Description Description Description Description Description Description Description Description Description Description ဒီမိုကရေစီ ရရှိရေးအတွက် ပူပေါင်းဆောင်ရွက်ကြဆို့  ကရင်တိုင်ရင်သား နှင့် မြန်မာနိုင်ငံသား တိုင်းရင်းသား သွေးချင်းတို့ 

2011/02/07

ဒီမိုကရေစီရေး မြှင့်တင် လုပ်ဆောင်ဖို့ ဂျပန်ဝန်ကြီး တိုက်တွန်း

ဂျပန် နိုင်ငံခြားရေးဝန်ကြီး Seiji Maehara

2011-02-05
အငြိမ်းစား ဗိုလ်ချုပ်ကြီး ဝန်ကြီးချုပ် ဦးသိန်းစိန်ကို နိုင်ငံတော် သမ္မတအဖြစ် ရွေးချယ်လိုက်တဲ့သတင်း ထွက်လာချိန် မှာ ဂျပန် နိုင်ငံခြားရေးဝန်ကြီး Seiji Maehara က မြန်မာ့ဒီမိုကရေစီရေး မြှင့်တင် ဆောင်ရွက်ပါလို့ တိုက်တွန်း လိုက်ပါတယ်။

သမ္မတ ဦးသိန်းစိန် ဦးဆောင်မှုအောက်က မြန်မာအစိုးရသစ်ဟာ မြန်မာနိုင်ငံကို ပိုမို ပွင့်လင်းပြီး ဒီမိုကရေစီ နည်းကျအောင် လုပ်ဆောင်သွားနိုင်မယ်လို့ မျှော်လင့်ကြောင်း ဂျပန် နိုင်ငံခြားရေးဝန်ကြီးက သူ့ရဲ့ ကြေညာချက်မှာ ဖော်ပြလိုက်တာပါ။

တချိန်တည်းမှာပဲ ဂျပန်နိုင်ငံနဲ့ ဆက်ဆံရေး အခုထက် ပိုမို အားကောင်းလာမယ်လို့ မျှော်လင့်ပြီး နိုင်ငံတကာ ဆက်ဆံရေးမှာလည်း ယေဘုယျအားဖြင့် ပိုအားကောင်းမယ်လို့ မျှော်လင့်တယ်လို့ ဆိုပါတယ်။

ဂျပန်နိုင်ငံဟာ တချို့ အင်အားကြီး အနောက်နိုင်ငံတွေလို မဟုတ်ဘဲ မြန်မာနိုင်ငံနဲ့ ဆက်လက် ကုန်သွယ်နေပြီး ဆက်လက်ပြောဆို ဆွေးနွေးတဲ့နိုင်ငံ ဖြစ်ပါတယ်။ အာဏာရ စစ်အစိုးရအပေါ် သဘောထား တင်းမာရင် နိုင်ငံရေးအရ အဓိက ထောက်ခံပြီး အဓိက ကုန်သွယ်ဘက် ဖြစ်တဲ့ မြန်မာ့အိမ်နီးချင်း တရုတ်နိုင်ငံနဲ့ မြန်မာနိုင်ငံ ပိုနီးစပ်အောင် တွန်းပို့နိုင်ဖွယ်ရှိတယ်လို့ ဂျပန်က သတိပေးပါတယ်။

ဒါပေမယ့် ဂျပန်နိုင်ငံဟာ မြန်မာနိုင်ငံကို လူမှုရေးနဲ့ အရေးပေါ် အကူအညီ ကလွဲလို့ စီးပွားရေး အကူအညီပေးတာကို ၂ဝဝ၃ ခုနှစ် ကတည်းက ဆိုင်းငံ့ထားပါတယ်။

0 件のコメント:

コメントを投稿