Description Description Description Description Description Description Description Description Description Description ဒီမိုကရေစီ ရရှိရေးအတွက် ပူပေါင်းဆောင်ရွက်ကြဆို့  ကရင်တိုင်ရင်သား နှင့် မြန်မာနိုင်ငံသား တိုင်းရင်းသား သွေးချင်းတို့ 

2011/06/16

ကော့ကရိတ်နဲ့ လှိုင်းဘွဲမြို့နယ်တွေထဲက တိုက်ပွဲ ၂ ပွဲ


ကရင်ပြည်နယ် ကော့ကရိတ်မြို့ ရန်ကုတ် ကျေးရွာအနီးမှာ ဒီကေဘီအေ စစ်ဗျူဟာ (၂) ဗိုလ်မှူး ကြီး ကျော်သက် ဦးစီးတဲ့ တပ်ဖွဲ့တွေက ကြံ့ဖွတ်အစိုးရ တပ်တို့ ဒီကနေ့ ဇွန်လ ၁၅ ရက် ညနေ ၃ နာရီခွဲမှ ၅ နာရီထိ ဝင်ရောက် တိုက်ခိုက် ခဲ့တယ်လို့ သိရှိရပါတယ်။ ဒီကေဘီအေ ဘက်က ထိခိုက်မှု မရှိဆိုတာ သိရှိရပြီး ကြံ့ဖွတ် အစိုးရ စစ်တပ်ဘက်မှ ထိခိုက်မှု အခြေအနေကို မသိရှိရသေးပါ။

အလားတူး ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ်ထဲက ပိန်းနွယ်ကုန်းရွာ အနီးမှာ ဒီကနေ့ ဇွန်လ ၁၅ ရက်နေ့မှာပဲ မနက် ၈ နာရီမှ ၉ နာရီခန့်အထိ ဒီကေဘီအေ ကေအန်ယူ ပူးပေါင်း တပ်ဖွဲ့တွေနဲ့ နဖူး စခန်းထိုင်တပ် ကြံ့ဖွတ် အစိုးရ စစ်တပ် အင်အား တချို့နဲ့ တိုက်ပွဲတပွဲ ဖြစ်ပွား ခဲ့ပါသေးတယ်။ ဒီပွဲမှာ ကြံ့ဖွတ် စစ်တပ်ဘက်မှ ၄ ယောက် သေဆုံးခဲ့တယ်လို့ ဒီကေဘီအေ သတင်းရပ်ကွက် ပြောပြချက်အရ သိရှိရပါတယ်။

Copy from - naytthit.net

0 件のコメント:

コメントを投稿