Description Description Description Description Description Description Description Description Description Description ဒီမိုကရေစီ ရရှိရေးအတွက် ပူပေါင်းဆောင်ရွက်ကြဆို့  ကရင်တိုင်ရင်သား နှင့် မြန်မာနိုင်ငံသား တိုင်းရင်းသား သွေးချင်းတို့ 

2012/07/12

နောက်ဆုတ်ခဲ့ရသော KIA ဘွန်စွန်ဘွမ် စခန်းကို ပြန်ရ

by KNG

အောင်မြင်မှု အထိမ်းအမှတ် ရိုးရာမနောအက ကနေသော အဖွဲ့ပေါင်းစုံမှ KIA စစ်သားများ

ကချင်ပြည်နယ် မြစ်ကြီးနား- ဗန်းမော်လမ်း ဒေါ့ဖုန်းယန်နှင့် လိုင်ဇာကြားတွင် မြန်မာအစိုးရတပ် စစ်ကွပ်ကဲရေး စခက (၂၁) မှ လက်နက်ကြီးများနှင့် ပစ်ခတ်မှုကြောင့် နောက်ဆုတ်လိုက်ရသော ဘွမ်စွန်ဘွမ် ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ KIA တပ်စခန်းတခုကို ဇူလိုင် ၈ရက်နေ့တွင် ပြန်ရလိုက်သည်။

ဇူလိုင် ၇ ရက်နေ့တွင် အစိုးရတပ်ဖက်က လက်နက်ကြီးများနဲ့ KIA တပ်စခန်းရှိရာကို ပစ်ခတ်ခဲ့တာကြောင့် နောက်ဆုတ်ပေးရာမှ ဇူလိုင် ၈ ရက်နေ့တွင် ပြန်လာတိုက်ပြီး စခန်းကိုပြန်ရလိုက်ခြင်းဖြစ်ကြောင်း ရှေ့တန်းမှသိရသည်။

“စခန်း ဆိုပေမယ့် စခန်းက အငယ်လေးပဲ။ KIA ပြည်သူ့စစ် ၅ ယောက်လောက်ဘဲရှိတာ။ ဘာမှတော့မရှိဘူး။ မြန်မာတပ်စခန်းက သူတို့နေတဲ့ ခန်းကိုင် (Hang Kai) စခန်းကနေ တနေကုန် ပစ်တာ။ လက်နက်ကြီး ၁၂၀ မမ နဲ့ ပစ်တာ။ မနက် ၇ နာရီခွဲကနေ ည ၈ နာရီခွဲလောက်ပစ်တာ” ဟု KIA ရှေ့တန်းမှပြောဆိုခဲ့သည်။


တိုက်ခိုက်မှုများဖြစ်ပွားခဲ့သော်လည်း နှစ်ဖက်စလုံးမှ ထိခိုက်ဒဏ်ရာမရှိဘူးဟု ဆက်ဆိုသည်။
သို့သော်တိုက်ပွဲများသည် KIA နယ်မြေတွင်း ထိပ်တိုက်တွေ့သည့်နေရာတွင် ရင်ဆိုင်တိုက်ပွဲများ ဆက်လက်ဖြစ်ပွားလျက်ရှိသည်။

ဇူလိုင် (၅) ရက်နေ့တွင် ဒေါ့ဖုန်းယန်အနီးရှိ ဆမ်တိန်းကျန် ကျေးရွာမှ ရွာသား ၇ ဦးကို ၎င်းမြန်မာအစိုးရတပ်သည် ဖမ်းဆီး ခေါ်ဆောင်သွားခဲ့ကြောင်း ဒေသခံများပြောသည်။

အစိုးရတပ်ဖွဲ့များသည် KIA နှင့် ဆက်စပ်သည်ဟု ယူဆထားသည့် ဒေသခံများကိုဖမ်းဆီး၍ နည်းမျိုးစုံဖြင့် ရိုက်နှက်စစ်ဆေးမှုတွေကို ပြုလုပ်နေကြောင်း အစိုးရတပ်ဖမ်းဆီးခံထားရာမှလွှတ်မြောက်သူများက ပြောဆိုသည်။

အစိုးရ ငြိမ်းချမ်းရေးခေါင်းဆောင်များသည် တပ်များရုပ်သိမ်းရေးကို ကချင်လွတ်မြောက်ရေးအဖွဲ့ KIO နှင့် အကြိမ်ကြိမ်ပြောဆိုညှိနှိုင်းခဲ့ကြသော်လည်း အစိုးရတပ်များသည် ထပ်မံတိုးချလာသည်သာမက သာ၍ တင်းမာမှုများဆက်လက်ဖြစ်ပေါ်နေသည်။

0 件のコメント:

コメントを投稿