Description Description Description Description Description Description Description Description Description Description ဒီမိုကရေစီ ရရှိရေးအတွက် ပူပေါင်းဆောင်ရွက်ကြဆို့  ကရင်တိုင်ရင်သား နှင့် မြန်မာနိုင်ငံသား တိုင်းရင်းသား သွေးချင်းတို့ 

2011/06/08

ကျေးရွာသားများကို စစ်တပ်ရှေ့ပြေး အကာကွယ်အဖြစ် အသုံးပြု

ဇွန်လ 07 ရက် 2011 ခုနှစ် ။


ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ် ဘုရားသုံးဆူဒေသတွင် မြန်မာစစ်တပ်နှင့် ကေအာန် ယူခေါ် ကရင် အမျိုးသား အစည်းအရုံးတို့အကြား တိုက်ပွဲဖြစ်ပွါးသည့်နေရာတွင် မြန်မာစစ်တပ် ကနေ ဒေသခံ ရွာသားများကိုရှေ့ပြေး ကျည်ကာအဖြစ် အသုံးပြုခဲ့သည်ဟု ဒေသခံများမှပြော ပါသည်။

ဇွန်လ (၅) ရက်နေ့တွင် ကေအဲန်ယူ တပ်ဖွဲ့နှင့် မြန်မာစစ်တပ်တို့ မြိုင်သာယာနှင့် သက်ကယ်ရွာ အကြားတွင် တစ်ကြိမ် မဲကသာရွာတွင် တစ်ကြိမ် စုစုပေါင်း တိုက်ပွဲ နှစ်ကြိမ် ဖြစ်ပွါးခဲ့သည်။ တိုက်ပွဲ အပြီးတွင် မြန်မာစစ်တပ်မှ ဒေသခံ ကျေးရွာသား များကို ကျည်ကာ လူသားဒိုင်းအဖြစ် အသုံးပြုခဲ့သည်ဟု အပလုံကျေးရွာ အုပ်ချုပ်ရေး ကော်မီတီ တစ်ဦးက ယခုလိုပြောပါသည်။

“မြိုင်သာယာရွာက ယောင်္ကျား မိန်းမအားလုံး(၁၀) ယောက်ခေါ်သွားတယ်။ အသက် အကြီးဆုံးက(၅၅)နှစ်၊ အသက်အငယ် ဆုံးက(၆)နှစ် ကျည်ကာ အဖြစ်နဲ့ အဲဒီလူတွေကို သုံးသွားတယ်။ ဒီစစ်ကြောင်းက  ပလုံရွာရောက် တော့ ရွာသား(၂၄)ယောက် ထပ်ပြီး တော့ခေါ်တယ်။ အဲဒီ(၂၄)ယောက်ထဲ မှာနော်လှလှဝင်း က တစ်နှစ်သား အရွယ်ခလေး တစ်ယောက်နဲ့ပေါ့။ ပြီးလို့ရှိရင် နော်မိုးဟွာ ဆိုတဲ့ အမျိုးသမီးလဲ ခလေးငယ် တစ်နှစ်သား တစ်ယောက် အဲတာပိုးပြီးတော့ ဒီစစ်ကြောင်း နောက်ကို မယ်ဇလီအထိ သွားလိုက်ပို့ ရတယ်။ အသက် (၆)နှစ် ခလေးနဲ့ အဲဒီအမျိုးသမီး အချို့တွေဟာ ကေအဲန်ယူဘက်က တိုက်ပွဲ မဖေါ်နိုင်အောင် စစ်ကြောင်းရဲ့အရှေ့ကို သွားပေးရတယ်။ အဲတာ ကျည်ကာအဖြစ်ပေါ့။”

ကေအဲန်ယူနှင့် မြန်မာ တပ်မတော်တို့ဖြစ်ပွါးခဲ့သည့် တိုက်ပွဲ နှစ်ခုစလုံးတွင် ကျေးရွာသားများ ထိခိုက်မှု ရှိခဲ့သည်ဟု အပလုံ ကျေးရွာ အုပ်ချုပ်ရေး ကော်မီတီဝင် တစ်ဦးက ယခုလို ဆက်ပြောပါသည်။

“ခလရ (၃၇၃) စစ်ကြောင်း (၁) စစ်ကြောင်း (၂) ပေါင်းပြီးတော့ သုံးဆူကနေ တောင်စွန်းကို ဆင်းတယ်။ အဲဒီဆင်းတဲ့ အချိန်မှာ ကေအဲန်ယူ တပ်ရင်း(၁၆) ပျောက်ကြားအဖွဲ့မှ မြိုင်သာယာနဲ့ သက်ကယ်ကြားမှာ တိုက်ပွဲ ဖေါ်တယ်။ မိုင်းခွဲတော့ အဲဒီခလရ(၃၇၃) ဗိုလ်ကြီး တစ်ဦး ကျဆုံးသွားတယ်။ တိုက်ပွဲ ပြီးတဲ့မကြာခင်မှာ ဒီစစ်ကြောင်းက မြိုင်သာယာရွာထိပ်ကိုရောက်တော့ လက်နက်ကြီးနဲ့ လက်နက်ငယ်ပစ်ခဲ့တယ်။ နော်မိုးမိုးအေး အသက် (၃၂) ဆိုတဲ့သူက ဘယ်ဘက် လက်မောင်း သေနတ်ဒဏ်ရာ ရသွားတယ်။ နဲနဲတော့ပြင်းထန်တယ် ပြီးတော့ တပ်ရင်း(၁၆)နှစ်ဖွဲ့ပေါင်းပြီးတော့  (၅၆၃)စစ်ကြောင်း(၁) စခမ်းကို ၀င်ပစ်တယ်။ အိမ်တစ်လုံးတော့ ပျက်သွားတယ်။ မဲကသာ ကျေးရွာ ဥက္ကဌ ဦးချစ်ရွှေ အိမ်ပျက်သွားတယ်။ ဆိုင်ကယ် တစ်စီးပျက်သွားတယ်။”



ဘုရားသုံးဆူဒေသအတွင်း၌ ဆက်တိုက် တိုက်ပွဲတွေ ဖြစ်ပွါး နေမှုကြောင့်ဒေသခံများ အနေနှင့် စိုးရိမ်ထိတ်လန့် နေသည့် အခြေအနေမှာ ရှိနေသည်ဟု ဒေသခံများမှ ပြောသည်။ ဇွန်လ(၅)ရက်နေ့ညနေပိုင်းတွင် အမည် မသိ မျက်နှာဖုန်းစွပ် လက်နက်ကိုင်အဖွဲ့မှ ဘုရားသုံးဆူမြို့ ထဲသို့ဝင်ရောက် ပစ်ခတ် ဗုံးခွဲခဲ့သဖြင့် ခလေးငယ် မိန်းခလေးတစ်ဦးနှင့် စစ်ဘက်ရေး ရာလုံခြုံရေးတပ်ဖွဲ့တပ်ကြပ်တစ်ဦး သေဆုံး ခဲ့ပြီးသုံးဦး ဒဏ်ရာ ရရှိခဲ့သည်။ ယခုအချိန်တွင် နယ်မြေ မတည်ငြိမ်မှုကြောင့် ဘုရားသုံးဆူမြို့၌ ဆိုင်တချို့ ပိတ်ထားရ သလို ကျာင်းသား ကျောင်းသူများ လည်း ကျောင်း မတက်ရဲသည့်အခြေနေ ရှိနေသည်ဟု မြို့ခံများမှ ပြောပါသည်။

ပြီးခဲ့သည့် (၂၀၁၀) ခုနှစ်နိုဝင်ဘာလတွင် နယ်ခြားစောင့် တပ်ဖွဲ့အသွင်ပြောင်းရန်ငြင်းဆန်ခဲ့သည့် ဗိုလ်မှူး စောအေ၀မ်း ဦးစီးသော ဒီကေဘီအေ တပ်ဖွဲ့သည် အစိုးရကနေ ကျင်းပသည့် ရွေးကောက်ပွဲကို ဆန့်ကျင်သည့် အနေနှင့် ဘုရားသုံးဆူမြို့ကို ၀င်ရောက် စီးနင်းတိုက်ခိုက်ခဲ့ပါသည်။

အဆိုပါ တိုက်ပွဲကြောင့် ဒေသခံပြည်သူ အများအပြား ထိုင်းနယ်စပ်ဘက်ကို ထွက်ပြေး တိမ်းရှောင်ခဲ့ရသည်။ ယခုလိုတိုက်ပွဲ များ ဖြစ်ပွါးနေမှုကြောင့် ဒေသခံပြည်သူများအနေနှင့် ဘ၀ အာမခံချက် လုံခြုံရေး ကင်းမဲ့ပြီး လူ့အခွင့်အရေး ချိုးဖေါက်မှုများ ဆက် လက် ရှိနေဦးမည်ဟု နယ်စပ် စစ်ရေး အကဲခတ်သူများက သုံးသပ်ပြော ဆိုထားပါသည်။

သတင်းရင်းမြစ် - ကောင်းဝါ သတင်းဌာန

0 件のコメント:

コメントを投稿