Description Description Description Description Description Description Description Description Description Description ဒီမိုကရေစီ ရရှိရေးအတွက် ပူပေါင်းဆောင်ရွက်ကြဆို့  ကရင်တိုင်ရင်သား နှင့် မြန်မာနိုင်ငံသား တိုင်းရင်းသား သွေးချင်းတို့ 

2012/01/09

ဖားကန့် လမ်းပိုင်း တိုက်ပွဲများကြောင့်ဒေသခံများ ထွက်ပြေးတိမ်းရှောင်

 
Source ( Jinghpaw Kasa)  and Jade Land (Facebook)
ဇန်န၀ါရီ (၈)၊ တနင်္ဂနွေ
ဖားကန့်ဒေသ လမ်းပိုင်းသို့ မြန်မာအစိုးရ စစ်တပ်များ အင်အား အလုံးအရင်း ထပ်မံ ဖြည့်တင်း နေသည့်အပြင် နေ့စဉ်ရက်ဆက် တိုက်ပွဲများ ဖြစ်ပွားနေသောကြောင့် တိုက်ပွဲများ ပိုမိုပြင်းထန်လာမည်ကို  စိုးရိမ်ကြောက်လန့်ကာ ဒေသခံများ ဘေးလွတ်ရာသို့  ထွက်ပြေး တိမ်းရှောင်နေကြရပါသည်။
နှစ်ဖက်တိုက်ပွဲ ဖြစ်ပွားနေရာ ဖားကန့် ကားလမ်းပိုင်း နန့်ယားကျေးရွာနှင့် လုံးခင်ကျေးရွာ ကြားရှိ ပျားအုံ ၊ ကျောက်ဖျာ ၊ ၅ မိုင်ကုန်း စသည့် ကျေးရွာများမှ ရွာသူရွာသားများသည် ယခုအခါ လုံးခင်းကျေးရွာ ပါတ်ဝန်းကျင်ရှိ ဘုရားရှိခိုးကျောင်းများတွင် ၀င်ရောက်တိမ်းရှောင် ခိုလှုံလျက်ရှိကြောင်း သိရသည်။ ယင်းကဲ့သို့နေရပ်စွန့် ထွက်ပြေးတိမ်းရှောင်ခိုလှုံလျက်ရှိရာတွင်-

(၁) မော်စီဇာ အသင်းတော် ဘုရားရှိခိုးကျောင်းတွင် ခိုလှုံရောက်ရှိနေသူပေါင်း ( ၁၂၈)ယောက်
(၂) မော်စီဇာ ဘုန်းကြီးကျောင်းတွင် ရောက်ရှိခိုလှုံနေသူပေါင်း အယောက် ( ၃၀၁) ဦး
(၃) လုံးခင်း အသင်းတော် ဘုရားကျောင်းတွင် ရောက်ရှိခိုလှုံနေသူ ( ၂၈၁)ဦး
(၄) ရှအစ်ယန်ကျေးရွာတွင် ရောက်ရှိခိုလှုံနေသူပေါင်း (၁၇၀)ဦး
လက်ရှိ အားလုံး စုစုပေါင်း အယောက်(၈၈၀)ဦး ခန့် ရှိနေပြီဖြစ်ပြီး နေ့စဉ် ထပ်မံ ထွက်ပြေး တိမ်းရှောင်သူများ ရှိနေဆဲ ဖြစ်ကြောင်းသိရသည်။
တိုက်ပွဲများကြောင့် ကချင် စစ်ပြေးဒုက္ခသည် စုစုပေါင်း ၅သောင်းကျော် အိုးအိမ်စွန့် ခွာကာ ထွက်ပြေး တိမ်းရှောင်နေကြရသည်။
Copy from - moemaka.com

0 件のコメント:

コメントを投稿