Description Description Description Description Description Description Description Description Description Description ဒီမိုကရေစီ ရရှိရေးအတွက် ပူပေါင်းဆောင်ရွက်ကြဆို့  ကရင်တိုင်ရင်သား နှင့် မြန်မာနိုင်ငံသား တိုင်းရင်းသား သွေးချင်းတို့ 

2012/01/29

မတရားလာဘ်စားလွန်းသော ကရင်ပြည်နယ် ၀န်ကြီးချုပ် ဦးဇော်မင်း တိုင်ကြားစာ(အပိုင်း-၁)

မတရားလာဘ်စားလွန်းသော ကရင်ပြည်နယ် ၀န်ကြီးချုပ် ဦးဇော်မင်း တိုင်ကြားစာ(အပိုင်း-၁)
ကရင်ပြည်နယ် ဝန်ကြီးချုပ်ဦးဇော်မင်းနှင့် ဇနီး
 January 28, 2012  
ကရင်ပြည်နယ်ကို လွန်ခဲ့သော နအဖလက်က (၄)နှစ်ကျော် အုပ်ချုပ်ခဲ့သော နအဖ၏ ရတခ ဒုတိယ တိုင်းမှူး ဗိုလ်မှူးချုပ်ဇော်မင်း ဟာ ယခုကြံ့ဖွတ် အစိုးရ လက်ထက်တွင် ရွေးကောက်ပွဲပါဝင် ယှဉ်ပြိုင် အနိုင်ရလာသော အမတ်မဟုတ်သလို တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ်များမှ ရွေးချယ်ထားသူလည်း မဟုတ်ပါ။ ဘားအံမြို့ပေါ်မှာ နေထိုင်တဲ့ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ဇနီး ဒေါ်ကြိုင်ကြိုင်ရဲ့ ဆွေတော် မျိုးတော်ကို ကြည့်ရှု စောင့်ရှောက် ဖားယားနေတဲ့ ကျေးဇူးကြောင့် ဒေါ်ကြိုင်ကြိုင် အနေဖြင့် ဒီကောင်လေး မဆိုးပါဘူး ဆိုလို့ ကရင်ပြည်နယ် ၀န်ကြီးချုပ်ဖြစ်လာ ရတယ်လို့ တပ်မတော် အသိုင်းအ၀ိုင်းမှ သိရပါတယ်။ ဗိုလ်မှူးချုပ်ဇော်မင်းသည် ရတခ ဒုတိုင်းမှူး ဘ၀မှာတည်းက အောက်ခြေ တပ်မတော်သားတွေ နိုင်ထက်စီးနင်း ပြုလုပ်ခဲ့တယ်။ ရာထူး တက်မယ်ဆိုရင် ဘယ်သူကို ဖားရမယ်၊ ဘယ်သူကို ချောက်ချ ရမယ်ဆိုတာ တွေနဲ့ သူရာထူးကို အရယူရသူလို့ တပ်မတော် အငြိမ်းစား တစ်ဦးက ပြောဆိုခဲ့ပါတယ်။ အရပ်ဖက် ရောက်တော့လည်း နအဖ (ပယက) ဥက္ကဌ လက်ထက်မှာပင် အောက်ခြေ အရပ်သား ၀န်ထမ်းတွေကို ပါးရိုက်၊ စောင့်ကန်၊ မအေနှမ ဆိုပြီးဆဲဆို ခဲ့တယ်။
အစည်းအဝေး ခန်းမမှာပင် အစည်းအဝေး လုပ်နေတုန်း သူမကျေနပ်သော ၀န်ထမ်းများကို ထပြီး ပါးရိုက်ခြင်း၊ ဆဲဆိုခြင်း၊ ရေနွေးကြမ်း ဖန်ခွက်နှင့် ကောက်ပေါက်ခြင်းများ ပြုလုပ်ခဲ့သည်မှာ များပြားလွန်းလို့ ကြားရသည်မှာ နားမဆန့် နိုင်တော့ပါ။ ပြည်နယ်ရုံးမှာ ရှိတဲ့စာရေး ၀န်ထမ်းတွေက ပြည်နယ်ဝန်ကြီးချုပ် ရုံးခန်းက ခဏခဏ ရေနွေးဖန်ခွက် ၀ယ်ရတယ်။ ခဏခဏ ကွဲတယ်နော်။ ၀န်ကြီးချုပ် ရေနွေး ဘယ်လို သောက်လည်း မသိဘူးလို့ ရီစရာဟာသ စကားများကို ကြားရပါတယ်။ ၀န်ကြီးချုပ် လုပ်ပြီး သူများမကောင်းကြောင်း အလွန် ပြောတတ်တဲ့ အကျင့်ရှိပါတယ်။ ကရင်ပြည်နယ်မှာ တာဝန် ထမ်းဆောင်နေတဲ့ ၀န်ထမ်းတွေကတော့ ချီးလို ရွံကြောက် နေရပါတယ်။
ကရင်ပြည်နယ် ငြိမ်းချမ်းရေး ဆွေးနွေးမှု အခက်ခဲမှာလည်း သူ့ကြောင့် တိုက်ပွဲများ ဖြစ်ခဲ့ရသလို သူ့ကြောင့်လည်း ဆွေးနွေးပွဲ ကြံ့ကြာခဲ့ရပါတယ်။ အခုရရှိနေတဲ့ ငြိမ်းချမ်းရေး ဆိုတာ ကလည်း ၀န်ကြီးချုပ် ဦးဇော်မင်း ကြောင့် မကြာမီ ပျက်ဆီးသွားနိုင်ပါတယ်။ KNU , KNLA , DKBA နှင့် မွန် အစရှိသည့် အဖွဲ့
အစည်းတွေကလည်း သူ့ကိုသဘော မကျကြဘူး။ သူ့ကို သဘောကျတာ နယ်ခြားစောင့်တပ် ဖြစ်သွားတဲ့ ဗိုလ်မှူး စောချစ်သူ (ယခင် ဒီကေဘီအေ ၉၉၉ တပ်မှူး ) တစ်ယောက်သာ ဖြစ်ပါတယ်။ ဗိုလ်စောချစ်သူ ဟာ လက်နက် အားကိုးနဲ့ ကရင်ပြည်နယ်က သဘာဝ တွင်းထွက်များ၊ ကျွန်းသစ်များကို တစ်ဖက် ထိုင်းနိုင်ငံကို တင်ပို့ ရောင်းချတယ်။ တဖက်နိုင်ငံမှ တရားမ၀င်ကားများ၊ အခွန်လွတ် စက်သုံးဆီများ တင်သွင်း ပို့ဆောင်ခြင်းကို ကရင်ပြည်နယ် ၀န်ကြီးချုပ်က လာဘ်ငွေ တိတ်တဆိတ်ယူပြီး လုပ်ကိုင် ဆောင်ရွက် နေပါတယ်။ ဗိုလ်စောချစ်သူ လာတယ်ဆိုတာနဲ့ အစည်းအဝေး လုပ်နေရင်ကနေတောင် ချက်ချင်းထ ကြိုဆို နေရပါတယ်။ ဒါအပြင် မြ၀တီမြို့မှာရှိတဲ့ မြေဧက တော်တော်များများကို လန(၃၉) ဈေးကြီးကြီးဖြင့် လက်သိတ်ထိုး လပ်ယူကာ မိမိ ကိုယ်ကျိုးအတွက် လုပ်ကိုင် နေပါတယ်။ မြန်မာ နန်းမြေကွက် အချို့ကိုလည်း ၎င်း၏ညီ ဖြစ်သူနံမည်နဲ့ အကွက်များလည်း ရယူထားပါတယ်။
ကရင်ပြည်နယ် လှိုင်းဘွဲ့တွင် စက်မှုဇုန် ထူထောင်ရေးတွင် ကမ်းလှမ်းလာလို့ ၀င်ရောက် ရင်းနှီးမြှုပ်နှံ မြန်မာလူမျိုး(ထိုင်းနိုင်ငံ နေထိုင်သူ)များကို ဦးဇော်မင်းက ခင်ဗျားတို့ ထိုင်းလီးကို ကောင်းကောင်း စုတ်နေတဲ့ ကောင်တွေဆိုပြီး မိုက်ရိုင်းစွာ ပြောဆို ဆက်ဆံပါတယ်။ ယခုလည်း ထိုင်းဘက်မှ လျှပ်စစ် ဓာတ်အား လုပ်ငန်းကို ဘားအံမြို့နှင့် မော်လမြိုင် နေထိုင်သူ ငွေမိုးဟော်တယ်၊ ဟော်တယ်ဇွဲကပင် ပိုင်ရှင် နှင့် ပူးပေါင်းရှယ်ယာ ပြုလုပ်ကာ လျှပ်စစ်ဓာတ်အား လုပ်ငန်းကို အာဏာနှင့် အတင်းရယူ လုပ်ကိုင်ခွင့် ရရှိ သွားပါတယ်။ မြ၀တီမှာ နေထိုင်တဲ့ ပြည်သူတွေ လုပ်ကိုင်ခွင့် မရကြပါဘူး။ ကရင်ပြည်နယ် ၀န်ကြီးချုပ်သည် တနင်္သာရီတိုင်း ၀န်ကြီးချုပ် ဦးခင်ဇော်နှင့် ပင်ကိုယ် စရိုက်ချင်း အတူတူဖြစ်ပါတယ်။ ကရင်ပြည်နယ်အတွင်း မဖွံ့ဖြိုးသေးတဲ့ မြို့များနဲ့ ကျေးရွာများကို လုံခြုံရေး အကြောင်းပြကာ သွားလာကြည့်ရှု အထောက်အကူပေးချင်းမရှိပဲ နယ်စပ် မြ၀တီမြို့ကို ၄င်းတို့ အကျိုး ရရှိရေးအတွက် မကြာခဏ လာလို့ ၀န်ထမ်းများလည်း စိတ်ညစ် နေကြရပါတယ်။ မြ၀တီမြို့ကို ၀န်ကြီးချုပ်က ဓာတ်ကျ အလွန်ကျနေပါတယ်။ မြ၀တီမှာ နေထိုင်တဲ့ ပြည်သူလူထုဟာ စီးပွားရေး မကောင်းလို့ လုပ်ကိုင် စားသောက်ရတာ အခက်အခဲရှိတဲ့ ကြားကပင် “သူကြီးဘုရား ရွာသားကောင်းမှု “ ဆိုသလို စွယ်တော်ပွား စေတီဘုရားကို နိုင်ငံတော်ဘုရား အမည်တတ်ကာ ပြည်သူလူထုထံမှ မတရား အလှူငွေ ကောက်ခံ နေပါတယ်။ ဘုန်းကြီးတွေကိုပင် အတင်းတရားပွဲ လုပ်ခိုင်းကာ တရားဟောခိုင်းပြီး ရလာတဲ့ အလှူငွေကို ဘုရားအတွက် ရှာခိုင်းပါတယ်။ သူတို့ကိုယ်တိုင်တော့ အလှူငွေ တစ်ပြားတစ်ချပ် ထည့်ဝင်ခြင်းမရှိပါဘူး။
ပြည်နယ်ဝန်ကြီးချုပ်ဦးဇော်မင်းက မတရားကြိတ်ပုန်း လပ်စား နေတာဖြစ်တဲ့အတွက်ကြောင့် ပြည်နယ် ၀န်ကြီးအ ချို့ဟာ ဌာနဆိုင်ရာတွေအပေါ် ဖြစ်ညှစ်ပြီး အမှီးရအမှီး၊ ခေါင်းရခေါင်း လုပ်ကိုင် စားသောက်နေသော ပြည်နယ် ၀န်ကြီးများကို မပြောရဲ မဆိုရဲပဲ မသိချင်ရောင်ဆောင် နေရသော ဘ၀ကို ရောက်နေရပါတယ်။ ယခုလည်း ကော့ကရိတ်-မြ၀တီ ကားလမ်းအသစ် ဖောက်လုပ်တော့မှာ ဖြစ်တဲ့အတွက် လမ်းဘေးဝဲယာ မြေကွက်များ လန(၃၉)ချပေးဖို့အတွက် အဆီတ၀င်းဝင်းနဲ့ က တွင်းနေပြီး ဖြစ်ပါတယ်။ ဒီလို အဂတိ လိုက်စားလွန်းလို့ ကရင်ပြည်နယ် အစိုးရတစ်ဖွဲ့လုံးကို ကြည်ညိုခြင်း မရှိသလို လေးစားခြင်းလည်း မရှိကြပါ။ ဘာမှ ကောင်းအောင် လုပ်မပေးနိုင်တဲ့ အစိုးရလို့  အသိအမှတ် ပြုကြပါတယ်။ ငပေါ အစိုးရလို့တောင် ပြောနေကြပါတယ်။
ဒါကြောင့် ကရင်ပြည်နယ်မှာ ပြည်သူလူထုက ရွေးကောက်တင်မြှောက်ထားတဲ့ လွှတ်တော်အမတ်များနှင့် ပြည်နယ်ဝန်ကြီးများတို့မှ ပြည်နယ်ဝန်ကြီးချုပ်ရဲ့ မတရားကြိတ်ပုန်းခုတ်လပ်စားနေတာကို လေ့လာ စောင့်ကြည့်ကာ နိုင်ငံတော်သမ္မတကြီးနဲ့တကွ ပြည်ထောင်စု အစိုးရသိရှိအောင် ဖော်ထုတ်တိုင်ကြားနိုင်ရန် တင်ပြတောင်းဆိုပါတယ်။
-------------------------------------------------------------------------------------------------------
(နောက်ဆက်တွဲ ဖော်ပြပါမည်)။ စောဖိုးခွါး
Copy from - demowaiyan

0 件のコメント:

コメントを投稿