Description Description Description Description Description Description Description Description Description Description ဒီမိုကရေစီ ရရှိရေးအတွက် ပူပေါင်းဆောင်ရွက်ကြဆို့  ကရင်တိုင်ရင်သား နှင့် မြန်မာနိုင်ငံသား တိုင်းရင်းသား သွေးချင်းတို့ 

2012/08/30

ပြည်ပမှ မြန်မာနိုင်ငံသို့  ပြန်လည်ရောက်ရှိသူ ထောင်ချခံရ။

ပြည်ပမှ မြန်မာနိုင်ငံသို့ ပြန်လည် ၀င်ရောက်ခဲ့သူ စောကျော်ကျော်မင်း ယနေ့မနက်မှာ မြောက်ပိုင်း ခရိုင်တရားရုံး (အင်းစိန်) ၏ မတရား ဆောင်ရွက်မှုကြောင့် အင်းစိန်ထောင်တွင် ထောင် (၆) လ ကျခံ ရကြောင်း သိရှိရပါတယ်။
စောကျော်ကျော်မင်းဟာ ရှေ့နေ တစ်ဦးဖြစ်ပါတယ်။ မြန်မာပြည်ကနေ ပြည်ပကို မထွက်ခွာခဲ့မီက အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်မှ ကိုသန်းဇင်မျိုး အပါအ၀င် (၁၁) ဦးရဲ့ အမှုကို ရှေ့နေ စောကျော်ကျော်မင်းနဲ့ ရှေ့နေ ညီညီထွေးတို့က လိုက်ပါ ကူညီဆောင်ရွက် ခဲ့ကြပါတယ်။ ကိုသန်းဇင်မျိုးတို့  အမှုအတွက် ကူညီဆောင်ရွက်နေစဉ်အတွင် တရားရုံးအတွင်း အမှုစစ်စဉ် တရားသူကြီးက တရားရုံးကို ကျောပေးထိုင်တဲ့ ကိစ္စနဲ့ ပတ်သတ်ပြီး ရှေ့နေတွေကို တရားခံတွေကို ရှေ့လှည့်ထိုင်ခိုင်းဖို့ အမိန့်ပေးခဲ့တဲ့အခါမှာ ရှေ့နေ စောကျော်ကျော်မင်းတို့က အမှုသည်ရဲ့ ညွှန်ကြားချက် မဟုတ် တဲ့အတွက် မပြောပေးနိုင်ဘူး ဆိုခဲ့တာကြောင့် စောကျော်ကျော်မင်းတို့ကို တရားရုံး မထီမဲ့မြင်ပြုမှု ပုဒ်မ ၂၂၄ နဲ့  တရားစွဲပါတယ်။ တရားစွဲဆဲ အမိန့် မချခင်ကာလမှာ စောကျော်ကျော်မင်း ပြည်ပကို ထွက်ခွါခဲ့ခြင်း ဖြစ်ပါတယ်။
၎င်းနောက် သမ္မတဖြစ်သူ သိန်းစိန်ရဲ့  ပြည်ပရောက်နေသူတွေကို ဖိတ်ခေါ်မှု အရ စောကျော်ကျော်မင်းဟာ မြန်မာပြည်ကို ပြည်ပကနေ ပြန်လည် ၀င်ရောက်ခဲ့တာဖြစ်ပြီး ယခုလို ထောင်ချခံရတာ ဖြစ်ပါတယ်။
စောကျော်ကျော်မင်းဟာ မြန်မာပြည်ကို ပြန်လည်ရောက်ရှိလာခဲ့တဲ့အချိန်မှာ အလုပ်သမားသမဂ္ဂများ ဖွဲ့ စည်းနိုင်ရေးအတွက် ၀ိုင်းဝန်းကူညီခဲ့ပြီး၊ ကြွေပြားစက်ရုံအလုပ်သမားအဖွဲ့ အပါအ၀င် အခြေခံ အလုပ်သမားသမဂ္ဂအဖွဲ့  (၁၀) ဖွဲ့ ထက် မနည်း ဖွဲ့ စည်းနိုင်ခဲ့တဲ့အထိ ကူညီဆောင်ရွက်သူ ဖြစ်ပါတယ်။
စောကျော်ကျော်မင်းဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ရဲ့  အင်းစိန် မြို့ နယ် လူငယ်တာဝန်ခံ (၂) အဖြစ် တာဝန် ယူခဲ့ဖူးသူလည်း ဖြစ်ပါတယ်။ စောကျော်ကျော်မင်းရဲ့  ဖခင်ဖြစ်သူ ဦးမြင့်ကြွယ်ဟာလည်း အမျိုးသားဒီမိုကရေစီအဖွဲ့ ချူပ်မှာ ပါဝင်ဆောင်ရွက်ရင်း ၁၉၉၅ ခုနှစ်မှာ နိုင်ငံရေးယုံကြည်ချက်ကြောင့် အကျဉ်းကျ ခံရသူ ဖြစ်ပါတယ်။
ယခုလို စောကျော်ကျော်မင်းကို မြန်မာပြည်တွင်း ပြန်လည်ရောက်ရှိချိန်မှာ အပြစ်မရှိ အပြစ်ရှာပြီး မတရားထောင်ချမှုဟာ သမ္မတဖြစ်သူ သိန်းစိန်တို့ ရဲ့  ဖိတ်ခေါ်ကြိုဆိုမှုတွေမှာ ရိုးသားမှုတွေ မရှိဖူးဆိုတာ၊ မြှုံးသွင်းသလို ဖမ်းချင်သူကို ဖမ်း လွှတ်ချင်သူကို လွှတ် ကျင့်ကြံနေတာ ပေါ်လွင်နေပါတယ်။
 
Copy from - niknaymanblogspot.jp

0 件のコメント:

コメントを投稿