ဒါပေမဲ့ ကရင့် တော်လှန်ရေး အတွက်တော့ အချိန်မှီပါ သေးတယ်။
ယနေ့အချိန်အခါအထိ ကော်သူးလေဆိုတဲ့ ကျနော်တို့ မြေပေါ်မှာ အမျိုးသား တော်လှန်ရေး အတွက် တကယ် ပေးဆပ်တဲ့ သူ၊ အမျိုးကို တကယ်ချစ်တဲ့သူ၊ ရန်သူကို တကယ်တိုက်တဲ့ သူရဲကောင်းတွေ အများကြီးရှိပါတယ်။ ပြည်တွင်းရော ပြည်ပကပါ ရှိနေကြတဲ့ မျိုးချစ်ညီ အကိုတွေ အတီးမန်းရှာ ဆုံးရှုံး ရတာကို သင်ခန်းစာ ယူပြီး မိမိတို့  တတ်နိုင်တဲ့ ဘက်မှာ တော်လှန်ရေးကို အထောက်အကူ ပြုအားပေးရမှာ ဖြစ်ပါတယ်။ ကရင့်အမျိုးသားရေးနဲ့ ပါတ်သက်ပြီး သင်ခန်း ယူစရာတွေလည်း ယူတတ်ရင် တပွေ့ တပိုက်ကြီး၊ တထမ်း တပိုးကြီး ယူလို့ မကုန်အောင်ရှိပါတယ်။ ဒါတွေကို ကျနော်တို့ အထူး သတိထား သင့်ပါတယ်။
ကရင့်တော်လှန်ရေးမှာ အာဇာနည် ပေါင်းထောင်သောင်းမက အသက်ကို ပေးဆပ်သွားပြီး ဖြစ်ပါတယ်။ တချို့ ဆို  သမိုင်းစာမျက်နှာတွေမှာ နာမည် ကမ္မည်း ထိုးခံရတဲ့ လူရှိသလို မထင်မရှားနဲ့ အသက် ပေးဆပ် ရတဲ့သူရဲကောင်း တွေလည်း အများကြီး ရှိပါတယ်။ ကျနော်တို့ လူငယ်တွေ အတွက်တော့ အရင်က အသက်ပေးဆပ်သွားတဲ့ အထင်ကရ အာ ဇာနည် ခေါင်းဆောင်တွေ အကြောင်းကို သမိုင်း စာမျက်နှာတွေမှာဘဲ ဖတ်ရပါတယ်။ ကျနော်တို့  မှီတဲ့ခေတ်၊ ယနေ့ အချိန် အခါမှာတော့ အသက် ပေးဆပ်သွားတဲ့ ခေါင်းဆောင်တွေထဲမှာ အရည်အချင်းနဲ့ ပြည့်ဝသော ၊ တော်လှန်ရေးသမားတို့ ၏ စံပြပုဂ္ဂိုလ် ဖြစ်သော ပဒိုမန်းရှားလာဖေါင် ကျဆုံးတဲ့နေ့  ကို ကရင်အမျိုးသားတဦးဖြစ်တဲ့ ကျနော်တယောက် အနေဖြင့်ကရင် လူမျိုးတို့ ရဲ့ ဒုတိယ အာဇာနည်နေ့ လို့ သတ်မတ် ခေါ်ဝေါ် ဖို့  အ ဆိုပြုရင် စာဖတ်သူ မျိုးချစ်ကရင်များ သဘောတူ လက်ခံ လေမလားပါဘဲ။။။
မန်းအာကါထက်….
၁၈၊၀၂၊ ၂၀၁၁။
ဆောင်းပါးရှင် မန်းအာကာထက်အား အထူးကျေးဇူးတင်ပါသည်။
Copy from _ thawthikho
0 件のコメント:
コメントを投稿