Description Description Description Description Description Description Description Description Description Description ဒီမိုကရေစီ ရရှိရေးအတွက် ပူပေါင်းဆောင်ရွက်ကြဆို့  ကရင်တိုင်ရင်သား နှင့် မြန်မာနိုင်ငံသား တိုင်းရင်းသား သွေးချင်းတို့ 

2012/09/09

ဆရာတော် ဦးဥတ္တမနေ့ကို ပြန်လည်ကျင်းပခွင့်ပြု

 
လွတ်လပ်ရေး၏ မီးရှူးတန်းဆောင် ဆရာတော် ဦးဥတ္တမနေ့ အခမ်းအနားကို ၂၀၁၂ ခုနှစ် စက်တင်ဘာလ ၉ ရက်နေ့ (ဦးဥတ္တမနေ့)တွင် စစ်တွေမြို့နှင့် ရခိုင်ပြည်နယ် တစ်ဝန်းလုံးတွင် ကျင်းပ ပြုလုပ်သွားမည် ဖြစ်ကြောင်း သတင်းရရှိပါသည်။

ဆရာတော်ဦးဥတ္တမနေ့တွင် ဆရာတော်၊ သံဃာတော်များအား ပင့်ဖိတ်ပြီး ဆွမ်းဆက်ကပ် လှူဒါန်းခြင်း၊ ဦးဥတ္တမ ပန်းခြံအတွင်းရှိ ဦးဥတ္တမ ကြေးရုပ်ရှေ့တွင် ဆီမီး၊ အမွှေးတိုင်များ ထွန်းညှိ ပူဇော်ခြင်း၊ လွမ်းသူ့ ပန်းခွေများဖြင့် ကြည်ညို ပူဇော်ခြင်းများကို ခွင့်ပြု ပေးသွားမည်ဖြစ်ကြောင်း ဖြင့်လည်း သိရသည်။

ဆရာတော် ဦးဥတ္တမနေ့ကို ၂၀၁၁ ခုနှစ်မှ စတင်ကာ လွတ်လပ်စွာ ကျင်းပလာနိုင်ခြင်း ဖြစ်ကြောင်း သိရသည်။

''အရင်တုန်းကတော့ ဆရာတော်နေ့မှာ လွမ်းသူပန်းခွေ ချတာတို့၊ ဆရာတော်အကြောင်း ဟောပြော တာတွေကို လွတ်လပ်စွာ ပြုလုပ်ခွင့်မရခဲ့ဘူး။ အမြဲစောင့်ကြည့်ခြင်း ခံခဲ့ရတယ်။ အခုအစိုးရသစ် လက်ထက်မှာတော့ နေ့ထူးနေ့မြတ်တွေကို လုပ်ခွင့်ရလာတာ ၀မ်းသာ ကြိုဆိုပါတယ်''ဟု စစ်တွေမြို့ခံတစ်ဦး ကပြောသည်။
Posted By Admin-KMO

Copy from - News of Myanmar

0 件のコメント:

コメントを投稿