Description Description Description Description Description Description Description Description Description Description ဒီမိုကရေစီ ရရှိရေးအတွက် ပူပေါင်းဆောင်ရွက်ကြဆို့  ကရင်တိုင်ရင်သား နှင့် မြန်မာနိုင်ငံသား တိုင်းရင်းသား သွေးချင်းတို့ 

2012/09/28


ကြွေးဟောင်းများ ဆပ်ရန် မြန်မာကို အမေရိကန်ဒေါ်လာ သန်း ၁ ထောင် ဂျပန်ချေးမည်

တိုကျို၊စက်တင်ဘာ ၂၇

ယခင်က အထီးကျန် နိုင်ငံအဖြစ်မှ အရပ်သား အစိုးရသစ် လက်ထက်တွင် နိုင်ငံတကာ၏ ကြိုဆိုထောက်ခံမှု တိုးမြှင့်ရရှိလာသော မြန်မာနိုင်ငံအနေဖြင့် ကြွေးဟောင်းများ ဆပ်နိုင်ရန် ဂျပန်ဘဏ်များက အမေရိကန်ဒေါ်လာ သန်း ၁ ထောင် ချေးငွေများပေးအပ်မည်ဟု ကတိပြုလိုက်ကြောင်း အစီရင်ခံစာ တစ်ခုကို ကိုးကား၍ CNA သတင်းတွင်ဖော်ပြထားသည်။
 ကမ္ဘာ့ဘဏ်၊ အပြည်ပြည်ဆိုင်ရာ ငွေကြေး ရန်ပုံငွေအဖွဲ့၊ အာရှဖွံ့ဖြိုးရေးဘဏ် တို့သည်မြန်မာနိုင်ငံကို ထောက်ပံ့ ကူညီရန်အတွက် အမေရိကန်ဒေါ်လာ သန်း၉၀၀ ချေးငွေအကူအညီ ထပ်မံပေးအပ်ရန် စဉ်းစားလျက်ရှိကြောင်း အဆိုပါ အစီရင်ခံစာတွင်ဖော်ပြထားသည်။

ဂျပန်နိုင်ငံ တိုကျိုမြို့၌ လာမည့်လအစောပိုင်းတွင် အထက်ပါ ကမ္ဘာငွေကြေးဆိုင်ရာ အဖွဲ့အစည်းများ အစည်းအဝေး ပြုလုပ်မည်ဖြစ်သည်။

မြန်မာနိုင်ငံက တင်ရှိနေသော ယခင်ကြွေးဟောင်းများ ပြန်ဆပ်နိုင်ရန် ပေါင်းကူးချေးငွေ အဖြစ် Japan Bank for International Cooperation နှင့်အခြားသော ဂျပန်ဘဏ်များက မြန်မာနိုင်ငံကို အမေရိကန် ဒေါ်လာ သန်း ၁ ထောင် ချေးငွေ ပေးအပ်မည်ဖြစ်သည်။

ကမ္ဘာ့ဘဏ်နှင့် အာရှဖွဲ့ဖြိုးရေး ဘဏ်တို့၏ မြန်မာနိုင်ငံအပေါ် ချေးငွေအကူအညီများ ထပ်မံ ပေးအပ်မည့် အစီအစဉ်ကို အမေရိကန် ကိုယ်စားလှယ်များကသာ ကန့်ကွက်ခဲ့ပါက ၎င်းတို့အနေဖြင့် ချေးငွေအ ကူအညီပေးနိုင်မည် မဟုတ်ကြောင်းကိုလည်း Nikkei သတင်းတွင်ဖော်ပြထားသည်။

ကမ္ဘာ့ဘဏ်စသော မြီရှင် နိုင်ငံများကို မြန်မာနိုင်ငံမှ ပေးရန်ရှိသော ကြွေးမြီများထဲမှ အချို့ကို လျော်ပေးရန်ကိုလည်း မြန်မာနိုင်ငံအပေါ် ချေးငွေအများဆုံး ပေးထားသော ဂျပန်က တိုက်တွန်းမည် ဖြစ်ကြောင်း Mainichi Shimbun သတင်းတွင် ဖော်ပြထားသည်။

မြန်မာနိုင်ငံက ဂျပန်နိုင်ငံကို ပေးရန်ရှိသော ကြွေးမြီ ဂျပန်ယန်းငွေ ဘီလီယံ ၅၀၀ ထဲမှ၊ယန်းငွေ ဘီလီယံ ၃၀၀ ကို ဂျပန်အစိုးရက ယခုနှစ် ဧပြီလက လျော်ပေးခဲ့ပြီးဖြစ်သည်။

သဘာဝသယံဇာတရှားပါးသော ဂျပန်နိုင်ငံသည် သဘာဝသယံဇာတပေါကြွယ်ဝသော မဲခေါင်ဒေသ ဖွံ့ဖြိုးတိုးတက်ရန်မျော်လင့်လျက်ရှိသည်။

မဲခေါင်ဒေသနိုင်ငံများတွင် မြန်မာအပါအဝင် ကမ္ဘာ့စီးပွားရေး ဒုတိယအင်အားကြီးနိုင်ငံဖြစ်သာ တရုတ် နိုင်ငံလည်း ပါဝင်သည်။

 Copy from - The Voice Weekly

0 件のコメント:

コメントを投稿