Description Description Description Description Description Description Description Description Description Description ဒီမိုကရေစီ ရရှိရေးအတွက် ပူပေါင်းဆောင်ရွက်ကြဆို့  ကရင်တိုင်ရင်သား နှင့် မြန်မာနိုင်ငံသား တိုင်းရင်းသား သွေးချင်းတို့ 

2012/01/14

ဗိုလ်ချုပ်ကြီးဟောင်း -ဦးခင်ညွှန့်နှင့် သတင်းထောက်များ တွေ့ဆုံခြင်း

ဗိုလ်ချုပ်ကြီးဟောင်း -ဦးခင်ညွှန့်နှင့် သတင်းထောက်များ တွေ့ဆုံခြင်း
ဝင့်သင်ဇာကျော် (ရွှေမြစ်မခ)
by Myit Makha Mediagroup on 13 Jan, 2012



ဇန်န၀ါရီလ ၁၃ရက်နေ့ မနက် ၇နာရီ ၀န်းကျင်တွင် မရမ်းကုန်းမြို့နယ် န၀ဒေးလမ်းရှိ အမှတ် ၂၇ တိုက်တွင် နေအိမ်အကျယ်ချုပ်ကျခံနေသော ဦးခင်ညွှန့်ကို လွတ်ငြိမ်းချမ်းသာခွင့် ပြုလိုက် ကြောင်းသိရှိရသည်။
ပြည်တွင်းပြည်ပ သတင်းထောက်အချို့မှာ ဦးခင်ညွှန့်နှင့် တွေ့ဆုံမေးမြန်းခွင့်ရရန် စောင့်ဆိုင်း နေမှုများမှာလည်း အယောက် ၂၀ ၀န်းကျင်ခန့်ရှိသည်။
မနက် ၁၁နာရီခွဲခန့်အချိန်တွင် ဦးခင်ညွန့်သည် နေအိမ်ခြံတံခါးကို ဖွင့်ကာ မီဒီယာများနှင့် တွေ့ဆုံပြီး မီဒီယာများ၏ မေးမြန်းချက်များ စုစည်းတင်ပြအပ်ပါသည်။
မီဒီယာများ၏ အမေး။    နိုင်ငံတော်အစိုးရကနေ လွတ်ငြိမ်းချမ်းသာခွင့် ပြုပေးလိုက်တဲ့အပေါ် အဘနေနဲ့ ဘယ်လိုမြင်ပါသလဲ။
ဦးခင်ညွန့်၏ အဖြေ။    
မိသားစုတွေလဲပျော်တယ် သို့သော်ငြားလဲ ကျန်တဲ့တပည့်တွေ ရှိသေးတယ်ကွဲ့ မလွတ်သေးတဲ့ တပည့်တွေပေါ့  အားလုံးမိသားစုတွေနဲ့ ဆုံကြတဲ့အချိန်က ပိုကောင်းတာပေါ့ ကိုယ်တို့ချည်းပဲ လွတ်မြောက်လာတယ်ဆိုတာ တစ်ကိုယ်ကောင်းဆန်တယ်လို့ ဒီလိုတော့ စိတ်ထဲမှ ဖြစ်မိတယ်။
မီဒီယာများ၏ အမေး။    လက်ရှိအစိုးရနဲ့ ဒေါ်အောင်ဆန်းစုကြည်တွေ့ဆုံမှုတွေအပေါ်မှာ ဘယ်လိုမြင်ပါသလဲ။
ဦးခင်ညွှန့်၏အဖြေ။      လက်ရှိအစိုးရကလဲ တစ်ဆင့်ပြီးတစ်ဆင့် ဆောင်ရွက်နေတယ်ဆိုတော့ အချိန်ကာလ တစ်ခုမှာတော့ လွတ်လိမ့်မယ်လို့ ထင်ပါတယ် လက်ရှိအစိုးရ ကောင်းတယ်လေ ဒေါ်အောင်ဆန်းစုကြည်နဲ့လဲ တွေ့ပြီးပြီ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကျိုးပမ်းဆောင်ရွက်မှုတွေ လက်ရှိသမ္မတကြီးရဲ့ ကျိုးပမ်းဆောင်ရွက်မှုတွေ နှစ်ဦးစလုံးရဲ့ ဆောင်ရွက်ချက်တွေဟာ တိုင်းပြည်အတွက် ကောင်းတယ်လို့ မြင်ပါတယ်။
မီဒီယာများ၏ အမေး။    ဒေါ်အောင်ဆန်းစုကြည် ကြားဖြတ်ရွေးကောက်ပွဲဝင်မယ့်အပေါ်မှာရော ဘယ်လိုမြင်ပါသလဲ အဘ။
ဦးခင်ညွှန့်၏ အဖြေ။     ဒေါ်အောင်ဆန်းစုကြည်သူအခု ရွေးကောက်ပွဲဝင်လုပ်မယ်လေ ၀င်ပြီးတော့ လွှတ်တော်ထဲရောက်မယ် သိပ်ကောင်းတာပေါ့ လွှတ်တော်ထဲမှာ ဒေါ်အောင်ဆန်းစုကြည်လို ပြောရဲဆိုရဲ ပြောတတ်ဆိုတတ်လူ နောင်အနာဂတ်မှာ တကယ်အကျိုးရှိမဲ့ ပုဂ္ဂိုလ်ပါတော့ သိပ်ကောင်းပါတယ် ထောက်ခံတယ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ လုပ်ကိုင်ပုံကို ထောက်ခံပါတယ် ။
မီဒီယာများ၏ အမေး။    အစိုးရသစ် အပေါ်မှာရော ဘယ်လိုမြင်ပါသလဲ။
ဦးခင်ညွှန့်၏ အဖြေ။     တိုင်းပြည်အနာဂတ်အတွက်တော့ ကောင်းမယ်လို့ အဘကထင်တာပဲ လက်ရှိအစိုးရကလဲ ယခင်စစ်အစိုးရမဟုတ်တော့ဘူးလေ ဒီမိုကရေစီအစိုးရဆိုတော့ ဒီမိုကရေစီကျင်းစဉ်နဲ့ သွားတော့မှာကိုး အဲ့တော့ ပြည်သူတွေကလဲ ဒီမိုကရေစီကျင့်စဉ်နဲ့ ဒီမိုကရေစီလုပ်ရပ်တွေ အားပေးနေတယ်။
မီဒီယာများ၏ အမေး။    အဘအနေနဲ့ နိုင်ငံရေးလုပ်ဖို့ အစီအစဉ်ရှိပါသလား။
ဦးခင်ညွန့်၏အဖြေ။      အဘအေးအေးဆေးဆေးနေအုံးမယ် ဘာမှလုပ်ဖို့ မစဉ်းစားသေးဘူး တိုင်းပြည်အတွက်ငြိမ်းချမ်းရေးလဲ ရစေချင်တယ် ငြိမ်းချမ်းရေးပါစေလို့ဘဲ အခုလဲလုပ်နေကိုင်နေကြတာ အောင်မြင်ကြပါစေလို့ဆုတောင်းပေးတယ်။ ခေါင်းဆောင်တွေငြိမ်းချမ်းရေးကိုလုပ်နေကြပြီလေ လူငယ်တွေ အောင်မြင်ပါစေလို့ ဆုတောင်းတယ်။
မီဒီယာများ၏ အမေး။    အစိုးရနဲ့ KNUတို့ မနေ့က လက်မှတ်ထိုးလိုက်ကြပြီ အဲ့အပေါ်မှာရော အဘအနေနဲ့ ဘယ်လိုမြင်ပါသလဲ။         
ဦးခင်ညွှန့်၏ အဖြေ။     အရမ်းဝမ်းသာတယ်။
မီဒီယာများ၏ အမေး။    အဘအနေနဲ့ ပြည်သူတွေကို ပြောချင်တဲ့စကားကို ပြောပေးပါအုံး။
ဦးခင်ညွှန့်၏ အဖြေ။     မီဒီယာကိုအားကိုးတယ် မီဒီယာကနေတစ်ဆင့် ပြောမယ် တိုင်းပြည်အတွက် ပြောသင့်ပြောထိုက်တာတွေကို ပြောမယ် ပြည်သူတွေအတွက် ကောင်းတဲ့ဦးတည်ချက်ကို မရောက်ပဲနဲ့ မကောင်းတဲ့ဦးတည်ချက်ကို ရောက်နေတယ်ဆိုရင် အစိုးရပဲဖြစ်ပါစေ ပုဂ္ဂလိကပဲဖြစ်ပါစေ တခြားအဖွဲ့အစည်းကပဲဖြစ်ပါစေ နိုင်ငံတကာကပဲ ဖြစ်ပါစေ အဘက မီဒီယာကနေတစ်ဆင့် ပြောမယ် ။

1 件のコメント: