Description Description Description Description Description Description Description Description Description Description ဒီမိုကရေစီ ရရှိရေးအတွက် ပူပေါင်းဆောင်ရွက်ကြဆို့  ကရင်တိုင်ရင်သား နှင့် မြန်မာနိုင်ငံသား တိုင်းရင်းသား သွေးချင်းတို့ 

2012/07/03

ဇူလှိုင်လ ၁ ရက်နေ့ ကချင်ပြည်နယ် သျှမ်းပြည်နယ်အတွင်း တိုက်ပွဲသတင်းတိုများ


(၁.၇.၂၀၁၂)ရက်နေ့ KIA တပ်မဟာ (၂)ဒေသ၊ အူထန်းယန်ရွာ တံတားညီနှောင် အနီးသို့ထိုးစစ်ဆင် ကျူးကျော် ၀င်ရောက်လာသော မြန်မာ အစိုးရ စစ်တပ် နှင့် အမှတ် (၂၀၂)KIA, အထူးနည်း ဗျူဟာ တပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားရာ မြန်မာ အစိုးရ စစ်တပ်၏ ကား (၁)စင်း ပျက်ဆီးသွားကြောင်းသိရှိရ။ နှစ်ဘက်စစ်တပ် ထိခိုက်မှူ သတင်း မသိရှိသေး။
 
KIA, တပ်မဟာ (၅)ဒေသ၊ လဂျားယန်ဘက် သို့ရောက်ရှိနေသော မြန်မာ အစိုးရစစ်တပ် (ခ.မ.ရ-၃၈၈)တပ် နှင့် KIA, ဗဟိုလုံခြုံရေး တပ်ဖွဲ့တို့ (၁.၇.၂၀၁၂)ရက်နေ့တွင် နားလုံ အနီး “ဆမ်ပိုင်” တွင် တိုက်ပွဲ ဖြစ်ပွားကြောင်း သတင်းရရှိ။
ရှမ်းပြည်နယ် မြောက်ပိုင်း ၊ KIA,တပ်မဟာ(၄)ဒေသ၊ တရုတ်-မြန်မာ နယ်စပ်၊ ပန်ဆိုင်းမြို့အနီး “ရိခူးရွာ”(Yi Hku)သို့ ထိုးစစ်ဆင် ကျူးကျော် ၀င်ရောက်လာသော မြန်မာ အစိုးရ စစ်တပ် (ခ.မ.ရ-၂၄၁)တပ်နှင့် KIA,တပ်ရင်း(၃၈)မှ တပ်ဖွဲ့ဝင်တို့ (၁.၇.၂၀၁၂)ရက်နေ့ ညနေ (၄)နာရီ အချိန် တိုက်ပွဲ အပြင်းအထန် ဖြစ်ပွား၊ တိုက်ပွဲအတွင်း မြန်မာ အစိုးရစစ်တပ်ထံမှ လက်နက် ခဲယမ်းအချို့သိမ်းဆည်း ရရှိကြာင်း သတင်းရရှိ။ အစိုးရ စစ်တပ်ထံမှ KIA,တပ်များ သိမ်းဆည်းရမိသော ခဲယမ်းများမှာ “၄၀-မမ ကျည်ဆံ (၁)လုံး၊ ၇၉-မမ ကျည်ဆံ(၅)လုံး၊ လက်ပစ်ဗုံး (၃)လုံး နှင့် အခြား လက်နက်ငယ် ကျည်တောင့် (၁၀၀၀) ကျော်တို့ ဖြစ်ပြီး ယခုအခါ ၄င်းမြန်မာ အစိုးရစစ်တပ် သည်တိုက်ပွဲတွင် ထိခိုက်မှူများသောကြောင့် ရွာသား အချို့ကိုဖမ်းဆီးကာ ပန်ဆိုင်းမြို့ ဘက်သို့ ပြန်လည်ဆုတ်ခွာသွား ကြောင်းသတင်းရရှိပါသည်။

Copy from - Lachid Kachin's

Type your summary here. Type the rest of your post here.

0 件のコメント:

コメントを投稿