Description Description Description Description Description Description Description Description Description Description ဒီမိုကရေစီ ရရှိရေးအတွက် ပူပေါင်းဆောင်ရွက်ကြဆို့  ကရင်တိုင်ရင်သား နှင့် မြန်မာနိုင်ငံသား တိုင်းရင်းသား သွေးချင်းတို့ 

2012/01/30

ကရင်အမျိုးသားတော်လှန်ရေးနေ့  ဂုဏ်ပြုသီချင်း 

၆၃နှစ်မြောက် ကရင်အမျိုးသား တော်လှန်ရေးနေ့  နှင့် ၆၅ နှစ်မြောက် ကရင်အမျိုးသား အစည်းအရုံးနေ့  အခမ်းအနား ကို(ဂျပန်နိုင်ငံ တိုကျို ) တွင် ကျင်းပပြီးစီ
2012-01-29

မှတ်တမ်းဓါတ်ပုံ။     ။KNU-Japan
ဂျပန် သတင်းဌာနများမှ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ထားဝယ်မြို့ ခရီးစဉ် ရုပ်သံ သတင်း

 

  

 Copy from Japan Media

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ထားဝယ်ခရီးစဉ် ပြောကြားခဲ့တဲ့ မိန့်ခွန်းကောက်နှုတ်ချက်များ... (သတင်း၊ ဓာတ်ပုံ)

မကြာမီ ရက်ပိုင်းအတွင်းက နိုင်ငံတကာ ထိပ်တန်း ခေါင်းဆောင်များနှင့် သူ(မ)၏ အင်းလျားကန်စောင်းရှိ အိမ်ဂေဟာတွင် တွေ့ဆုံခဲ့သော ဒေါ်အောင်ဆန်းစုကြည်သည် ဇန်နဝါရီ ၂၉ ရက်နေ့တွင် တောင်တန်း တစ်ဝက်၊ ပင်လယ်တစ်ဝက် အကြား၊ ရော်ဘာတောများ အကြား၊ ဆီအုန်းတောများ အကြားတွင် ပြည်သူလူထုနှင့် တွေ့ဆုံနေပြီ ဖြစ်သည်။
ဒေါ်အောင်ဆန်းစုကြည်၏ ထားဝယ် ခရီးစဉ်အတွင်း ဒေသခံ သိန်းချီ ကြိုဆိုခဲ့သည်။ ချစ်ရမည့်သူ ငတ်နေသော လူထုအတွက် ၁၉၈၈ နောက်ပိုင်း အကြီးမားဆုံး လူထု စုစည်းမှု ဖြစ်နိုင်ကြောင်း ဒေသခံတို့က ဆိုကြသည်။ အချို့က မျက်ရည်လည်သည်။ မချိတင်ကဲ ရေရွတ်သည်။ ထားဝယ်၊ လောင်းလုံ၊ မောင်းမကန် လမ်းတလျှောက် ဒေါ်အောင်ဆန်းစုကြည်မိန့်ခြွေခဲ့သော ပြောစကား ကောက်နှုတ်ချက်များကို ကောက်နှုတ် ဖော်ပြအပ်ပါသည်။
" ထားဝယ်သူ၊ ထားဝယ်သားတွေက တိုင်းရင်းသားတွေရဲ့ ခံစားမှုကို ပိုနားလည်နိုင်မှာပါ "
(နံနက် ၈ နာရီခွဲခန့်၊ ထားဝယ်NLD ရုံး)
" ပြည်သူလူထုကို ပေးထားတဲ့ ကတိအတိုင်း မလုပ်နိုင်တဲ့ ကိုယ်စားလှယ်ကို နောက်တစ်ခါ မဲမပေးနဲ့။ ကျွန်မတို့ NLD က လည်း ထပ်ပြီး ခွင့်ပြုမှာ မဟုတ်ဘူး "



" NLD ဟာ ဆင်းရဲတဲ့ ဒဏ်ကို ခံနိုင်တယ် ဆိုတာ အားလုံးသိပြီး ဖြစ်တယ်။ ချမ်းသာတဲ့ ဒဏ်ကို ခံနိုင်သလား မခံနိုင်ဘူးလား သိချင်ရင်တော့ မဲထည့်လိုက်ပါ "



" တနင်္သာရီက ပြည်သူတွေရဲ့ သတ္တိ ပြောင်မြောက်တဲ့ အားပေး ထောက်ခံမှုကို ကြည့်ပြီး တခြားနေရာတွေ ကလည်း ထောက်ခံကြမယ် "



" ကျွန်မတို့ဟာ မှော်ဆရာလည်း မဟုတ်တော့ အုံဖွ အားလုံးဖြစ်စေ ဆိုပြီး မလုပ်နိုင်ပါဘူး။ ကတိပေးနိုင်တာ တစ်ခုတော့ ရှိပါတယ်။ ကျွန်မတို့ဟာ ပြည်သူတွေကို ဘယ်တော့မှ ညာမှာ မဟုတ်ဘူး "



" ကျွန်မတို့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချူပ်ကို ပြည်သူက မထောက်ခံခဲ့ရင် အခု အမျိုးသား ဒီမိုကရေစီ အဖွဲ့ချူပ် ဆိုတာ ရှိတော့မှာ မဟုတ်ဘူး "



" ကျွန်မတို့ လုပ်နိုင်တာ ရှိရင် လုပ်နိုင်တယ်လို့ ပြောမယ်။ မလုပ်နိုင်တာ ရှိရင် မလုပ်နိုင်ဘူးလို့ ပြောမယ်။ လုပ်သင့် လုပ်ထိုက်တဲ့ ကိစ္စဆိုရင် ဖြစ်အောင်ကို လုပ်ရမှာပဲ "



" ပြည်သူတွေဟာ နိုင်ငံရေး ပါတီတွေကို မဲထည့်ရုံ ထောက်ခံရုံနဲ့ မပြီးပါဘူး။ ထိန်းထားနိုင်ဖို့လည်း လိုတယ် "
အစိုးရတိုင်းကို ပြည်သူတွေက ထိန်းထားနိုင်မှ တကယ့် ဒီမိုကရေစီ ရပြီလို့ ကျွန်မတို့ ပြောနိုင်မှာပါ "
(ညနေ လေးနာရီခန့်၊ ဘေဘီစတိုး၊ ဗိုလ်ချုပ်လမ်း)
" ပထမဦးဆုံး စည်းရုံးရေးခရီး တနင်္သာရီကို ဆင်းတာ မှန်သွားပြီ "
" ပြည်သူ့အသံကို နားထောင်ရမယ်။ နားထောင်ရုံ နဲ့လည်း မပြီးဘူး။ လုပ်ချင်တဲ့ ဆန္ဒ ရှိရမယ်။ ဆန္ဒရှိရုံနဲ့လည်း မပြီးသေးဘူး ။ လုပ်နိုင်ကိုင်နိုင်တဲ့ အရည်အချင်း ရှိရမယ် "
" တနင်္သာရီ ဒေသဟာ သဘာဝ အလှတွေနဲ့ အရမ်းကို ပြည့်စုံနေတဲ့ နေရာပါ။ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးက ကောင်းပါတယ်။ ဒါပေမယ့် သဘာဝ ပတ်ဝန်းကျင်နဲ့ စီးပွားရေး ဖွံ့ဖြိုးမှုကို ဟန်ချက်ညီအောင် လုပ်ရမယ် "
(နေ့လည် သုံးနာရီခန့်၊ မောင်းမကန် ကမ်းခြေ)
သတင်းရင်းမြစ်..
by The Voice Weekly

- ဟန်ထက် ပေးပို့သည်
လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ထားဝယ်ခရီးစဉ် မြင်ကွင်းများ...
 ထားဝယ်လေဆိပ်မှ အထွက်... ကြိုဆိုသူ ပရိသတ်များ..
 ရေဖြူ မြို့မှ ပြည်သူလူထု မြင်ကွင်းများ..
တအိမ်တယောက် မတက်မနေရလည်း မပြောဆိုရပါ..။ နေရာမရမှာစိုးလို့ အစောကြီးကတည်းက လာစောင့်နေကြတဲ့ အမေစုအား မေတ္တာပေးမယ့် လူထုပရိသတ်များ...
မယ်ဝယ်သားဂူလောင်း အမေစုကို ရှစ်တယ်...

ထားဝယ်သားပြည်သူများအား လေးစားဂုဏ်ယူပါသည်...။

နေခြည်မှာ ရွှေရည်လောင်း အမေစုနဲ့ ထားဝယ်ပြည်သူအပေါင်း...
ဓာတ်ပုံ ... Reuters,Getty Images
Copy from - demowaiyan

2012/01/29


ခိုင်မာသည့် ငြိမ်းချမ်းရေး တည်ဆောက်ရန် ကြိုးပမ်းမည်ဟု KNU ကပြော

Written by သတင်းနှင့်မီဒီယာ ကွန်ယက်။ ဇော်ကြီး။ ဇန္န၀ါရီလ ၂၇ ရက်၊ ၂၀၁၂ ခုနှစ်။

အပစ်အခတ်ရပ်စဲရေးနှင့် ပတ်သက်၍ အစိုးရနှင့် ကရင်အမျိုးသား အစည်းအရုံး KNU နှစ်ဖက် ကိုယ်စားလှယ် အဖွဲ့တို့ ထပ်မံတွေ့ဆုံရန် ရှိပြီး ခိုင်မာသည့် ငြိမ်းချမ်းရေး တည်ဆောက်နိုင်ရန် ကြိုးပမ်းသွားမည်ဟု KNU ကပြောသည်။

၂၀၁၂ ခုနှစ် ဇန္န၀ါရီလ (၂၃) ရက်နေ့မှ (၂၅) ရက်နေ့အထိ ကရင်ပြည်နယ် ဒေသတနေရာတွင် ကျင်းပပြုလုပ်ခဲ့သည့် KNU ဒုတိယ အကြိမ် အရေးပေါ် ဗဟိုကော်မတီ အစည်းအဝေးမှ အထက်ပါ ဆုံးဖြတ်ချက် ချမှတ်ခဲ့သည်ဟု KNU အဖွဲ့က ယမန်နေ့ ရက်စွဲဖြင့် ကြေညာချက် တစောင် ထုတ်ပြန်ခဲ့သည်။

ယင်းကိစ္စနှင့် ပတ်သက်၍ အစိုးရနှင့် KNU နှစ်ဖက်ကိုယ်စားလှယ် အဖွဲ့တို့ ဇန္န၀ါရီလ (၁၂) ရက် နေ့က ဘားအံမြို့ တွေ့ဆုံပွဲ၌ ပဏာမအဆင့် အချက် (၁၁) ချက်ကို မူအားဖြင့် သဘာတူ လက်မှတ်ရေးထိုး ခဲ့သော်လည်း ခိုင်မာမှု မရှိသေးကြောင်း KNU ဒု-ဥက္ကဌ စောဒေးဗစ် သာကပေါ် က အခုလို ပြောသည်။

“အခုဟာက အပစ်အခတ်ရပ်စဲရေး မခိုင်မာသေးဘူး။ အပစ်အခတ်ရပ်စဲရေးအတွက် ခြေလှမ်း တလှမ်းဘဲ ရှိသေးတယ်။ လက်မှတ်ထိုးတယ်ဆိုတာက အပစ်ရပ်မယ် ဆိုတဲ့ သဘော မဟုတ်သေး ဘူး။ အပစ်ရပ်ဖို့ သဘောတူတယ်ဆိုတဲ့ အဆင့်လောက်ပဲ ရှိသေးတယ်။ အဲဒီတော့ ခိုင်မာအောင် အများကြီး ဆွေးနွေးရဦးမယ်။”

မတရားလာဘ်စားလွန်းသော ကရင်ပြည်နယ် ၀န်ကြီးချုပ် ဦးဇော်မင်း တိုင်ကြားစာ(အပိုင်း-၁)

မတရားလာဘ်စားလွန်းသော ကရင်ပြည်နယ် ၀န်ကြီးချုပ် ဦးဇော်မင်း တိုင်ကြားစာ(အပိုင်း-၁)
ကရင်ပြည်နယ် ဝန်ကြီးချုပ်ဦးဇော်မင်းနှင့် ဇနီး
 January 28, 2012  
ကရင်ပြည်နယ်ကို လွန်ခဲ့သော နအဖလက်က (၄)နှစ်ကျော် အုပ်ချုပ်ခဲ့သော နအဖ၏ ရတခ ဒုတိယ တိုင်းမှူး ဗိုလ်မှူးချုပ်ဇော်မင်း ဟာ ယခုကြံ့ဖွတ် အစိုးရ လက်ထက်တွင် ရွေးကောက်ပွဲပါဝင် ယှဉ်ပြိုင် အနိုင်ရလာသော အမတ်မဟုတ်သလို တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ်များမှ ရွေးချယ်ထားသူလည်း မဟုတ်ပါ။ ဘားအံမြို့ပေါ်မှာ နေထိုင်တဲ့ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ဇနီး ဒေါ်ကြိုင်ကြိုင်ရဲ့ ဆွေတော် မျိုးတော်ကို ကြည့်ရှု စောင့်ရှောက် ဖားယားနေတဲ့ ကျေးဇူးကြောင့် ဒေါ်ကြိုင်ကြိုင် အနေဖြင့် ဒီကောင်လေး မဆိုးပါဘူး ဆိုလို့ ကရင်ပြည်နယ် ၀န်ကြီးချုပ်ဖြစ်လာ ရတယ်လို့ တပ်မတော် အသိုင်းအ၀ိုင်းမှ သိရပါတယ်။ ဗိုလ်မှူးချုပ်ဇော်မင်းသည် ရတခ ဒုတိုင်းမှူး ဘ၀မှာတည်းက အောက်ခြေ တပ်မတော်သားတွေ နိုင်ထက်စီးနင်း ပြုလုပ်ခဲ့တယ်။ ရာထူး တက်မယ်ဆိုရင် ဘယ်သူကို ဖားရမယ်၊ ဘယ်သူကို ချောက်ချ ရမယ်ဆိုတာ တွေနဲ့ သူရာထူးကို အရယူရသူလို့ တပ်မတော် အငြိမ်းစား တစ်ဦးက ပြောဆိုခဲ့ပါတယ်။ အရပ်ဖက် ရောက်တော့လည်း နအဖ (ပယက) ဥက္ကဌ လက်ထက်မှာပင် အောက်ခြေ အရပ်သား ၀န်ထမ်းတွေကို ပါးရိုက်၊ စောင့်ကန်၊ မအေနှမ ဆိုပြီးဆဲဆို ခဲ့တယ်။
အစည်းအဝေး ခန်းမမှာပင် အစည်းအဝေး လုပ်နေတုန်း သူမကျေနပ်သော ၀န်ထမ်းများကို ထပြီး ပါးရိုက်ခြင်း၊ ဆဲဆိုခြင်း၊ ရေနွေးကြမ်း ဖန်ခွက်နှင့် ကောက်ပေါက်ခြင်းများ ပြုလုပ်ခဲ့သည်မှာ များပြားလွန်းလို့ ကြားရသည်မှာ နားမဆန့် နိုင်တော့ပါ။ ပြည်နယ်ရုံးမှာ ရှိတဲ့စာရေး ၀န်ထမ်းတွေက ပြည်နယ်ဝန်ကြီးချုပ် ရုံးခန်းက ခဏခဏ ရေနွေးဖန်ခွက် ၀ယ်ရတယ်။ ခဏခဏ ကွဲတယ်နော်။ ၀န်ကြီးချုပ် ရေနွေး ဘယ်လို သောက်လည်း မသိဘူးလို့ ရီစရာဟာသ စကားများကို ကြားရပါတယ်။ ၀န်ကြီးချုပ် လုပ်ပြီး သူများမကောင်းကြောင်း အလွန် ပြောတတ်တဲ့ အကျင့်ရှိပါတယ်။ ကရင်ပြည်နယ်မှာ တာဝန် ထမ်းဆောင်နေတဲ့ ၀န်ထမ်းတွေကတော့ ချီးလို ရွံကြောက် နေရပါတယ်။

2012/01/28

မတရား​အသင်း​ဥပ​ဒေ ဖျက်သိမ်း​ရန် ​တောင်း​ဆို

January 27, 2012
မြန်မာ အစိုး​ရအဆက်ဆက် ကျင့်​သုံး​ခဲ့​တဲ့​ မတရား​အသင်း​ အက်ဥပ​ဒေဟာ ပြည်တွင်း ​ငြိမ်း​ချမ်း​ရေး​နဲ့​ အမျိုး​သား​ ပြန်လည်သင့်​မြတ်​ရေး​ကို အတား​အဆီး​ ဖြစ်​နေတဲ့​တွက် ဖျက်သိမ်း​ပေး​ဖို့​ မတရား​အသင်း​ ​ကြေညာ ခံထား​ရတဲ့​ အဖွဲ အစည်း​တွေက ​တောင်း​ဆိုလိုက်ပါတယ်။
ရဲဘော် ဖိုးသံချောင်း
၁၉၅၃ ခုနှစ် ကတည်း​က အခုချိန်ထိ မတရား​သင်း​ ​ကြေညာခံထား​ရတဲ့​ ဗမာပြည် ကွန်မြူနစ်ပါတီရဲ့​ ​ပြော​ရေး​ဆိုခွင့်​ရှိသူ ရဲ​ဘော် ဖိုး​သံ​ချောင်း​က​တော့​ မြန်မာပြည်သူ​တွေကို ​ခေတ်အဆက်ဆက် ဖိနှိပ်ရာမှာ အသုံး​ပြုခဲ့​တဲ့​ ဒီဥပ​ဒေကို ဖျက်သိမ်း​ချိန် တန်​နေပြီလို့​ ပြောပါတယ်။
“နှစ်​ပေါင်း​များ​စွာ မြန်မာပြည်သူ​တွေရဲ့​ နိုင်ငံ​ရေး​ ယူဆမှု​တွေကို နှိပ်စက်ခဲ့​တဲ့​ ဥပ​ဒေ တရပ်ဟာ ယ​နေ့​အချိန်ခါမှာ မရှိသင့်​တော့​ဘူး​လို့​ မြင်လို့​ အခုလို တင်ပြတာပါ။ အများ​ဆုံး​ ထိခိုက်တာက နံပါတ်တစ် လယ်သမား​တွေပါ။ ​ကျေး​လက်​ ဒေသ လက်နက်ကိုင်​ ဒေသမှာ ရှိတဲ့​ လယ်သမား​တွေကို ဒီဟာက နှိပ်စက်တယ်။ ​မြေ​ပေါ်မှာ လှုပ်ရှား​တဲ့​ အစိုး​ရနဲ့​ မတူတဲ့​ လူ​တွေအ​ပေါ်မှာ အချိန်မ​ရွေး​ ဒါမျိုး​တပ်ပြီး​တော့​ နှိပ်စက်တာပါ။ အခုအခါမှာဆိုရင် အဲဒီပုဒ်မနဲ့​ပဲ နှစ်​တွေ အများ​ကြီး​ ​ထောင်ကျ​နေရတဲ့​ နိုင်ငံ​ရေး​အကျဉ်း​သား​တွေ အများ​ကြီး​ ရှိ​နေပါ​သေး​တယ်။”
၁၉၀၈ ခုနှစ် မတရား​သင်း​ အက်ဥပ​ဒေဟာ ကိုလိုနီ နယ်ချဲ့​အင်္ဂလိပ်​တွေက လက်နက်ကိုင် ပုန်ကန်တဲ့​ မြန်မာပြည်က တိုင်း​ရင်း​သား​ လူမျိုး​ပေါင်း​စုံကို နှိမ်နင်း​ဖို့​ ရည်ရွယ်ပြီး​ ပြဋ္ဌာန်း​ထား​တဲ့​ ဥပ​ဒေဖြစ်ပါတယ်။ ဒီဥပ​ဒေကို အ​ကြောင်း​ပြုပြီး​ မတရား​အသင်း​ ​ကြေညာခံထား​ရတဲ့​ အဖွဲ့​တွေနဲ့​ ဆက်နွှယ်​နေသူ​တွေကို အစိုး​ရက ဖမ်း​ဆီး​ထောင်ချ အပြစ်​ပေး​လေ့​ရှိတာပါ။
ဦးမျိုး
၂၀၀၉ ခုနှစ် ဧပြီလမှာ မတရား​အသင်း​ ​ကြေညာ ခံထား​ရတဲ့​ မြန်မာနိုင်ငံ ​ရှေ့​နေများ​ ​ကောင်စီ (ဘီအယ်လ်စီ) ရဲ့​ ဥပ​ဒေ​ ရေး​ရာ သုံး​သပ်​ရေး​ ဌာနတာဝန်ခံ ဦး​မျိုး​က အခုလို ​ပြောပါတယ်။
“လွတ်လပ်​ရေး​ ရပြီး​သား​ နိုင်ငံတနိုင်ငံမှာ ဒီဥပ​ဒေမျိုး​ မရှိသင့်​တော့​ဘူး​ဗျ။ ဒါ​ပေမယ့်​ သက်ဆိုင်ရာ အစိုး​ရ​တွေက ဒီဥပ​ဒေကို ကိုင်ပြီး​တော့​ သူတို့​ကို နိုင်ငံ​ရေး​အရ အန်တုတဲ့​ အတိုက်အခံ အင်အား​စု​တွေကို ဒါနဲ့​ပဲ ဆွဲ ဆွဲသွင်း​ နေတာပဲ​လေ။ ဒီ​နေ့​ထိ တိုင်​အောင်​ပေါ့​ဗျာ။ အဲ​တော့​ ကျ​နော်တို့​ မြန်မာနိုင်ငံ ​ရှေ့​နေများ​ကောင်စီ ဆိုတာလည်း ဥပ​ဒေ လုပ်ငန်း​တခုပဲ လုပ်တာပါ။ ဥပ​ဒေလုပ်ငန်း​ လုပ်တယ်ဆိုတာလည်း​ ကိုယ့်​နိုင်ငံ ​ကောင်း​ဖို့​ အတွက် ကျ​နော်တို့​ လုပ်တာ ဖြစ်တယ်။ တရား​ဥပ​ဒေ စိုး​မိုး​ဖို့​အတွက် ကျ​နော်တို့​ လုပ်​နေတာဖြစ်တယ်။ သန့်​သန့်​စင်စင်​လေး​ ရုန်း​ကန် လှုပ်ရှား​နေတဲ့​ ဒီမိုက​ရေစီ အဖွဲ့​အစည်း​ တခုကိုမှ မတရား​အသင်း​ လာ​ကြေညာတယ် ဆိုတာဟာ ​တော်​တော့​ကို လွန်လွန်း​ပါတယ်။”
အလား​တူ မတရား​သင်း​ စွပ်စွဲခံထား​ရတဲ့​ လက်နက်ကိုင် အဖွဲ့​အစည်း​ တခုဖြစ်တဲ့​ မြန်မာနိုင်ငံလုံး​ဆိုင်ရာ ​ကျောင်း​သား​များ​ ဒီမိုကရက်တစ်တပ်ဦး​ ​အေဘီအက်စ်ဒီအက်ဖ် ဒု-ဥက္ကဋ္ဌ ကိုမျိုး​ဝင်း​က​တော့​ စစ်မှန်တဲ့​ငြိမ်း​ချမ်း​ရေး​ ဒိမိုက​ရေစီ​ ဖော်​ဆောင်ဖို့​ မြန်မာအစိုး​ရအ​နေနဲ့​ မတရား​သင်း​ ဥပ​ဒေ အပါအဝင် မတရား​တဲ့​ ဥပ​ဒေ အား​လုံး​ကို ဖျက်သိမ်း​ သင့်​ပြီလို့​ ​ပြောပါတယ်။
ကိုမျိုးဝင်း
“ယ​နေ့​ကာလ ဒီမိုက​ရေစီ အသွင်ကူး​ပြောင်း​မှုမှာ တိုင်း​ပြည်နဲ့​ ပြည်သူအကျိုး​အတွက် တကယ်​ရှေး​ရှုမယ်ဆိုရင် အင်အား​စုအား​လုံး​ပါဝင်နိုင်တဲ့​ နိုင်ငံ​ရေး​အခင်း​အကျင်း​ ဖန်တီး​ဖို့​လိုတယ်။ ပြည်တွင်း​စစ်ဆိုတာ မရှိရဘူး​။ ပြည်တွင်း​ ငြိမ်း​ချမ်း​ရေး​ ​ဖော်​ဆောင်ရမယ်။ နိုင်ငံ​ရေး​အရ ​တွေ့​ဆုံ​ဆွေး​နွေး​မှု​တွေ လိုတယ်။ နိုင်ငံ​ရေး​ အကျဉ်း​သား​တွေ လွှတ်​ပေး​ဖို့​လိုတယ်။ ဒါ​ကြောင့်​မို့​ ခုနက ဥပ​ဒေ တခုတည်း​တင် မဟုတ်ပါဘူး​။ တိုင်း​ပြည်မှာ ရှိ​နေတဲ့​ ပုဒ်မ ၅ (ည) လို ဥပ​ဒေမျိုး​၊​ အီလက်ထ​ရောနစ် ဥပ​ဒေ၊​ အများ​ကြီး​ပဲ ညှိနှိုင်း​ဆွေး​နွေး​ ဖျက်သိမ်း​ရမှာပဲ။”
မြန်မာနိုင်ငံမှာ မတရား​သင်း​ ​ကြေညာခံထား​ရတဲ့​ အဖွဲ့​အစည်း​ပေါင်း​ အနည်း​ဆုံး​ ၁၃ ဖွဲ့​ ​လောက်ရှိပြီး​ ၁၉၆၂ခုနှစ် မတိုင်ခင်ကတည်း​က မတရား​သင်း​ ​ကြေညာခံထား​ရတဲ့​ အဖွဲ့​အစည်း​တွေထဲမှာ ဗမာပြည် ကွန်မြူနစ်ပါတီ အလံနီကွန်မြူနစ်ပါတီ၊​ ပြည်သူ့​ ရဲ​ဘော်အဖွဲ့​ ​ကေအန်ဒီအိုစတဲ့​ အဖွဲ့​အစည်း​ ၆ ဖွဲ့​လောက် ရှိပါတယ်။
၁၉၈၈ ​နောက်ပိုင်း​မှာ​တော့​ ကရင်အမျိုး​သား​အစည်း​အရုံး​၊​ ရှမ်း​ပြည်တပ်မ​တော်၊​ မြန်မာနိုင်ငံလုံး​ဆိုင်ရာ ​ကျောင်း​သား​များ​ဒီမိုကရက်တစ်တပ်ဦး​၊​ ပြည်​ထောင်စုမြန်မာနိုင်ငံ အမျိုး​သား​ညွန့်​ပေါင်း​အစိုး​ရ၊​ မြန်မာနိုင်ငံ အလုပ်သမား​သမဂ္ဂများ​ အဖွဲ့​ချုပ် စတဲ့​အဖွဲ့​တွေနဲ့​ ​နောက်ဆုံး​ ​ကြေညာခံထား​ ရတာက​တော့​ မြန်မာနိုင်ငံ​ရှေ့​နေများ​ကောင်စီတို့​ ဖြစ်ပါတယ်။
သတင်းရင်း - ဒီဗွီဘီ

၈၈ ခေါင်းဆောင်တချို့ ရွေးကောက်ပွဲ မျှတရေး ဒေါ်စုနဲ့ဆွေးနွေး

 
 
 သောကြာ, 27 ဇန်နဝါရီ 2012 By မသင်းသီရိ

မြန်မာနိုင်ငံမှာ မကြာခင်လပိုင်းတွေတွင်း ကျင်းပဖို့ရှိတဲ့ ကြားဖြတ် ရွေးကောက်ပွဲကိစ္စနဲ့အတူ အကျဉ်းထောင်တွေတွင်းမှာ ကျန်နေသေးတဲ့ နိုင်ငံရေးအကျဉ်းသားတွေ အမြန် လွတ်မြောက်လာရေး ကိစ္စတွေကို ဒီကနေ့မှာ မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်တွေ ဆွေးနွေးခဲ့ကြပါတယ်။ ပြုပြင်ပြောင်းလဲရေးလမ်းပေါ် ရောက်နေပြီဖြစ်တဲ့ မြန်မာ့နိုင်ငံရေးကို ရဲရဲတင်းတင်း ဆက်လျှောက်နိုင်ဖို့နဲ့ လူထုရဲ့ ဆန္ဒသဘောထား အစစ်အမှန်ကို ဖော်ထုတ်နိုင်မယ့် ကြားဖြတ် ရွေးကောက်ပွဲဖြစ်ရေးတွေမှာ အပြည့်အ၀ ရပ်တည်သွားမယ်လို့လည်း ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင်တွေက ပြောပါတယ်။ ဒီအကြောင်း အပြည့်စုံကိုတော့ မသင်းသီရိက တင်ပြထားပါတယ်။
ဒီကနေ့ ဇန်န၀ါရီ ၂၇ ရက်၊ သောကြာနေ့ ညနေက မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ ၈၈ မျိုးဆက် ကျောင်းသားတချို့ တွေ့ဆုံပြီး မြန်မာ့အရေး ဆွေးနွေးခဲ့ကြတာပါ။ ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင်တွေထဲက  ကိုကိုကြီး၊ ကိုဌေးကြွယ်နဲ့ ကိုမြအေးတို့ ၃ ဦးဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ နေအိမ်မှာ ၂ နာရီကျော်ကြာ တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။ ဒီလိုဆွေးနွေးကြတဲ့ အထဲမှာ ကြားဖြတ် ရွေးကောက်ပွဲကိစ္စ၊ နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်ရေး ကိစ္စတွေကို ဆွေးနွေးခဲ့ကြတယ်လို့ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုကိုကြီးက ပြောပါတယ်။
ဒေါ်အောင်ဆန်းစုကြည် နဲ့ ၂၀၁၂ World Economic Forum ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဗီဒီယို မိန့်ခွန်း ကမ္ဘာ့စီးပွားရေး နှစ်ပတ်လည် ညီလာခံ (World Economic Forum) ဆွစ်ဇာလန်နိုင်ငံ ဒါဗို့စ်မြို့ ဇန်န၀ါရီ ၂၆၊ ၂၀၁၂ 

Copy from - irrawaddyblog

2012/01/27

ပဒိုမန်းငြိမ်းမောင်ကို အင်းစိန်တရားရုံးထုတ်

January 26, 2012

အင်းစိန်ထောင်မှာ အကျဉ်းကျခံနေရတဲ့ ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ) ဗဟိုကော်မတီဝင် ပဒိုမန်းငြိမ်းမောင်ကို ဒီကနေ့ အင်းစိန်ထောင် အထူး တရားရုံးကနေ ရုံးထုတ်စစ်ဆေးတယ်လို့ သိရပါတယ်။

ပဒိုမန်းငြိမ်းမောင်ကို လူဝင်မှုကြီးကြပ်ရေးအက်ဥပဒေနဲ့ တရားစွဲ ထောင်ဒဏ် ချမှတ်ခံထားရတာ ရက်ပြည့်သွားပြီ ဖြစ်ပေမယ့် ကေအန်ယူရဲ့ ဗဟိုကော်မတီတဦး ဖြစ်တဲ့အတွက် မတရားအသင်းမှာ ပါဝင်မှု ပုဒ်မ ၁၇ (၁)၊ နိုင်ငံတော်ပုန်ကန်မှု ၁၂၂-၁ နဲ့ တရားဆက်လက် စွဲဆိုထားပြီး ဒီကနေ့ အင်းစိန်ထောင် အထူးတရားရုံးမှာ စစ်ဆေးကြားနာတယ်လို့ သူ့ရဲ့ ဥပဒေ အကျိုးဆောင် ဦးကြီးမြင့်က ပြောပါတယ်။

အမှု ကြားနာစဉ်မှာ ပဒိုမန်းငြိမ်းမောင်ဟာ​ ​မြန်မာအစိုးရနဲ့​ ​ကေအန်ယူအကြား တွေ့ဆုံဆွေးနွေးပြီး ငြိမ်းချမ်းရေး လက်မှတ်ထိုးနိုင်အောင် နည်းလမ်းရှာ ကြိုးပမ်းခဲ့သူ တဦးအဖြစ် တရားရုံးမှာ လျှောက်လွှဲချက် ပေးခဲ့တယ်လို့ ဥပဒေအကျိုးဆောင် ဦးကြီးမြင့်က ပြောပါတယ်။

“သူက ငြိမ်းချမ်းရေးကို ခင်ဗျားတို့ ဘယ်လို လိုချင်လဲ။ ကေအန်ယူကတော့ ဘာတွေ လိုလားတယ်။ အဲဒီ လိုလားချက်တွေ ရအောင် ခင်ဗျားတို့ဘက်က ကောင်းမွန်တဲ့​ ​စေတနာတွေ ဘယ်လိုအချက်တွေ ပြဖို့လိုတယ်။ အဲဒါဆိုရင် ဘယ်သူတွေနဲ့ ဆက်သွယ်ပြီးတော့ ငြိမ်းချမ်းရေး ရအောင် ကြိုးပမ်းဆိုပြီး သူက ဆရာတော် တပါးကို ညွှန်လိုက်တယ်ဗျ။ အဲဒီဆရာတော်ကလည်း သိက္ခာ သမာဓိ ရှိတဲ့သူ ဖြစ်ရမယ်။ နှစ်ဖက်ကလည်း ယုံကြည်ရမယ်။ အဲဒီ သမာဓိရှိတဲ့ အကျိုးဆောင်မျိုး ကြားကလိုတယ်။ အဲဒီ အကျိုးဆောင်ဆိုရင် တောင်ကလေးဆရာတော် ဆိုလားပဲ သူ့အကူအညီနဲ့ ခင်ဗျားတို့ ဆက်လုပ်ကြလို့ ပြောလိုက်တဲ့ အခါ အဲဒီ ဆရာတော်ကိုလည်း ဆက်တယ်တဲ့။ အဲဒီ ဆရာတော်နဲ့ တွဲရိုက်ထားတာ ဓာတ်ပုံတွေ ပဒို ဒေဗစ်ထောရယ်၊ ဦးအောင်မင်းရယ် အဲဒီ ဆရာတော်ရယ် တွဲရိုက် ဓာတ်ပုံတွေလည်း ဂျာနယ်တွေမှာပါနေပြီ။ အဲဒီ ဆရာတော်ကိုလည်း မဟာသတ္တမ ဇော်တိက ဘွဲ့ ပေးလိုက်တယ်။ အကျိုးဆောင်ချင်း အတူတူ သူ့ကျတော့ ဘွဲ့ပေးတယ်။ ကျနော့်ကျတော့ ထောင်ထဲ ဒီပုဒ်မနဲ့ တရားစွဲတယ်ဗျာတဲ့။ သူက အဲဒီလို ပြောတယ်။”

အမှုကို လာမယ့် ဖေဖော်ဝါရီ ၂ ရက်နေ့မှာ ထပ်မံ ကြားနာစစ်ဆေးဖို့ ရှိနေပါတယ်။ တရားရုံးကနေ ပဒိုမန်းငြိမ်းမောင်ကို အပြစ်ရှိတယ်လို့ ဆုံးဖြတ်ရင် ပုဒ်မ ၁၇ (၁) အတွက် ထောင်ဒဏ် ၂ နှစ်ကနေ ၃ နှစ်အထိ ပြစ်ဒဏ်ကျခံ နိုင်ပြီးတော့ ပုဒ်မ ၁၂၂-၁ အတွက်လည်း သေဒဏ်တကျွန်း​ ကျခံနိုင်တယ်လို့ ဥပဒေ ကျွမ်းကျင်သူတွေက ပြောပါတယ်။
http://burmese.dvb.no/archives/20429
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး ဒုတိယအကြိမ်အရေးပေါ် ဗဟို ကော်မတီအစည်းအဝေး ထုတ်ပြန်ကြေညာချက်
 
KNU_Statement_regarding_negotiation_peace_talk_with_Burmese_Gov.__Burmese_.doc

စစ်ဘေးရှောင်များအရေး KNU ဆွေးနွေးမည်


ကရင်အမျိုးသား အစည်းအရုံး KNU နှင့် မြန်မာအစိုးရ နှစ်ဖက် ငြိမ်းချမ်းရေး ကိုယ်စားလှယ်များ ဒုတိယအကြိမ် တွေ့ဆုံ သည့်အခါတွင် ကရင်ပြည်နယ်နှင့် ပဲခူးတိုင်း အတွင်းရှိ ရွာပုန်း၊ ရွာရှောင် ဒုက္ခသည် IDP များ ပြန်လည် ထူထောင်ရေးကို ထည့်သွင်း ဆွေးနွေး သွားမည်ဖြစ်ကြောင်း သိရသည်။

ကိုယ်ပိုင် ပြဋ္ဌာန်းခွင့်အတွက် လက်နက်စွဲကိုင် တော်လှန်ရာတွင် နှစ်ဖက် တိုက်ပွဲများကြောင့် အိုးအိမ်စွန့်ခွာ ပြေးနေရ သူများကို နေရပ်ရင်း ပြန်ရောက်ရေးနှင့် အိုးအိမ်နှင့် လယ်ယာမြေများ ပြန်လည် နေရာ ချထားပေးရေးတို့ကို ဦးစားပေး အချက်တခုအဖြစ် ထည့်သွင်း ဆွေးနွေး သွားမည်ဖြစ်ကြောင်း KNU ငြိမ်းချမ်းရေး ဖော်ဆောင်ရေးကော်မတီ အတွင်းရေးမှူး ပဒိုစောဒေးဗစ်ထော က ပြောသည်။

“ကျနော်တို့က ပြည်တွင်းထဲက IDP တွေကို အရင် ဦးစားပေးအဖြစ် ဆွေးနွေး သွားမှာပါ။ နယ်စပ် ဒုက္ခသည် စခန်းတွေက လူတွေအတွက်တော့ ဒုတိယအဆင့် ဖေါ်ဆောင်ရေးအဖြစ် တခါတည်း ဆွေးနွေးသွားမယ်။ ဘာလို့လဲဆိုတော့ သူတို့က နေရေးနဲ့ ရိက္ခာတွေ အထဲက လူတွေလောက် ပူစရာ မလိုဘူးလေ” ဟု သူက မဇ္ဈိမကို ပြောသည်။
 
အဆိုပါ ဒုက္ခသည်များမှာ ပဲခူးတိုင်းနှင့် ကရင်ပြည်နယ်ရှိ တောတောင်များအတွင်း ခြေသလုံး အိမ်တိုင် ဘဝဖြင့် ပုန်းအောင်း နေရပြီး စားဝတ်နေရေးအတွက် ထိုင်း-မြန်မာ နယ်စပ်ရှိ စားနပ် ရိက္ခာ အကူညီပေးရေး အဖွဲ့များက လက်လှမ်းမှီသ၍ ကူညီပေးလျက်ရှိကာ ကျန်းမာရေး စောင့်လျှောက်မှုကို နယ်လှည့် ကျောပိုးအိတ်အဖွဲ့ BPHWT နှင့် ကရင်အမျိုးသား အစည်းအရုံး KNU ဆေးတပ်ဖွဲ့တို့မှ ကုသမှုများ ဆောင်ရွက် ပေးထားကြောင်း သိရသည်။

လက်နက်ကိုင် တိုင်းရင်းသားတွေလည်း မီဒီယာ လွတ်လပ်ခွင့် တောင်းဆိုပြီ

January 26, 2012
ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တချို့နဲ့ ဦးသိန်းစိန် အစိုးရ ကိုယ်စားလှယ်တွေ ငြိမ်းချမ်းရေးကိစ္စ တွေ့ဆုံဆွေးနွေးကြတဲ့အခါ အရင် တကြိမ်တခါကမှ မတောင်းဆိုခဲ့ဖူးတဲ့ အချက်တခု တောင်းဆိုလာတာ တွေ့ရပါတယ်။
အဲဒါကတော့ ငြိမ်းချမ်းရေးနဲ့ ပတ်သက်ပြီး ဆွေးနွေးသမျှတွေကို နှစ်ဖက် မှန်မှန်ကန်ကန် သတင်း ထုတ်ပြန်ပေးဖို့​ ​တောင်းဆိုလာတာ ဖြစ်ပါတယ်။ ဒီအချက်ဟာ အလွန် ထူးခြားပါတယ်။ တိုင်းရင်းသားတွေ ဒီအချက်ကို ဘာလို့ တောင်းဆိုလာတာလဲ၊ အရင်က ဘာတွေဖြစ်ခဲ့ပြီး လက်ရှိ ဘာတွေဖြစ်နေလို့လဲ ဆိုတာ ဆွေးနွေး တင်ပြသွားမှာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ဇန်န၀ါရီ ၁၂ ရက်နေ့က ကေအန်ယူ ကရင်အမျိုးသား အစည်းအရုံးနဲ့ အစိုးရ ငြိမ်းချမ်းရေး ဖော်ဆောင်ရေး အဖွဲ့တို့ အပစ်အခတ် ရပ်စဲရေး လက်မှတ် ထိုးပါတယ်။ အဲဒီမှာ သဘောတူညီချက် ၅ ချက်နဲ့ ဆက်ပြီး ဆွေးနွေးဖို့ သဘောတူတဲ့ အချက် ၁၁ ချက် ပါဝင်ပါတယ်။ ဆက်ပြီး ဆွေးနွေးဖို့ သဘော တူညီချက် အမှတ် ၅ မှာ “ နိုင်ငံတော် သတင်း မီဒီယာများအား ငြိမ်းချမ်းရေး လမ်းစဉ်များတွင် ပူးပေါင်း ဆောင်ရွက်စေရန်နှင့် အခြား သတင်း မီဒီယာများအား တိကျသော ငြိမ်းချမ်းရေး ဆိုင်ရာ သတင်း အချက်အလက်များအား ရယူခွင့်ပြုရန်” ဆိုတဲ့ အချက် ပါဝင်ပါတယ်။ အလားတူ ပြီးခဲ့တဲ့ ဇန်န၀ါရီ ၁၉ ရက်နေ့မှာ ကေအိုင်အို ကချင်လွတ်လပ်ရေးအဖွဲ့နဲ့ အစိုးရ ကိုယ်စားလှယ်တွေ ရွှေလီမှာ တွေ့ဆုံ ဆွေးနွေးစဉ်မှာလည်း ကေအိုင်အို ဘက်ကနေ “ပြည်သူအများကို မှန်ကန်သော သတင်း ထုတ်ပြန်သွားရန် သဘောတူပါသည်” ဆိုတဲ့ အချက်ကို ထည့်သွင်း ဆွေးနွေး ခဲ့ပါတယ်။ အဲလို ဆွေးနွေးတဲ့ အဖွဲ့ ၂ ဖွဲ့လုံးကို အစိုးရ ငြိမ်းချမ်းရေး ကိုယ်စားလှယ်တွေက လိုက်နာပါမယ်လို့ ကတိမပေးခဲ့ပါဘူး။

ဦးဂမ္ဘီရအပါအဝင် မဂ္ဂင်ကျောင်းတိုက်က သံဃာငါးပါး စာထုတ်ဆင့်ခေါ်ခံရ

2012-01-26
အကျဉ်းထောင်ကနေ လွတ်မြောက်လာတဲ့ ၂၀၀၇ ရွှေဝါရောင် တော်လှန်ရေး သံဃာ့ ခေါင်းဆောင် ဦးဂမ္ဘီရ အပါအ၀င် မဂ္ဂင်ကျောင်းတိုက်မှာ သီတင်းသုံး နေထိုင်တဲ့ သံဃာတော် ငါးပါးကို ပြစ်မှု ကျူးလွန်နေတဲ့ ရဟန်းတော်များဟု သုံးနှုန်းပြီး ဇန်န၀ါရီ ၂၅ ရက် ရက်စွဲနဲ့ နိုင်ငံတော် သံဃာ့မဟာနာယက အဖွဲ့က စာထုတ် ဆင့်ခေါ်ခဲ့တယ်လို့ သိရှိရပါတယ်။
Burma VJ Media Network
၂ဝဝ၇ ရွှေဝါရောင် သံဃာ့အရေးအခင်းအပြီး စစ်အစိုးရ အာဏာပိုင်များ ဝင်ရောက်စီးနင်း ဖျက်ဆီးပြီး ချိပ်ပိတ် သော့ခတ်ခဲ့သည့် မဂ္ဂင်ကျောင်းတိုက်ပုံ ဖြစ်ပါသည်။
နိုင်ငံတော် သံဃာ့မဟာနာယက အဖွဲ့ တတိယ အဖွဲ့ခွဲရဲ့ ဇန်န၀ါရီ ၂၅ ရက်က ကျင်းပတဲ့ သတ္ထမအကြိမ် ပထမ အထူး အစည်းဝေးပွဲကြီးက ဆုံးဖြတ် အပြီး သံဃာတော် ငါးပါးကို ဆင့်ခေါ်ခဲ့တာပါ။ ဒီဆင့်ခေါ်စာကို ဒီကနေ့ ဇန်န၀ါရီ ၂၆ ရက်မှ လက်ဝယ်ရရှိခဲ့တယ်လို့ ဦးဣဿရိယက မိန့်ပါတယ်။ စာမှာ ပြစ်မှုကျူးလွန်တဲ့ ရဟန်းတွေလို့ သုံးနှုန်းထားပြီး သံဃာ့ နာယက အဖွဲ့ တွဲဘက် အကျိုးတော်ဆောင် ဆရာတော် လက်မှတ်ထိုးကာ မနက်ဖြန် လာပြီး ဖြေရှင်းဖို့ ပင့်ထားကြောင်း မိန့်ပါတယ်။ ဦးဂမ္ဘီရ အပါအ၀င် သံဃာငါးပါး သီတင်းသုံး နေထိုင်တဲ့ မဂ္ဂင်ကျောင်းတိုက်ဟာ၂၀၀၇ ရွှေဝါရောင် တော်လှန်ရေး အပြီး ချိတ်ပိတ်ထားခဲ့တဲ့ ဘုန်းကြီးကျောင်း ဖြစ်တဲ့ အတွက် ဘုန်းကြီးကျောင်းကို ဖွင့်ပြီး သီတင်းသုံး နေထိုင်တဲ့ ကိစ္စနဲ့ ပတ်သက်နိုင်ကြောင်း၊ ပြေလည်အောင် ညှိနိုင်းသွားမှာ ဖြစ်ကြောင်း ဦးဣဿရိယက မိန့်ပါတယ်။ နိုင်ငံတော် သံဃာ့မဟာနာယက အဖွဲ့က ဆင့်ခေါ်ခြင်းခံရတဲ့ ဦးဂမ္ဘီရ အပါအ၀င် သံဃာတော် ငါးပါးလုံးဟာ အခုလ ၁၃ ရက်က နိုင်ငံတော်သမ္မတ လွတ်ငြိမ်း ချမ်းသာခွင့်နဲ့ ပြန်လည် လွတ်မြောက်လာတဲ့ နိုင်ငံရေး အကျဉ်းသားဟောင်း သံဃာတော်တွေ ဖြစ်ပါတယ်။ 
copy rights_http://www.rfa.org/burmese/news/gambira-monks-meggin-01262012104420.html

2012/01/26


မြန်မာပြုပြင်ပြောင်းလဲမှု သမ္မတအိုဘားမား ချီးကျူး

 ဗုဒ္ဓဟူး, 25 ဇန်နဝါရီ 2012 By ကိုသားညွန့်ဦး

မနေ့ညတုန်းက အမေရိကန်ကွန်ဂရက်မှာ သမ္မတ အိုဘားမားက နှစ်စဉ်နိုင်ငံတော် အခြေပြ မိန့်ခွန်း ပြောဆိုသွားရာမှာ အမေရိကန်နိုင်ငံ စီးပွားရေး မြန်မြန်ဆန်ဆန် ကောင်းမွန်လာရေးအတွက် စီမံရေးဆွဲထားတဲ့ အစီအစဉ်တွေကိုရှင်းလင်းပြောဆိုသွားပါတယ်။ နိုင်ငံတကာအရေးကိစ္စတွေ ပြောရာမှာတော့ အာရှပစိဖိတ်ဒေသအပေါ်အမေရိကန်ပြည်ထောင်စုရဲ့အလေးပေးစဉ်းစားချက်ကို ဖော်ပြသွားသလို မြန်မာနိုင်ငံရဲ့အပြောင်းအလဲတွေ အပေါ်မှာလည်း မျှော်လင့်သစ်တွေ ဖြစ်လာစေတယ်လို့ မြန်မာ့အရေးကိစ္စကိုပါ ထည့်သွင်းပြောဆိုသွားပါတယ်။ ဒီအကြောင်း ကိုသားညွန့်ဦးက ဆက်ပြောပြပေးပါမယ်။
လွှတ်တော်နှစ်ရပ်စလုံးရှေ့ ပြောဆိုတဲ့ သမ္မတအိုဘားမားရဲ့ မနေ့ညက နိုင်ငံတော်အခြေပြ မိန့်ခွန်းထဲ နိုင်ငံခြားရေးရာ မူဝါဒပိုင်းဆိုင်ရာတွေနဲ့ပတ်သက်လို့ ရှင်းလင်းရာမှာ မြန်မာပြည်ကိုပါ နာမည်တပ်ပြီး ပြောဆိုသွားပါတယ်။ အဓိကတော့ အမေရိကန်ပြည်ထောင်စုအနေနဲ့ အာရှပစိဖိတ်ဒေသ အပေါ်မှာအရင်ကထက်ပိုမိုအာရုံထားလာတဲ့အချိန်မှာ မြန်မာအပါအဝင်ဒီဒေသတွင်း ဖြစ်ပျက် နေတာတွေကိုလည်း စောင့်ကြည့် အကဲဖြတ်နေတယ်ဆိုတာကို သမတအိုဘားမားက သတိပေးပြောသွားတာပါ။
“အမေရိကန်ပြည်ထောင်စုဟာ ပစိဖိတ်ဒေသရဲ့ အင်အားကြီးတခုဖြစ်တယ်ဆိုတာကို ရှင်းရှင်း လင်းလင်း ပြောထားပြီးပါပြီ။ မြန်မာနိုင်ငံတွင်းက စတင်မှု အသစ်တွေဟာ မျှော်လင့်ချက်ရောင်ခြည် အသစ်တွေ သန်းလာစေပါတယ်။”
အမေရိကန်ပြည်ထောင်စုအနေနဲ့က ပြီးခဲ့တဲ့နှစ်တွေအတွင်းက စပြီး မြန်မာနိုင်ငံနဲ့ဆက်ဆံရေးမှာ အတော်လေး တိုးတက်ကောင်းမွန်လာတယ်လို့ ပြောရမှာပါ။ မြန်မာနိုင်ငံထဲမှာအပြောင်းအလဲတချို့ မြင်ရပြီးတဲ့နောက်ပိုင်းမှာ သမ္မတအိုဘားမားဟာ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ ဖုန်းနဲ့ တိုက်ရိုက် စကားပြောခဲ့သလိုပဲ နိုင်ငံခြားရေးဝန်ကြီး ကလင်တန်ကိုလည်း မြန်မာနိုင်ငံကို စေလွှတ်ပြီးတော့ အစိုးရ အာဏာပိုင်တွေနဲ့ တွေ့ဆုံဆွေးနွေးစေခဲ့ပါတယ်။
ပဲခူးမြို့၌ ကျင်းပသော လွတ်မြောက် လာသည့် နိုင်ငံရေး အကျဉ်းသားများအား ဂုဏ်ပြုသော အခမ်းအနားတွင် ကိုကိုကြီး၊ ကိုမင်းကိုနိုင်တို့ ပြောကြားခဲ့သည့် (ရုပ်သံ) 




< You Tube video -peacerunning

2012/01/25

ကချင်ဒုက္ခသည်များသို့ ပြောကြားသော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ရဲ့အမှာစကား


Copy from - drlunswe.blogspot

လူထုကို လုံခြံမှု ပေးနိုင်သည့် ဥပဒေ ပြဌာန်းပေးရန် တောင်းဆို

၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်များ ပဲခူးမြို့ရှိ လွတ်မြောက်လာသော နိုင်ငံရေးအကျဉ်းသားများ ဂုဏ်ပြုပွဲ အခမ်းအနားသို့ တက်ရောက်စဉ် (ဓာတ်ပုံ - ဧရာဝတီ)
January 24, 2012
သရက်အကျဉ်းထောင်မှ ပြန်လည် လွတ်မြောက်လာသည့် ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်က ပြည်သူလူထုကို လုံခြုံမှုပေးနိုင်သော ဥပဒေတရပ် ပြဌာန်းပေးရန် လွှတ်တော်အတွင်း ၀င်ရောက်မည့် ကိုယ်စားလှယ် လောင်းများအား တောင်းဆို လိုက်သည်။
“လူတွေက အချိန်မတော် ဘယ်သူ ငါ့အိမ်ကို တံခါးလာခေါက်မလဲ၊ ဘယ်လို ရှာစားရမလဲ ဆိုတဲ့ မလုံခြုံတဲ့ ဘ၀တွေအတွက် ကာကွယ်မှုပေးနိုင်တဲ့ ဥပဒေတွေ ရေးဆွဲပေးပါ” ဟု ယနေ့ နံနက် ပဲခူးမြို့၌ ကျင်းပသော လွတ်မြောက် လာသည့် နိုင်ငံရေး အကျဉ်းသားများအား ဂုဏ်ပြုသော အခမ်းအနားတွင် ကိုမင်းကိုနိုင်က ပြောသည်။
ပြည်သူလူထုဘ၀ လုံခြုံမှုအတွက် ဒီမိုကရေစီ လိုလားသူများအားလုံး ပူးပေါင်းကာ လွှတ်တော်အတွင်း အပြင် နှစ်ရပ်စလုံးတွင် လုပ်ကိုင်မည် ဖြစ်ကြောင်း ၎င်းကဆိုသည်။ ဒီမိုကရေစီ အရေး လှုပ်ရှားမှုများတွင် လူထုပူးပေါင်းပါဝင်မှုကို ဒီမိုကရေစီ အင်အားစုများသာမက အာဏာပိုင်များကလည်း လက်ခံနားလည်မှု ပေးကာ အကောင်းမြင်ပေးရန် ကိုမင်းကိုနိုင်က ပြောသည်။
၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် တဦးဖြစ်သူ ကိုကိုကြီးကလည်း ၎င်းတို့ ကျောင်းသားများအား နှစ် ၂၀ ကျော် ကြာသည်အထိ ထောက်ခံ အားပေးခဲ့သော လူထုကို ဂုဏ်ပြုချင်သည်ဟု ဆိုသည်။

ပေးထားတဲ့ကတိ မတည်တာကြောင့် မန်းငြိမ်းမောင် အံ့သြမိ

လွှတ်ပေးမယ်လို့ ကတိပေးထားပါလျက် နောက်ထပ် ပုဒ်မကြီးတွေ တပ်ပြီး ရုံးထုတ် စစ်ဆေးခံရတာကို အလွန် အံအားသင့်မိကြောင်း အင်းစိန် အကျဉ်းထောင်တွင်း ထိန်းသိမ်းခံထားရတဲ့ KNU ဗဟို ကော်မတီဝင် ဖဒိုမန်းငြိမ်းမောင်က ပြောဆိုကြောင်း အမှုကို လိုက်ပါ ဆောင်ရွက်ပေးနေတဲ့ တရားရုံးချုပ် ရှေ့နေကြီး ဦးကြီးမြင့်က ပြောပါတယ်။

KNU ဗဟို ကော်မတီဝင် ဖဒိုမန်းငြိမ်းမောင်

မန်းငြိမ်းမောင်ကို အစိုးရနဲ့ KNU ငြိမ်းချမ်းရေး အတွက် ကြားဝင် ဆောင်ရွက်သင့်တဲ့ အချက်အလက်တွေ မေးမြန်းခဲ့ပြီး ပြန်လွှတ်ပေးမယ်လို့ ကတိ ပေးထားခဲ့ကြောင်း မန်းငြိမ်းမောင်က ရှေ့နေကြီး ဦးကြီးမြင့်ကို ပြောလိုက်တယ်လို့ သိရပါတယ်။

“ငြိမ်းချမ်းရေး ရအောင်သာ ကူညီပါ။ ဘယ်လို ငြိမ်းချမ်းရေး ရအောင် လုပ်နိုင်မလဲလို့ အကူအညီ တောင်းတယ်တဲ့။ သူကလည်း သေသေချာချာ ပြောပြတယ်။ သူညွှန်ပြတဲ့ ဆရာတော်တွေ အရလည်း ဒီဘက်က ဆက်သွယ်တဲ့ အခါကျတော့ အောင်မြင်တယ် ပေါ့။ အဲဒီလိုတွေ ဖြစ်ပြီးတော့မှ အခုလို တရားစွဲလိုက်တဲ့ပေါ်မှာ၊ ကတိပေးထားပြီးတော့မှ ဒီလိုစွဲလိုက်တော့ အရမ်း အံ့အားသင့် နေတယ်။ စိတ်မကောင်းဘူးဗျ။ အဲဒါ ကျွန်တော့်ကို ပြောတယ်”

ကိုငြိမ်းလူ ဈာပန ကျောင်းသားခေါင်းဆောင်တွေ တက်ရောက်

2012-01-24
ဇန်နဝါရီ ၁၃ ရက်က သမ္မတရဲ့ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ အင်းစိန်ထောင် က လွတ်မြောက်လာပြီးနောက် ပြီးခဲ့တဲ့စနေနေ့က ကွယ်လွန်သွားတဲ့ နိုင်ငံရေးအကျဉ်းသားဟောင်း ကိုသက်နွယ် (ခေါ်) ကိုငြိမ်းလူရဲ့ ရုပ်ကလာပ်ကို ရေဝေးသုသာန်မှာ ဒီကနေ့ နေ့လယ်ပိုင်းက သင်္ဂြိုဟ်ခဲ့ပါတယ်။
demowaiyan
ဇန်နဝါရီ ၁၃ ရက်က အင်းစိန်ထောင်က လွတ်မြောက်လာပြီးနောက် ၈ ရက်အကြာတွင် ကွယ်လွန်သွားသော နိုင်ငံရေးအကျဉ်းသားဟောင်း ကိုသက်နွယ် (ခေါ်) ကိုငြိမ်းလူ၏ ဈာပန အခမ်းအနားတွင် တွေ့ရသည့် ကျောင်းသားခေါင်းဆောင်များနှင့် နိုင်ငံရေး လုပ်ဖော်ကိုင်ဖက်များ။
အဲဒီ ဈာပန အခမ်းအနားကို နိုင်ငံရေး လုပ်ဖော်ကိုင်ဖက်တွေ၊ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်တွေ၊ ဗကသ ကျောင်းသား ခေါင်းဆောင်တွေ တက်ရောက်ခဲ့တယ်လို့ စီစဉ်သူတစ်ဦး ဖြစ်တဲ့ နိုင်ငံရေးအကျဉ်းသား မိသားစု ကွန်ရက်အဖွဲ့ဝင် ကိုအောင်ဇော်ထွန်းက ပြောပါတယ်။

ကိုငြိမ်းလူဟာ အဖမ်းဆီးခံရချိန်က နှိပ်စက်ခံရပြီး ထောင်တွင်း ကျန်းမာရေး စောင့်ရှောက်မှုလည်း ညံ့ဖျင်းတဲ့အတွက် ရရှိခဲ့တဲ့ ရောဂါ ဝေဒနာတွေကြောင့် ကွယ်လွန်သွားခဲ့တာလို့ မိတ်ဆွေတွေက ပြောပါတယ်။ ဈာပနအခမ်းအနားမှာ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး အတွက် ဆက်လက် တိုက်ပွဲဝင်သွားဖို့ လုပ်ဖော်ကိုင်ဖက်တွေက သန္နိဋ္ဌာန် ပြုခဲ့ကြတယ်လို့ ဈာပနအခမ်းအနားကို တက်ရောက်ခဲ့တဲ့ နိုင်ငံရေးအကျဉ်းသားဟောင်းများ အဖွဲ့ဝင် ကိုထွန်းကြည်က ပြောပါတယ်။

ကိုငြိမ်းလူဟာ ၂ဝဝ၂ ခုမှာ အဖမ်းခံခဲ့ရပြီး ၂ဝ၁၂ ခု ဇန်နဝါရီမှာ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ အင်းစိန်ထောင်က လွတ်မြောက်လာခဲ့ပြီး ရက်ပိုင်းအတွင်း အသက် ၅၆ နှစ်အရွယ်မှာ အခုလို ကွယ်လွန်ခဲ့တာပါ။

ဈာပနကို တက်ရောက်လာတဲ့ ဧည့်ပရိသတ် စုစုပေါင်း သုံးရာကျော် ရှိပါတယ်။
 
copy rights_http://www.rfa.org/burmese/news/released-prisoner-dies-01242012101021.html

2012/01/24

ရွှေ့ပြောင်းဆရာမဒေါ်စန္ဒာဝင်း မြန် မာပြည်ပြန်သွား

ဇန်န၀ါရီ ၂၂ရက်၊ ၂၀၁၂။ ရွှေသိုက်တော (ကေအိုင်စီ)

မြန်မာအစိုးရ၏ ဖိတ်ခေါ်မှုကြောင့် ထိုင်း-မြန်မာ နယ်စပ်မဲဆောက်အခြေစိုက် ရွှေ့ပြောင်းမြန်မာ ပညာရေးဌာနမှ ဆရာမ ဒေါ်စန္ဒာဝင်းသည် ယနေ့ ညနေပိုင်းက မဲဆောက်-မြ၀တီလမ်းကြောမှ တဆင့် မြန်မာနိုင်ငံသို့ ပြန်လည်ဝင်ရောက်သွားသည်။

ဒေါ်စန္ဒာဝင်းက “အစိုးရရဲ့ ဖိတ်ခေါ်မှုကြောင့် ကျမ ပြန်တာပါ။ မပြန်ခင် ဘန်ကောက်မှာရှိတဲ့ မြန်မာသံရုံးကိုလည်း အဆက်အ သွယ် လုပ်ခဲ့ပါတယ်။ အဓိက ကျမတို့မိသားစု ပြန်လည်ပေါင်းစည်းရေးအတွက် ပြန်တာပါ။ ဒီဘက်မှာရှိတဲ့ နိုင်ငံရေးအခြေအ နေတွေကိုတော့ လောလောဆယ် ဘာမှတ်ချက်မှ မပေးလိုပါဘူး။ မြန်မာနိုင်ငံထဲ ပြန်ရောက်မှပဲ နိုင်ငံရေးခံစားချက်တွေကို ပြောတော့မယ်။”ဟု ဆိုသည်။

ဒေါ်စန္ဒာဝင်းသည် မဲဆောက်ရှိ မြန်မာ့အရေး လုပ်ရှားသူများထဲတွင် ပထမဆုံး ပြည်တော်ပြန်သူဖြစ်ပြီး သူမပြန်မည့်အကြောင်း ကို လုပ်ဖေါ်ကိုင်ဘက်များအား ကြိုတင်အသိပေးခဲ့ပြီးနောက် ခင်ပွန်းသည်ဖြစ်သူ ဦးမြင့်ဦးက လာရောက်ခေါ်ဆောင်သွားခြင်း ဖြစ်သည်။

ဒေါ်စန္ဒာဝင်းသည် မဲဆောက်တွင် မြန်မာနိုင်ငံ ကလေးအခွင့်အရေး ကာကွယ်စောင့်ရှောက်မှု ကော်မတီ CPPCR တွင် ရုံးအုပ် အဖြစ်လည်းကောင်း၊ မြန်မာရွှေ့ပြောင်းကျောင်းဆရာများအဖွဲ့ BMTA ၌ အတွင်းရေးမှူးအဖြစ်လည်းကောင်း၊ အမေ့အိမ်နှင့် လှည်းဘီးကျောင်းများတွင် ကျောင်းဆရာမ အဖြစ်လည်းကောင်း တာဝန်ထမ်းဆောင်ခဲ့သည်။

ဒေါ်စန္ဒာဝင်း၏ လုပ်ဖော်ကိုင်ဘက်တဦးဖြစ်သည့် မယ်တော်ဆေးခန်းတာဝန်ခံ ဒေါက်တာ စင်သီယာမောင်က “သူမပြန်ခင် ကျမကိုပြောတာက အခုဆိုရင် ဒေါ်အောင်ဆန်းစုကြည်လည်း ရွေးကောက်ပွဲဝင်တော့မယ်။ မြန်မာနိုင်ငံမှာလည်း နိုင်ငံရေးအရ ပြောင်းလဲမှုတွေရှိလာတဲ့အတွက် ပြန်တာလို့ ပြောပါတယ်။ ကျမအမြင်ကတော့ မြန်မာ့အရေး လုပ်မဲ့သူတွေဟာ သူတို့ ကျွမ်း ကျင်ရာဘာသာအလိုက် ဘယ်မှာပဲလုပ်လုပ် အခက်အခဲမရှိနိုင်ဘူးလို့ ထင်တယ်။”ဟု ပြောသည်။

အပစ်ရပ်ရေး လွယ်ပေမယ့် နိုင်ငံရေးေ ဆွးနွေးဖို့ ခက်ကြောင်း မွန်ပြည်သစ်ပြော

လက်ရှိ အစိုးရက မဟာလူမျိုးကြီးဝါဒကို ဆုပ်ကိုင်ထားတော့ နိုင်ငံရေး ဆွေးနွေးဖို့ ဆိုတာ လွယ်မှာ မဟုတ်ဘူး၊ အပစ်အခတ် ရပ်စဲရေး လုပ်တာဟာ လွယ်ပါတယ် (ဓါတ်ပုံ မဇ္ဈိမ)
 ဇန်နဝါရီလ ၂၃ ရက် ၂၀၁၂ ခုနှစ်။

မြန်မာအစိုးရနှင့် အပစ်အခတ် ရပ်စဲရေးလုပ်ရန် မခက်ခဲ သော်လည်း နိုင်ငံရေး ဆွေးနွေးမှုများ ပြုလုပ်ရန် ခက်ခဲသည်ဟု မွန်ပြည်သစ်ပါတီက ပြောသည်။

မကြာမီ ရက်ပိုင်းအတွင်း အစိုးရ ကိုယ်စားလှယ်များနှင့် မော်လမြိုင်မြို့တွင် အပစ်အခတ် ရပ်စဲရေး ဆွေးနွေးရန် စီစဉ်နေစဉ် အတွင်း ပါတီဥက္ကဋ္ဌ နိုင်ထောမွန်က ဆဋ္ဌမ အကြိမ်မြောက် မွန်အမျိုးသားရေးရာ နှီးနှောဖလှယ်ပွဲ အပိတ်မိန့်ခွန်းတွင် ဇန်နဝါရီ ၂ဝ ရက်နေ့က ပြောကြားလိုက်ခြင်း ဖြစ်သည်။

“အပစ်အခတ် ရပ်စဲရေး လုပ်တာဟာ လွယ်ပါတယ်။ ကျနော်တို့ ပါတီအနေနဲ့လည်း အပစ်အခတ် ရပ်စဲရေးကို လိုလားပါ တယ်။ ဒါပေမယ့် စစ်ဘက်ကနေ လာတဲ့ လက်ရှိ အစိုးရက မဟာ လူမျိုးကြီးဝါဒကို ဆုပ်ကိုင်ထားတော့ နိုင်ငံရေး ဆွေးနွေးဖို့ ဆိုတာ လွယ်မှာ မဟုတ်ဘူး” ဟု နိုင်ထောမွန်က ကိုယ်စားလှယ်များအား ပြောသည်။

နှီးနှောဖလှယ်ပွဲသို့ တက်ရောက်လာသည့် ကိုယ်စားလှယ်အချို့က မွန်ပြည်သစ်ပါတီအား အပစ်အခတ် ရပ်စဲစေလို သည့် တင်ပြချက်များနှင့် ပတ်သက်ပြီး နိုင်ထောမွန်က ပြန်လည် ပြောဆိုခြင်း ဖြစ်သည်။

၁၅ နှစ်တာ အပစ်အခတ် ရပ်စဲရေးကာလအတွင်း ကြုံတွေ့ ဖြတ်သန်းခဲ့ရသည်များကို သင်ခန်းစာယူပြီး အပစ်အခတ် ရပ်စဲရေးတွင် မမွေ့လျော်ကြရန်လည်း ကိုယ်စားလှယ်များအား သတိပေး ပြောဆိုခဲ့သည်။
(၆၅)နှစ်မြောက် ပြည်တောင်စုနေ့ အခမ်းအနား စုပေါင်းကျင်းပပြုလုပ်ရန် ညှိနှိုင်းစည်းဝေး


Monday, January 23, 2012



၂၀၁၂ ခုနှစ် (၆၅)နှစ်မြောက် ပြည်တောင်စုနေ့ အခမ်းအနား ဖြစ်မြောက်ရေးအတွက် ညှိနှိုင်း အစည်းအဝေးကို  Takadanobaba အရပ်ရှိ AUN ရုံးခန်း၌ ယနေညနေ ၁၈း၀၀ နာရီမှ ၂၁း၀၀ နာရီအထိ ကျင်းပပြုလုပ် ခဲ့ကြပါသည်။
ပြည်ထောင်စုနေ့ အခမ်းအနားကို TOKYO Toshima-ku မြို့ နယ် Ikebukuro ရှိ Kohkaido Hall မှာ လာမည့် ဖေဖေါ်ဝါရီလ (၁၂)ရက်နေ့မှာ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း ဂျပန်နိုင်ငံရောက် ပြည်ထောင်စုဖွား တိုင်းရင်းသား အင်အားစုများမှ စုပေါင်း၍ ကျင်းပပြုလုပ် သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။
သတင်းဓါတ်ပုံ ။ Moe Min Thu

ပြောင်းလဲမှုအဆင့်တွေ လိုနေသေးကြောင်း ဂျွန်မက်ကိန်းပြော

2012-01-22
မြန်မာ့နိုင်ငံရေး အပြောင်းအလဲအတွက် အဆင့်တွေ လိုသေးတယ်လို့ အမေရိကန် အထက်လွှတ်တော် အမတ် ဂျွန်မက်ကိန်းက ဒီကနေ့ ရန်ကုန်မြို့မှာ သတင်းထောက်တွေကို ပြောဆိုပါတယ်။
RFA
အမေရိကန် အထက်လွှတ်တော်အမတ် မစ္စတာ ဂျွန်မက်ကိန်း ၂ဝ၁၂ ခုနှစ် ဇန်နဝါရီလ ၂၂ ရက်နေ့က မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံဆွေးနွေးပြီးနောက် သတင်းစာရှင်းလင်းပွဲ ပြုလုပ်စဉ်။
မစ္စတာဂျွန်မက်ကိန်းဟာ ဒီကနေ့ ညနေပိုင်းက မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ တက္ကသိုလ်ရိပ်သာလမ်း နေအိမ်မှာ တွေ့ဆုံခဲ့ပါတယ်။

အဲဒီနောက် ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ မြန်မာနိုင်ငံက လက်ရှိ တိုးတက်မှုတွေကို သူ့အနေနဲ့ အလွန်ပဲ ကျေနပ်အားရမိပေမယ့် ပြုပြင်ပြောင်းလဲရေးအတွက် လုပ်ဆောင်ရမယ့်အဆင့်တွေ ကျန်နေသေးတယ်လို့ မစ္စတာမက်ကိန်းက ပြောသွားပါတယ်။

ဒီအချက်တွေထဲမှာ ဥပဒေစိုးမိုးရေး၊ တိုင်းရင်းသားဒေသတွေက လက်နက်ကိုင် ပဍိပက္ခ အခြေအနေတွေနဲ့ လွတ်လပ်ပြီး တရားမျှတတဲ့ ကြားဖြတ်ရွေးကောက်ပွဲ ဖြစ်ဖို့ စတာတွေ ပါဝင်တယ်လို့ အမေရိကန်အမတ် ဂျွန်မက်ကိန်းက ပြောသွားပါတယ်။

မြန်မာအပေါ် ဒဏ်ခတ်ပိတ်ဆို့ အရေးယူတာတွေကို ရုပ်သိမ်းဖို့ကိစ္စဟာ အမေရိကန်လွှတ်တော်ရဲ့ ဆုံးဖြတ်ချက်အပေါ်မှာ မူတည်တယ်လို့လည်း ပြောပါတယ်။ ဒါနဲ့ ပတ်သက်လို့ သတင်းထောက်တွေက မေးရာမှာ ဒေါ်အောင်ဆန်းစုကြည်က သူ့ရဲ့ သဘောထားကို အခုလို ပြောပါတယ်။

“အမေရိကန်နိုင်ငံက ဒီ Sanctions တွေ စလုပ်ကတည်းက ဘာကြောင့် လုပ်တယ်၊ ဘယ်ခြေလှမ်းတွေ လှမ်းလို့ရှိရင် ဒီ Sanctions တွေကို ရုတ်သိမ်းပေးမယ်ဆိုတာ ပြောထားပြီးသားပါ။ သူတို့ သတ်မှတ်ထားတဲ့ ခြေလှမ်းတွေ လှမ်းပြီးရင်တော့ စပြီးတော့ ရုတ်သိမ်းမှာပါ။ ဒီခြေလှမ်း တွေက ကြားဖြတ်ရွေးကောက်ပွဲ တခုတည်းတော့ မဟုတ်ပါဘူး”

ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံပွဲမှာ မစ္စတာ ဂျွန်မက်ကိန်းနဲ့အတူ လိုက်ပါလာတဲ့ အမေရိကန် အထက်လွှတ်တော်အမတ် ၃ သုံးဦးလည်း ပါဝင်ပါတယ်။ ရှစ်လအတွင်း မြန်မာပြည်ကို ဒုတိယအကြိမ် လာရောက် တဲ့ မစ္စတာ ဂျွန်မက်ကိန်းနဲ့အတူ အမေရိကန် အထက်လွှတ်တော် အမတ်တွေဟာ ဒီကနေ့ မနက်ပိုင်းမှာ သမ္မတဦးသိန်းစိန်နဲ့ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းတို့နဲ့လည်း နေပြည်တော်မှာ တွေ့ဆုံ ဆွေးနွေးခဲ့ပါတယ်။
copy rights_http://www.rfa.org/burmese/news/mccain-sanction-01222012092556.html

2012/01/22

၈၈ မျိုးဆက်ကျောင်းသားများ၏ သဘောထားထုတ်ပြန်ချက်

photo - messenger journal/facebook
စာအမှတ် - ၁/၂ဝ၁၂ (၈၈)
၈၈ မျိုးဆက်ကျာင်းသားများ
88generation@gmail.com
၂၁ - ဇန်နဝါရီ -၂ဝ၁၂
ရန်ကုန်၊ မြန်မာ။

၁။ကျွန်ုပ်တို့ ၈၈ မျိုးဆက်ကျောင်းသားများသည် ဒီမိုကရေစီရေး၊ လူ့အခွင့်အရေး၊ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ၁၉၈၈ ခုနှစ် ၈၈၈၈ အရေးတော်ပုံကြီးမှ စတင်၍ အစဉ်တစိုက် ကြိုးပမ်းဆောင်ရွက်နေကြသူများ ဖြစ်သည်။

၂။ ကျွန်ုပ်တို့နိုင်ငံသားများသည် စစ်ရေး၊ နိုင်ငံရေး၊ စီးပွားရေးမူဝါဒအမှားများ ဒီမိုကရေစီ ဆိတ်သုန်းမှုများကြောင့် ဆင်းရဲနွမ်းပါးမှု၊ ပညာရေး၊ ကျန်းမာရေးနိမ့်ကျမှုစသည့် လူမှုဒုက္ခ အ၀၀ကို ဆယ်စုနှစ်ငါးခုကျော် ခံစားခဲ့ကြရပြီးဖြစ်သည်။

၃။ ယနေ့အချိန်အထိ စစ်မှန်သော ဒီမိုကရေစီဖော်ဆောင်ရေး၊ ငြိမ်းချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် ပြုပြင်ပြောင်းလဲရေးလမ်းကြောင်းပေါ်သို့ ဦးတည် ကြိုးပမ်းကြရမည့် အချိန်ဖြစ်သည်ဟု ယုံကြည်သည်။

၎။ စစ်မှန်သော ဒီမိုကရေစီဖော်ဆောင်ရေးအတွက် လာမည့်ကြားဖြတ်ရွေးကောက်ပွဲတွင် ၀င်ရောက် ယှဉ်ပြိုင်ရန် ဒေါ်အောင်ဆန်းစုကြည်၏ ဆုံးဖြတ်ချက်အား ထောက်ခံသည်။ ၈၈ မျိုးဆက် ကျောင်းသားများအနေဖြင့် အားပေး ၀န်းရံသွားမည်။

၅။ ပြည်တွင်းငြိမ်းချမ်းရေးနှင့်ပတ်သက်၍ လက်ရှိဆောင်ရွက်နေသော တွေ့ဆုံဆွေးနွေးရေး ဖြစ်စဉ်များမှ တစ်ဆင့် ပိုမိုကျယ်ပြန့် ပြည့်စုံသော ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ ဖြစ်ပေါ်စေရန် အမျိုးသားအင်အားစု အားလုံးနှင့် လက်တွဲဆောင်ရွက်သွားမည်။

၆။ နိုင်ငံတော်သစ် တည်ဆောက်ရေးအတွက် လူ့စွမ်းအား အရင်းအမြစ်များအား ပြန်လည် စုစည်းနိုင်ရန်၊ နိုင်ငံရေးအရ ထိန်းသိမ်းခံထားရသည့် ကျန်ရှိနေသော နိုင်ငံရေး အကျဉ်းသားအားလုံး ပြန်လည်လွှတ်ပေးရေး၊ နိုင်ငံရေးအရ တိုင်းပြည်မှ ထွက်ခွာခဲ့ရသော ပြည်ပရောက်နိုင်ငံရေး အင်အားစုများ ဂုဏ်သိက္ခာရှိရှိ ပြန်လာနိုင်ရေးတို့အတွက် ပြည်ထောင်စုအစိုးရမှ အမြန်ဆုံးဆောင်ရွက်ပေးပါရန် ကျွန်ုပ်တို့မှ အလေးအနက် တိုက်တွန်းအပ်ပါသည်။

၇။ အမျိုးသားစီးပွား ဖွံ့ဖြိုးတိုးတက်ရေးနှင့် နိုင်ငံတော်၏ ဂုဏ်သိက္ခာ မြင့်မားလာစေရေးအတွက် နိုင်ငံတကာနှုန်းစံများနှင့်အညီ ကျင့်သုံးဆောင်ရွက်မှုများ၊ အိမ်နီးချင်းနိုင်ငံများအပါအ၀င် နိုင်ငံတကာမိသားစုများနှင့် ဆက်ဆံရေး တိုးမြင့်လာစေရန် ကြိုးပမ်းဆောင်ရွက်မှုများအား အားပေးထောက်ခံသွားမည်။

၈။ ဒီမိုကရေစီအရေး၊ ငြိမ်းချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် နိုင်ငံတော်သမ္မတဦးဆောင်သည့် အစိုးရအဖွဲ့၊ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ တပ်မတော်အင်အားစု၊ နိုင်ငံရေးပါတီအသီးသီး၊ တိုင်းရင်းသားအင်အားစုများအပါအ၀င် မြန်မာ့လူ့အဖွဲ့စည်းတစ်ရပ်လုံးရှိ ပြုပြင်ပြောင်းလဲရေး အင်အားစုများနှင့် ကိုယ်စွမ်း ဥာဏ်စွမ်းရှိသမျှ ပူးပေါင်းဆောင်ရွက်သွားမည်။

၉။ မြန်မာနိုင်ငံဒီမိုကရေစီအရေး၊ လူ့အခွင့်အရေးကြိုးပမ်းမှုများတွင် အားပေးကူညီထောက်ခံနေသော ပြည်တွင်းပြည်ပ အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များ၊ နိုင်ငံတကာမိသားစုများနှင့် လက်ရှိပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များကို ယုံကြည်ထက်သန်စွာ အကောင်အထည်ဖော်နေသူအားလုံးအား ကျွန်ုပ်တို့ ၈၈ မျိုးဆက်ကျောင်းသားများမှ အလေးအနက် တန်ဖိုးထားအပ်ပါသည်။

၈၈ မျိုးဆက်ကျောင်းသားများ

Copy from - irrawaddyblog

လက်နက်ကိုင်တပ်နှင့်​ ဆက်စပ်ဖမ်း​ဆီး​ခံရသူများ​ ပြန်မလွတ်​သေး

January 20, 2012
ပြီး​ခဲ့​တဲ့​ ၁၃ ရက်​နေ့​က ထင်ရှား​တဲ့​ ​ခေါင်း​ဆောင်​တွေ အပါအဝင် နိုင်ငံ​ရေး​ အကျဉ်း​သား​ အများ​အပြား​ လွတ်​မြောက် လာခဲ့​ပေမယ့်​ တိုင်း​ရင်း​သား​ လက်နက်ကိုင်တွေနဲ့​ ဆက်စပ် ဖမ်း​ဆီး​ ခံရသူ​တွေ အများ​အပြား​ ကျန်​နေ​သေး​တယ်လို့​ တိုင်း​ရင်း​သား ​လက်နက်ကိုင် အဖွဲ့​တွေက ​ပြောပါတယ်။
ပြီး​ခဲ့​တဲ့​ ဇန်နဝါရီလ ၁၂ ရက်​နေ့​တုန်း​က အစိုး​ရနဲ့​ အပစ်အခတ် ရပ်စဲ​ရေး​ ပဏာမ လက်မှတ်ထိုး​ခဲ့​တဲ့​ ကရင်အမျိုး​သား​ အစည်း​အရုံး​ ​ခေါင်း​ဆောင်​တွေကို ပြည်​ထောင်စု ရထား​ဝန်ကြီး​ ဦး​အောင်မင်း​က ​ကေအန်ယူ အဖွဲ့​နဲ့​ ဆက်စပ် ဖမ်း​ဆီး​ခံရသူရဲ့​ စာရင်း​ကို ပြုစုပြီး​ ပို့​ပေး​ဖို့​ ​ပြောဆိုခဲ့​ပါတယ်။
လက်ရှိ အ​နေအထား​မှာ ​ကေအန်ယူအ​နေနဲ့​ အကျဉ်း​ထောင် အသီး​သီး​မှာ ထိန်း​သိန်း​ခံထား​ရတဲ့​ ​ကေအန်ယူ အဖွဲ့​ဝင်​တွေ အပါအဝင် မတရား​အသင်း​နဲ့​ ဆက်သွယ်မှု၊​ ​ထောက်ပံ့​အား​ပေး​မှု၊​ ​ဖောက်ခွဲမှု၊​ လူသတ်မှုတို့​နဲ့​ အမည်တပ် ဖမ်း​ဆီး​ ထိန်း​ခံထား​ရသူ အား​လုံး​ကို စာရင်း​ပြုစု​နေပြီး​ အစိုး​ရဆီ ​ပေး​ပို့​သွား​မယ်လို့​ ​ကေအန်ယူ ငြိမ်း​ချမ်း​ရေး​ ​ဖော်​ဆောင်​ရေး​ ​ကော်မတီ အတွင်း​ရေး​မှူး​ ပဒို​စော​ဒေး​ဗစ်​ထောက ​ပြောပါတယ်။

သျှမ်းပြည်အရှေ့ခြမ်းအတွင်း သျှမ်းတပ်မှူး ပထမဆုံးအကြိမ် ဟောပြောပွဲစလုပ်

စည်းရုံးရေးဆင်းသည့် RCSS/SSA တပ်မှူး ဗိုလ်အောင်စစ်
ဇန်နဝါရီလ 19 ရက် 2012 ခုနှစ်
 
“ကျနော်တို့ဆီကို ဒီမနက် ၁၀ နာရီ ကနေ ၁၁ နာရီ အထိ ဟောပြောပွဲလာလုပ်တယ်။ မြန်မာ့ တပ်မတော်ရဲ တပ်ဖွဲ့က လုံခြုံရေး လာ ယူပေးတယ်။ စရဖ(စစ်ဖက်လုံခြုံရေး)၊ အထွေထွေ အုပ်တွေလဲ လာတယ်။ ပုံပါကျင် ရဲ့ ဝပ်လုံ ကျောင်းတိုက်၊ ကိုးခန်းဇရပ် အပေါ် ထပ် အောက်ထပ် လူတွေ့ပြည့် နေတာဘဲ လူဦးရေ ရာနဲ့ချီတယ်။ အဓိကကတော့ အပစ် ရပ်လိုက်ပြီ၊ အခွန်အတုပ်တွေ ဆက်ကြေး အပါအဝင် စပါးတွေလည်း မကောက် တော့ ဘူး၊ တပ်သားသစ်လဲ မစုဆောင်းတော့ဘူးလို့ လာပြောတယ်” - တက်ရောက်သူ ပုံပါကျင် ဒေသခံ အိမ်ရှင်မတဦးကပြောပါသည်။

ဂျန္နဝါရီ ၁၇ ရက်မှယနေ့အထိ သျှမ်းပြည်တပ်မတော်တပ်မှူး ဗိုလ်အောင်စစ်က အဖွဲ့ဝင် ၇ ယောက် ဦး ဆောင်ပြီး သျှမ်းပြည်အရှေ့ ခြမ်း မိုင်းတုံမြို့အပါအဝင် မိုင်းတုံမြို့နယ် မိုင်းဟန်ကျေးရွာ၊ အုပ်စု၊ နားကောင်း မူးကျေးရွာအုပ်စုနှင့် ပုံပါကျင်မြို့နယ်ခွဲအတွင်း သုံး ရက်ဆက်တိုက် စည်းရုံး ရေးဆင်းခဲ့ကြောင်း၊ ထိုစည်းရုံး ရေးတွင် လူထုအား - ယနေ့မှစ၍ အခွန်အတုပ်(ဆက်ကြေး)၊ တပ်သားသစ်၊ ကိုယ်ပိုင် ကားများထံ အခွန်များ ကောက်ခံမည် မဟုတ်တော့ကြောင်း၊ မြို့တွင်းလည်း သွားလာဝင် ထွက်မည်ဖြစ်ကြောင်း၊ လာမည့် ဖေါ်ဝါရီလ ၇ ရက် သျှမ်းပြည် အမျိုးသားနေ့ပွဲတော်အား သျှမ်းပြည် တပ်မတော် ဌာနချုပ်လွယ်တိုင်းလျဲန်း၌ ကျင်းပမည်ဖြစ် သော ကြောင့် ပွဲတော် တက်ရောက်ရန် ဖိတ်ခေါ်ကြောင်း ပုံပါကျင်မြို့နယ်ခွဲ ၌ ပြောဆိုသွားသည်ဟု ဆိုသည်။
ကလေးစစ်သားအရေး အစိုးရ ပိုပွင့်လင်းလာ
 သောကြာ, 20 ဇန်နဝါရီ 2012 By ဒေါ်ခင်မျိုးသက်

မြန်မာနိုင်ငံမှာ ကလေးစစ်သား မရှိတော့အောင် လုပ်ဆောင်မယ်လို့ ဆွစ်ဇလန်နိုင်ငံ ဂျနီဗာမှာ ပြုလုပ်တဲ့ (၅၉) ကြိမ်မြောက် ကုလသမဂ္ဂ ကလေးအခွင့်အရေး ဆိုင်ရာ စာချုပ် ကော်မတီရဲ့ ကြာသပတေးနေ့က ကျင်းပတဲ့ အစည်းအဝေးမှာ မြန်မာအစိုးရ ကိုယ်စားလှယ်က ပြောကြားလိုက်ပါတယ်။ ဒါပေမဲ့လည်း မြန်မာနိုင်ငံ ကလေးအခွင့်အရေး ဆိုင်ရာ လှုပ်ရှားနေတဲ့ အဖွဲ့တွေကတော့ ဒါနဲ့ပတ်သက်ပြီး သံသယတွေ ရှိနေဆဲပါ။ဒီအကြောင်းကိုတော့ ဒေါ်ခင်မျိုးသက်က အပြည့်အစုံ တင်ပြထားပါတယ်။
ကုလသမဂ္ဂ ကလေးအခွင့်အရေး စာချုပ်ကော်မတီ CRC (Convention on the Rights of the Child) (၅၉) ကြိမ်မြောက် အစည်းအဝေးမှာ မြန်မာနိုင်ငံဆိုင်ရာ ကြားနာမှုကို ဇန်န၀ါရီလ ၁၉ ရက်နေ့က ပြုလုပ်ခဲ့ပါတယ်။ အစိုးရဘက်က အမြဲတမ်း ကိုယ်စားလှယ် သံအမတ်ကြီး ဦးမောင်ဝေ ဦးဆောင်တဲ့ အဖွဲ့ဝင် ၁၆ ဦး တက်ရောက်ခဲ့ပြီး မြန်မာနိုင်ငံ ကလေးအခွင့်အရေးနဲ့ လူ့အခွင့်အရေး ဆိုင်ရာ အဖွဲ့ ၂၁ ဖွဲ့ စုပေါင်း ဖွဲ့စည်းထားတဲ့ Child Rights Forum Burma အဖွဲ့ သီးခြား အစီရင်ခံစာ တစ်စောင် တင်သွင်းခဲ့သလို အဖွဲ့ကိုယ်စား ဦးအောင်မျိုးမင်းက တက်ရောက်ခဲ့ပါတယ်။
မြန်မာနိုင်ငံရဲ့ အခြေအနေဟာ ပြောင်းလဲသွားပြီမို့ ကလေး အခွင့်အရေး အခြေအနေတွေလည်း တိုးတက်လာပြီ ဖြစ်သလို ကလေးစစ်သား မရှိစေဖို့အတွက် လုပ်ဆောင်နေတယ်လို့ အစိုးရဘက်က တင်ပြခဲ့ကြောင်း အစည်းအဝေးကို ကိုယ်တိုင် တက်ရောက်ခဲ့တဲ့ ဦးအောင်မျိုးမင်းက ပြောပါတယ်။
"ကလေးစစ်သားတွေ ရှိတယ်။ ဒါပေမဲ့ ILO နဲ့ ပေါင်းပြီးတော့ ပြန် လွှတ်တာတွေ၊ မိဘရင်းဆီ ပြန်ပို့ဆောင်တာတွေ လုပ်ဆောင်တယ်လို့ ပြောပါတယ်။ ဒါပေမဲ့ မေးခွန်းတစ်ခုကို ဖြေကြားတဲ့နေရာမှာတော့ စစ်တပ်အတွင်းမှာ အရင်တုန်းက ကလေးစစ်သားတွေ ရှိခဲ့ပါတယ်။ အဲဒီကလေးတွေ ရှိခဲ့တဲ့ဟာက လူတွေရဲ့ သဘောသဘာဝအတိုင်း မှားယွင်းပြီးတော့ လက်ခံမိလို့ ဖြစ်တဲ့ အကြောင်းအရာကို သူတို့က ၀န်ခံသွားတယ်။ ကလေးစစ်သားကို စနစ်တကျ စုဆောင်းနေတဲ့ ပေါ်လစီမျိုး မရှိဘူးလို့တော့ ထပ်ပြီးတော့ ငြင်းပါတယ်။ ဒါပေမဲ့ နောက်ဆုံး ပြောသွားတဲ့ ကိုယ်စားလှယ်အဖွဲ့ရဲ့ ဥက္ကဋ္ဌ သံအမတ်ကြီး ပြောသွားတဲ့အထဲမှာတော့ အရင်တုန်းက ကလေးစစ်သား ရှိခဲ့ပါတယ်။ ဒါပေမဲ့ နောက်ဆိုရင်တော့ ကလေးစစ်သား လုံးဝမရှိအောင် လုပ်ဆောင်သွားမယ်လို့ ကတိပေးတဲ့အကြောင်း ပြောကြားချက်ကတော့ ထူးခြားချက်တစ်ခုလို့ ကျနော် ပြောချင်ပါတယ်။"