Description Description Description Description Description Description Description Description Description Description ဒီမိုကရေစီ ရရှိရေးအတွက် ပူပေါင်းဆောင်ရွက်ကြဆို့  ကရင်တိုင်ရင်သား နှင့် မြန်မာနိုင်ငံသား တိုင်းရင်းသား သွေးချင်းတို့ 

2011/06/24

ရှမ်းပြည် တပ်မတော်နဲ့ အစိုးရတပ်တို့ အပြန်အလှန်ဝိုင်းရံ

Photo by -DVB
June 23, 2011,

ရှမ်းပြည်နယ် တောင်ပိုင်း ကျေးသီး မြို့နယ်အတွင်း အခုလ ၂၁ ရက်နေ့က စတင်ဖြစ်ပွါးတဲ့ ရှမ်းပြည် တပ်မတော်နဲ့ မြန်မာ အစိုးရတပ်ကြား တိုက်ပွဲဟာ အခုအချိန်အထိ နှစ်ဖက် တင်းမာနေဆဲ ဖြစ်ပါတယ်။

ကျေးသီးမြို့နယ် ၀မ့်ဝပ်ကျေးရွာ အုပ်စု တာ့ဖာဆောင် တံတားနားမှာ ပြီးခဲ့တဲ့ အင်္ဂါနေ့ မနက်ပိုင်းက စဖြစ်ပွါးခဲ့တဲ့ တိုက်ပွဲဟာ ဒီကနေ့ မနက်အထိလည်း သေနတ်သံတွေ ထွက်နေဆဲ ဖြစ်ပါတယ်။ ရင်ဆိုင် တိုက်ပွဲမျိုး မဟုတ်ဘဲ တဘကနဲ့ တဘက် အပြန်အလှန် ၀ိုင်းရံထားတဲ့ ပုံစံ ဖြစ်နေတာပါ။

ရှမ်းပြည် တပ်မတော် တပ်မဟာ ၇၂၆ က ခြေကုတ်ယူထားတဲ့ တာ့ဖာဆောင် စခန်းကို မြန်မာအစိုးရ ခလရ ၁၄၇ က တပ်အင်အား ၇၀ လောက်က ၀ိုင်းထားတယ် ။ အဲဒီအစိုးရတပ်ကို ရှမ်းပြည် တပ်မတော် တပ်မဟာ ၃၆ အဖွဲ့က ပြန်ပြီး ၀ိုင်းထားတယ်လို့ ရှမ်းပြည် တပ်မတော် တပ်မှူးတဦးက ပြောပါတယ်။

နောက်ထပ် ရောက်လာတဲ့ ခလရ ၂၂၊ ၂၈၆ ၊ ခမရ ၅၀၄၊ ၃၂၅ စတဲ့ တပ်ရင်းတွေရော ရှမ်းပြည် တပ်မတော်က တပ်ရင်းတွေပါ မိုင်းရယ်၊ မိုင်းရှုး ၊ ကျေးသီး စတဲ့ မြို့နယ်တွေရဲ့ အစပ် မိုင်းတုန်၊ မိုင်းလား၊ မလန်း၊ ကိုင်ဖိုက်၊ နမ့်ပုတ် စတဲ့ရွာအနီးမှာ တနေရာစီ အပြန်အလှန် ဖြန့်နေရာ ယူထားကြပါတယ်။

ဒီလို အပြန်အလှန် ၀ိုင်းရံမှုတွေမှာ နောက်ထပ် ရင်ဆိုင်တိုက်ပွဲ မဖြစ်ပေမယ့် သေနတ်သံတွေတော့ ကြားနေရဆဲပဲလို့ ဒေသခံတွေ ပြောပါတယ်။ လက်ရှိ အပြန်အလှန် ၀ိုင်းရံမှု ဖြစ်တဲ့ဒေသမှာ လွင်ပြင်ကြီး ဖြစ်နေတာကြောင့် စစ်ရေးအရ တိုက်ပွဲဖြစ်ရင် ထွက်ပေါက် ပိတ်မိနေတဲ့ အခြေအနေ ဖြစ်နေတယ်လို့ လည်း အဲဒီတပ်မှူးက ပြောပါတယ်။

ဇွန်လ ၂၁ ရက် ၂၂ ရက်နေ့က ဖြစ်တဲ့ တိုက်ပွဲအတွင်း အစိုးရ တပ်ဘက်က ၃ ယောက်ကျပြီး ၇ ယောက် ဒဏ်ရာရခဲ့ပြီး ရှမ်းတပ်မတော်ဘက်က ၁ ယောက် ဒဏ်ရာရတယ်လို့ အဲဒီရှမ်းတပ်မှူးက ပြောပါတယ်။ ရှမ်းပြည် တပ်မတော် ဌာနချုပ်ရှိရာ ၀မ့်ဟိုင်းတ၀ိုက်မှာ ဒေသခံ ရွာသားတွေ တိုက်ပွဲဖြစ်မှာ စိုးရိမ်တာကြောင့် ထွက်ပြေး တိမ်ရှောင်နေတယ်လို့ လည်း ဆိုပါတယ်။ အဲဒီ ရွာသားတွေဟာ မိမိနီးစပ်ရာ ဆွေမျိုးတွေ ရှိရာ မိုင်းရှုးဘက်ကို ထွက်သွားကြသလို တချို့ကတော့ ထိုင်းနိုင်ငံဘက် ကူးလာတာတွေ ရှိတယ်လို့ ဒေသခံတွေ ပြောပါတယ်။

သတင်းရင်းဖြစ် - ဒီဗီဘီ

0 件のコメント:

コメントを投稿