Description Description Description Description Description Description Description Description Description Description ဒီမိုကရေစီ ရရှိရေးအတွက် ပူပေါင်းဆောင်ရွက်ကြဆို့  ကရင်တိုင်ရင်သား နှင့် မြန်မာနိုင်ငံသား တိုင်းရင်းသား သွေးချင်းတို့ 

2011/06/16

ထူးချွန်ထက်မြက်တဲ့ သဘာဝအနုပညာရှင်ကြီး တစ်ယောက် ကမ္ဘာမြေကြီးကို စွန့်ခွာသွားပြီ

ရုပ်ရှင်သရုပ်ဆောင် အကယ်ဒမီဒေါ်နွဲ့နွဲ့မူသည် ၂၀၁၁ ခုနှစ်၊ မေလမှစ၍ ကျန်းမာရေးချို့ယွင်း လာပြီး ရန်ကုန်အထွေထွေရောဂါကု ဆေးရုံသစ်ကြီး (ဂျပန်ဆေးရုံကြီး)၌ တတ်ရောက်ဆေးကုသမှု ခံယူနေစဉ် ၂၀၁၁ ခုနှစ်၊ ဇွန်လ (၁၃) ရက်နေ့ နံနက် (၅း၅၀) နာရီတွင် ခေါ်တော်မူခြင်းခံခဲ့ရသည်။ ရုပ်ရှင်သရုပ်ဆောင် အကယ်ဒမီဒေါ်နွဲ့နွဲ့မူသည် ရုပ်ရှင်ဇာတ်ကားပေါင်း (၁၀၀) ကျော်နှင့် ဗီဒီယို ဇာတ်ကားပေါင်းများစွာတို့ကို ထူးချွန်ထက်မြက်သော အနုပညာစွမ်းအား၊ အနုပညာပါဝါတို့ဖြင့် ရိုက်ကူးသရုပ်ဆောင်ခဲ့သော အစားထိုး၍ မရနိုင်သော အနုပညာရှင်စစ်စစ် တစ်ဦးဖြစ်သည်။

မြန်မာ့ရုပ်ရှင်လောကမှ အနားယူသွားပြီဖြစ်သော နာရေးကူညီမှုအသင်း(ရန်ကုန်) ဥက္ကဋ္ဌ ဦးကျော်သူကိုယ်တိုင်သွားရောက်၍ ဈာပနပို့ဆောင်ခြင်းကို ပြုလုပ်ခဲ့ရာ စမ်းချောင်းမြို့နယ်ရှိ ချင်းနှစ်ခြင်းခရစ်ယာန်အသင်းတော်တွင် မဆုံတွေ့ရသည်မှာ ကြာပြီဖြစ်သော ရုပ်ရှင်ပညာရှင်ကြီးများ ဖြစ်သော ဒေါ်မြင့်မြင့်ခင်၊ ဒေါ်ချိုပြုံး၊ ဦးထွန်းထွန်းဝင်း၊ ဦးအောင်လွင်၊ ကိုမြညွှန့်၊ ကိုလူချောအဖွဲ့သား များ၊ ခရစ်ယာန်ဘာသာဝင် ဘုန်းတော်ကြီးများနှင့် ခရစ်ယာန်ဘာသာဝင် ပြည်သူလူထုတို့မှလည်း ၀မ်းသာအားရ ကျေးဇူးတင်စွာဖြင့် နှုတ်ခွန်းဆက်ခဲ့ကြသည်။

လူမျိုးဘာသာ ဆင်းရဲချမ်းသာမရွေးတို့၏ နာရေးကိစ္စများကို ဖေးမကုသိုလ်ဖြစ် သင်္ဂြိုလ်ပေး နေသော နာရေးကူညီမှုအသင်း(ရန်ကုန်) အသင်းသားများသည် ၁၅.၆.၂၀၁၁ နံနက် (၁၀း၀၀) နာရီ အချိန်တွင် ရုပ်ရှင်သရုပ်ဆောင် အကယ်ဒမီဒေါ်နွဲ့နွဲ့မူ (ခ) ဒေါ်မြသန်းနွဲ့ အသက် (၆၁) နှစ်၏ ရုပ် အလောင်းအား ဂျပန်ဆေးရုံကြီးမှ သယ်ဆောင်ကာ စမ်းချောင်းမြို့နယ်ရှိ ချင်းနှစ်ခြင်းခရစ်ယာန် အသင်းတော်သို့ ပို့ဆောင်၍ ခရစ်ယာန်ဘာသာ ထုံးထမ်းအစဉ်အလာအရ ဈာပန၀တ်ပြု ကိုးကွယ်ခြင်း အစီအစဉ်ကို (၁၁း၀၀) နာရီအချိန်တွင် ကျင်းပခဲ့ပြီးနောက် ရေဝေးခရစ်ယာန် ဂိုဏ်းပေါင်းစုံသုဿန်သို့ ပို့ဆောင် ဂူသွင်းသင်္ဂြိုလ်ပေးခဲ့သည်။
 
ဓါတ်ပုံ လင့် ပေးပို့ လာသော Ko Richard ကို အထူးကျေးဇူးတင်ရှိပါသည်။

0 件のコメント:

コメントを投稿