Description Description Description Description Description Description Description Description Description Description ဒီမိုကရေစီ ရရှိရေးအတွက် ပူပေါင်းဆောင်ရွက်ကြဆို့  ကရင်တိုင်ရင်သား နှင့် မြန်မာနိုင်ငံသား တိုင်းရင်းသား သွေးချင်းတို့ 

2011/06/12

ကေအန်ယူ ဒီကေဘီအေ ပူးပေါင်းတပ်တွေနဲ့ ကြံ့ဖွံ့အစိုးရ စစ်တပ် လမ်းဖားရွာအနီးမှာ ရင်ဆိုင်ထား


ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ် အတွင်းက လမ်းဖါးရွာအနီးမှာ ကေအန်ယူ ဒီကေဘီအေ ပူးပေါင်း တပ်တွေနဲ့ ကျိုက်ဒုံဘက်ကို တက်လာတဲ့ တပ်မ ၂၂ လက်အောက်ခံ ခမရ ၂၀၂ တပ်တို့ ဇွန်လ ၁၀ ရက်နေ့ နေ့လည် ၁၁ နာရီခန့်မှာ ရင်ဆိုင် တိုက်ပွဲ ဖြစ်ပွား ခဲ့ပါတယ်။ ကြံ့ဖွံ့ အစိုးရ တပ်မှ အရာရှိတဦး အပါအဝင် ၄ ယောက်သေဆုံးပြီး ၂ ယောက် ဒဏ်ရာရတယ်လို့ သိရှိရပါတယ်။

ဒီကေဘီအေ ဗျူဟာ ၂ မှ ဗိုလ်မှူးကြီး စိန်မြင့် ဦးဆောင်တဲ့ တပ်ဖွဲ့တွေနဲ့ ကေအန်ယူ တပ်ရင်း ၁၈ တို့ ပူးပေါင်း တိုက်ခိုက်ကြတာ ဖြစ်ပြီး ယမန်နေ့ နေ့လည် ၁၁ နာရီခန့်မှ ၁၂ နာရီခန့်ထိ ၁ နာရီကြာ ဖြစ်ပွား ခဲ့ပါတယ်။ အခြေအနေဟာ ရင်ဆိုင် တိုက်ပွဲတခု ဖြစ်နေပြီး ညနေပိုင်း ၄ နာရီ လောက်မှာလည်း ထပ်မံ ဖြစ်ပွား ခဲ့ပါသေးတယ်။ ကြံ့ဖွံ့ စစ်တပ်ဘက်မှ ၄ ယောက်ကျ၊ ၂ ဦး ဒဏ်ရာရရှိတယ်လို့ သိရှိရပြီး အသေစိတ်ကိုတော့ မသိရှိရသေးပါ။ လမ်းဖါးရွာ အနီးမှာ ဒီနေ့ ဇွန်လ ၁၁ ရက်နေ့အထိ ၂ ဖက် တပ်တွေ ရင်ဆိုင် ထားတုန်းပဲလို့ ဒီကေဘီအေ ပြောရေး ဆိုခွင့်ရှိသူ ဗိုလ်ကော်ဒိုစိုး က အခုလို့ ဆက်သွယ် ပြောပြလာပါတယ် …

မနေ့ ကတည်းက ဖြစ်နေတာ ခုထိ ရင်ဆိုင်ထားတုန်းပဲ သူတို့ဘက်က လူနာတွေကို ပြန်ပို့ဖို့ စီစဉ် နေတယ်။ အနီးအနားရွာက စက်လှေတွေ၊ ထော်လာဂျီတွေ ချောဆွဲထားတယ်။ ကျနော်တို့ ဘက်က သူတို့ ပြန်ထွက်မယ့် လမ်းပေါက်တွေ အားလုံးကို ပိတ်ထားတယ်။

ပြီးခဲ့တဲ့ မေလ အတွင်းမှာ နယ်ခြားစောင့်ကို လက်မခံတဲ့ ဒီကေဘီအေ တပ်ဖွဲ့တွေနဲ့ ကေအန်ယူ တပ်ဖွဲ့တွေ ပူးပေါင်းကာ မြိုင်ကြီးငူ ဌာနချုပ်ကို သိမ်းပိုက် လိုက်ပြီးနောက် ကရင်ပြည်နယ် ကော့ကရိတ် မြဝတီ ကျိုက်ဒုံ မြို့နယ်တွေ အတွင်းမှာ ဒီကေဘီအေ ဘက်က စစ်ရေး လှုပ်ရှားမှု စည်းရုံးရေး လှုပ်ရှားမှုတွေ တိုးမြှင့် လာတာကို တွေ့မြင် နေရပါတယ်။

Copy from - naytthit.net

0 件のコメント:

コメントを投稿