Description Description Description Description Description Description Description Description Description Description ဒီမိုကရေစီ ရရှိရေးအတွက် ပူပေါင်းဆောင်ရွက်ကြဆို့  ကရင်တိုင်ရင်သား နှင့် မြန်မာနိုင်ငံသား တိုင်းရင်းသား သွေးချင်းတို့ 

2011/06/10

ဦးခွန်ထွန်းဦးနှင့် နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေး တောင်းဆို ဆန္ဒပြပွဲ(တိုကျို)။


၂၀၁၁ ခုနှစ် ဇွန်လ (၉)ရက်။



ဦးခွန်ထွန်းဦး အပါအ၀င် တိုင်းရင်းသား ခေါင်းဆောင်များနှင့် မတရား ဖမ်းဆီးခံ နေရသော နိုင်ငံရေး အကျဉ်းသားများအားလုံး အမြန်ဆုံး လွတ်မြောက်စေရန် အတွက် တောင်းဆို ဆန္ဒပြပွဲ အခမ်းအနားကို Shibuya မြို့ နယ်ရှိ UNရုံးရှေ့ တွင် ဂျပန်နိုင်ငံရောက် တိုင်းရင်းသား အင်အားစု များတို့မှ ဦးစီး၍ ယနေ့ ညနေ ၃း၀၀ နာရီ မှ ၄း၀၀ နာရီ အထိ ကျင်းပ ပြုလုပ်ခဲ့ကြပါသည်။

၂၀၀၅ ခုနှစ် ဖေဖေါ်ဝါရီလ(၉)ရက်နေ့တွင် နအဖ အာဏာရှင်တို့မှ ဦးခွန်ထွန်းဦး အပါအ၀င် တိုင်းရင်းသား ခေါင်းဆောင်များနှင့် သျှမ်းပြည်မျိုးဆက်သစ် ခေါင်းဆောင် များတို့အား နှစ်ရှည် ထောင်ဒဏ်ဖြင့် မတရား ဖမ်းဆီး ထားခဲ့သည်မှာ ယနေ့ဆိုလျှင် ( ၆ နှစ် ၄ လ)ပြည့်မြောက်သည့် နေ့ဖြစ်ပြီး ဝေးလံ ခေါင်သီသော နယ်စွန်နယ်ဖျား ထောင်များသို့ ပို့ဆောင်ခံရပြီး နောက်ပိုင်း တနှစ်ထက်တနှစ် ကျန်းမာရေး ဆိုးရွား လာသည်ဟု ကြားသိ ရသည့်အတွက် ကျမ္မာစေဖို နှင့် အမြန်ဆုံး လွတ်မြောက်စေရန် အတွက် ကုလသမဂ္ဂ ရုံးရှေ့၌ ယခုလို တောင်းဆို ဆန္ဒပြပွဲများ ကျင်းပ ပြုလုပ် ရခြင်းဖြစ်ပါသည်။

စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေးအတွက် ရှေ့တန်းတွင် ကိုယ်ကျိုးစွန့် တိုက်ပွဲဝင်နေကြသော SSA ရဲဘော်များအား ပံ့ပိုးသည့် အကူအညီ ငွေများတို့ကို လက်ခံသည့် အစီအစဉ်ပါ ပူးတွဲ ကျင်းပပြုလုပ်ပြီး တိုက်ပွဲဝင် ရဲဘော်များ ထံသို့ ဆက်လက် ပေးပို့သွားမည် ဖြစ်ပါသည်။ ယနေ့ ဆန္ဒပြပွဲတွင်  မြန်မာနိုင်ငံသားများ စုစုပေါင်း အင်အားစု ၈၀ ခန့် ပူးပေါင်း ပါဝင်ခဲ့ကြကြောင်း သိရှိရပါသည်။

သတင်းမှတ်တမ်း ။ Mai Kyaw Oo
မှတ်တမ်းဓါတ်ပုံ ။ Moe Min Thu

0 件のコメント:

コメントを投稿