Description Description Description Description Description Description Description Description Description Description ဒီမိုကရေစီ ရရှိရေးအတွက် ပူပေါင်းဆောင်ရွက်ကြဆို့  ကရင်တိုင်ရင်သား နှင့် မြန်မာနိုင်ငံသား တိုင်းရင်းသား သွေးချင်းတို့ 

2012/07/17

တိုင်းရင်းသား ဝန်ကြီးများကို ကက်ဘိနက်ထဲ ထည့်ရေးအဆို ပလပ်ခံရ

 
July 16, 2012

တိုင်းရင်းသား လူမျိုးရေးရာ ဝန်ကြီးတွေနဲ့ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသဦးစီးအဖွဲ့ ဥက္ကဋ္ဌများအား တိုင်းဒေသကြီး (သို့မဟုတ်) ပြည်နယ် အစိုးရအဖွဲ့ အဖွဲ့ဝင်အဖြစ် ထည့်သွင်း ဖွဲ့စည်းပေးဖို့ အမျိုးသား လွှတ်တော်မှာ ဇူလိုင် ၁၃ ရက်နေ့က အဆို တင်သွင်းရာမှာ အတည် မပြုနိုင်ကြောင်း ဆုံးဖြတ်ခဲ့ပါတယ်။

တိုင်းရင်းသားရေးရာ ဝန်ကြီးတွေကို ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးက ကျန်ပြည်နယ်နဲ့ တိုင်းအစိုးရအဖွဲ့က ဝန်ကြီးတွေလို ကက်ဘိနက် အစိုးရအဖွဲ့ဝင်အဖြစ် ထည့်သွင်း ဖွဲ့စည်းပေးဖို့ အမျိုးသားလွှတ်တော်မှာ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီရဲ့ အမျိုးသား လွှတ်တော်အမတ် ဒေါက်တာအေးမောင်က တင် သွင်းခဲ့တာကို ဆွေးနွေးပြီး ဒု- ရှေ့နေချုပ် ဦးထွန်းထွန်းဦးက အတည်မပြုဖို့ ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။

ဒီဆုံးဖြတ်ချက်အပေါ် ဒေါက်တာအေးမောင်က “ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ မလျော်ညီဘူးဆိုရင် ဦးထွန်းထွန်းဦးတို့ပါတဲ့ ရှေ့နေချုပ်ရုံးဆိုတာက အစိုးရအဖွဲ့ရဲ့ အတွင်းရေးမှူးဗျ။ သူတို့ကပဲ စိစစ်ပေးရမှာ။ မညီဘူးလို့ ထင်တဲ့ဟာတွေ ကျနော်တို့က ထောက်ပြတဲ့ဟာတွေ၊ ဖွဲ့စည်းပုံ အခြေခံခုံရုံးက ထောက်ပြတဲ့ဟာတွေကို ညီအောင် လုပ်ရမယ့်တာဝန်ဟာ ဦးထွန်းထွန်းဦး တို့ပါတဲ့ ရှေ့နေချုပ်ရုံးရဲ့ တာဝန်ဗျ။ သူ့တာဝန်ကို သူကျေအောင်လုပ်ပြီးမှ လျော်ညီအောင် လုပ်ပြီး ကျနော်တို့ လွှတ်တော်ကို တင်ရမယ့်တာဝန် အစိုးရအဖွဲ့မှာလည်း ရှိပါတယ်။ လောလောဆယ် အဲဒီပုဒ်မပေါင်း များစွာကို စောင့်ရှောက်ရမယ့် တာဝန်က ခုံရုံးမှာ ရှိပါတယ်။ ခုံရုံးရဲ့ ဆုံးဖြတ်ချက်ကိုသာ လေးစားလိုက်နာရမယ်ဆိုရင် ကျနော်တို့တိုင်းရင်းသားရေးရာကဏ္ဍဟာလည်း ပြန်ပြီး ကော်မရှင်ဖွဲ့ပါ။ ကော်မတီဖွဲ့ပါ” လို့ ပြောပါတယ်။

ဒီမတိုင်ခင်ကာလတုန်းက တိုင်းရင်းသားရေးရာ ဝန်ကြီးတွေကို ကျန်ဝန်ကြီးတွေလို အဆောင်အယောင်တွေ ရဖို့ တင်ပြချက်ကိုလည်း ဖွဲ့စည်းပုံ အခြေခံ ဥပဒေဆိုင်ရာ ခုံရုံးက အပြီးသတ် ဆုံးဖြတ်ပြီးကာမှ အစိုးရက ဥပဒေနဲ့မညီ ဝင်ရောက်စွက်ဖက်ဖူးတဲ့ သာဓကရှိခဲ့ဖူးပါတယ်။

ဒါပေမယ့် နောက်ပိုင်းမှာ အဆောင်အယောင်ခံစားခွင့်ရှိစေလို့ ပြန်လည် ဆုံးဖြတ်ပေးခဲ့ပါတယ်။ ဒါပေမယ့် တကယ်လက်တွေ့မှာတော့ တိုင်းရင်းသားရေးရာဝန်ကြီးတွေ မခံစားကြရသေးပါဘူး။

အခုတခါ ကက်ဘိနက်ထဲမှာ ထည့်ပေးဖို့ တောင်းဆိုချက်ကိုတော့ ပလပ်ခံရပြီး ပြည်ထောင်စုလွှတ်တော်မှာ ကြိုးပမ်းဖို့ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက ပြောခဲ့တာပါ။

၂၀၀၈ ခုနှစ်ဖွဲ့စည်းပုံပါ အချက်တွေကိုတောင် မရဘူးဆိုရင် ရေးမထားတဲ့ အခွင့်အရေးတွေအတွက် ခက်ခဲစွာရုန်းကန်ရလိမ့်ဦးမယ်လို့ ဒေါက်တာအေးမောင်က သုံးသပ်သွားပါတယ်။

“၂၀၀၈ ဖွဲ့စည်းပုံမှာ ပါတဲ့ ပုဒ်မ တခုချင်းကို နိုင်ငံသားတွေ အဖွဲ့အစည်းတွေ၊ တိုင်းရင်းသားတွေ မရဘူးဆိုရင် စာနဲ့ရေး မပြထားဘဲနဲ့ ရသင့်တဲ့အခွင့်အရေးတွေကို ကျနော်တို့ ဘယ်လိုလုပ် တောင်းမလဲ။ ပေးအောင်၊ ရအောင် မလုပ်နိုင်ဘူးဆိုရင် ၂၀၀၈ ဖွဲ့စည်းပုံမှာ မပါတဲ့ တိုင်းရင်းသားဒေသတွင်း ရပိုင်ခွင့်ကို ကျနော်တို့တောင်းတယ်လေ။ ဖွဲ့စည်းပုံမှာ နည်းနည်းလေးပဲ ပေးထားတယ်။ ဒီထက်မက ပေးပါ။ ဇယား ၂ နဲ့ ကျနော်တို့ဒေသဖွံ့ဖြိုးအောင် မလုံလောက်ဘူး။ ဇယား ၂ နဲ့ တိုင်းဒေသကြီး အခြေအနေ ဥပဒေ လုပ်ပိုင်ခွင့် အင်မတန် ကျဉ်းမြောင်းတယ်။ အဲဒါကြောင့် ပြည်ထောင်စုစစ်စစ် ဖြစ်အောင်လုပ်ပါ။ ဥပမာ ဇယား ၁ အရ ပြည်ထောင်စုအစိုးရရဲ့ ဥပဒေပြုပိုင်ခွင့်ကို လေ်ွာ့ပါ။ ပြည်နယ်တိုင်းဒေသကြီးရဲ့ ဥပဒေပြုပိုင်ခွင့် ဇယား ၂ ကို စစ်ပါလို့ ကျနော်တို့ ပြောကြဆိုကြတာပေါ့ဗျာ။ ဒါလည်း မလုပ်ဘူး။ ဆိုတဲ့အခါကျတော့ ကျနော်တို့က ဘယ်သူ့ကို ယုံရမလဲ။ ဖွဲ့စည်းပုံအခြေခံဥပဒေကို ဒီအတိုင်းထားပြီး လက်တွေ့ အကောင်အထည်မဖော်ဘူးဆိုရင် ဘယ်သူ့မှာ တာဝန်ရှိသလဲ။”

တိုင်းရင်းသားရေးရာဝန်ကြီးကိစ္စ အပါအဝင် တိုင်းနဲ့ ပြည်နယ်တွေရဲ့ အရေးကိစ္စတွေဟာ လာမယ့်ညီလာခံ ပုံမှန်အစည်းအဝေးတွေမှာလည်း တင်ပြဆွေးနွေးကြရလိမ့်မယ်လို့ သူက ပြောပါတယ်။ 
by အေးနိုင်
http://burmese.dvb.no/archives/27980

0 件のコメント:

コメントを投稿