Description Description Description Description Description Description Description Description Description Description ဒီမိုကရေစီ ရရှိရေးအတွက် ပူပေါင်းဆောင်ရွက်ကြဆို့  ကရင်တိုင်ရင်သား နှင့် မြန်မာနိုင်ငံသား တိုင်းရင်းသား သွေးချင်းတို့ 

2011/02/10

ဦးခွန်ထွန်းဦးနှင့် နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေး တောင်းဆို ဆန္ဒပြပွဲ(တိုကျို)။


၂၀၁၁ ခုနှစ် ဖေဖေါ်ဝါရီလ (၉)ရက်။


ဦးခွန်ထွန်းဦး အပါအ၀င် တိုင်းရင်းသား ခေါင်းဆောင်များနှင့် မတရား ဖမ်းဆီးခံ နေရသော နိုင်ငံရေး အကျဉ်းသားများအားလုံး အမြန်ဆုံး လွတ်မြောက်စေရန် အတွက် တောင်းဆို ဆန္ဒပြပွဲ အခမ်းအနားကို Shibuya မြို့ နယ်ရှိ UNရုံးရှေ့ တွင် ဂျပန်နိုင်ငံရောက် တိုင်းရင်းသား အင်အားစု များတို့မှ ဦးစီး၍ မတရား ဖမ်းဆီးခံရသည့်နေ့ လစဉ် (၉)ရက်နေ့  ကျရောက်တိုင်း ညနေ ၃း၀၀ နာရီ မှ ၄း၀၀ နာရီ အထိ ကျင်းပ ပြုလုပ်ခဲ့ကြပါသည်။
၂၀၀၅ ခုနှစ် ဖေဖေါ်ဝါရီလ(၉)ရက်နေ့တွင် နအဖ အာဏာရှင်တို့မှ ဦးခွန်ထွန်းဦး အပါအ၀င် တိုင်းရင်းသား ခေါင်းဆောင် များတို့ကို နှစ်ရှည် ထောင်ဒဏ်ဖြင့် မတရား ဖမ်းဆီးထားသည်မှာ ယနေ့ဆိုလျှင် ( ၆ နှစ်)ပြည့်မြောက်သည့် နေ့ဖြစ်သည်။ ဦးခွန်ထွန်းဦးသည် ကချင်ပြည်နယ် ပူတာအိုထောင်တွင် ဆိုးရွားလှသည့် ရာသီဥတု ဒဏ်တွေကြောင့် လေးဘက်နာ ရောဂါအပြင် ဆီးကျိတ်ရောဂါပါ ခံစားနေရသည့်အပြင် ကျန်းမာရေး အခြေအနေ ဆိုးရွား နေကြောင်း ကြားသိ ရသည့်အတွက် ကျမ္မာစေဖို နှင့် အမြန်ဆုံး လွတ်မြောက်စေရန် အတွက် ကုလသမဂ္ဂ ရုံးရှေ့၌ ယခုလို တောင်းဆို ဆန္ဒပြပွဲ များ ကျင်းပ ပြုလုပ် ရခြင်းဖြစ်ပါသည်။
သတင်းမှတ်တမ်း ။ Mai Kyaw Oo
မှတ်တမ်းဓါတ်ပုံ ။ Moe Min Thu

0 件のコメント:

コメントを投稿