Description Description Description Description Description Description Description Description Description Description ဒီမိုကရေစီ ရရှိရေးအတွက် ပူပေါင်းဆောင်ရွက်ကြဆို့  ကရင်တိုင်ရင်သား နှင့် မြန်မာနိုင်ငံသား တိုင်းရင်းသား သွေးချင်းတို့ 

2012/09/20

တိုင်းမှူးကို လုပ်ကြံခဲ့တဲ့ KIA ကွန်မန်ဒို

လဖိုင်ဇော်ဆိုင်း (ဓာတ်ပုံ - အာရှလေဘာတီသတင်းဂျာနယ်)

KIA ကချင် လက်နက်ကိုင်အဖွဲ့ရဲ့ ကွန်မန်ဒို လဖိုင်ဇော်ဆိုင်း ပြန်လွတ်လာပါပြီ။ သူက မြန်မာ့ တပ်မတော် တိုင်းမှူးတယောက်ကို လုပ်ကြံမှုနဲ့ ထောင်ထဲမှာ ၂၇ နှစ် နေခဲ့ရသူပါ။
၁၉၈၅ ခုနှစ်မှာ သူနဲ့ တခြား KIA စစ်သား ၃ ယောက်က တိုင်းမှူး ဗိုလ်မှူးချုပ် အယ်လ်ခွန်ဖန်ကို မြစ်ကြီးနား ဂေါက်ကွင်းနားမှာ စောင့်ပြီး လုပ်ကြံခဲ့တယ်လို့ ဆိုပါတယ်။ သူတို့တွေ ဈေးသည် ယောင်ဆောင်ပြီး စောင့်တယ်၊ ခြင်းတောင်းထဲ AK-47 သေနတ် ဖွက်ထားတယ်၊ တိုင်းမှူး ကားလာတော့ လဖိုင်ဇော်ဆိုင်းက ကားဘီးကိုပစ်၊ ပြီးတော့ တိုင်းမှူးနဲ့ ဒရိုင်ဘာကို ပစ်တယ်၊ လဖိုင်ဇော်ဆိုင်းရဲ့လက်ထောက်တွေက တိုင်းမှူးရဲ့လုံခြုံရေး စစ်သားတွေကို ပစ်တယ်လို့ ဆိုပါတယ်။
 
ဆုံရပ်မှာ လူပြန်စုတော့ သူ့လက်ထောက် တယောက် ရောက်မလာတာနဲ့ လဖိုင်ဇော်ဆိုင်း နောက်ကြောင်း ပြန်လှည့်ပြီး ရှာရာမှာ အဖမ်းခံရ ထောင်ကျပါတယ် တဲ့။
သမီးဖြစ်တဲ့ နာမည်ကျော် အဆိုတော် အယ်လခွန်းရီက ဧရာဝတီကို လွန်ခဲ့တဲ့ ၂ နှစ်က ပြန်ပြောပြတာက သူ့ဖခင်ဟာ သေနတ်ဒဏ်ရာ ၂၈ ချက်နဲ့ ဆေးရုံအရောက်မှာပဲ သေဆုံးသွားတယ် တဲ့။ (အသက် ၅၇ နှစ်အရွယ် တိုင်းမှူး ကွယ်လွန်ချိန်မှာ သားသမီး ၆ ဦး ကျန်ရစ်ပါတယ်)
လဖိုင်ဇော်ဆိုင်း ဘယ်သူလဲ
KIA ကွန်မန်ဒိုက ကချင်ပြည်နယ် အင်းတော်ကြီးကန်နဲ့ သိပ်မဝေးတဲ့ ကျေးလက် ဒေသတခုကပါ။ တချိန်ကတော့ အနက်ရောင် နယ်မြေပါ။ မြန်မာ့တပ်မတော်က သူတို့ဒေသကို မီးသွားရှို့လို့ မိဘများနဲ့အတူ ထွက်ပြေးခဲ့ရတယ်လို့ ဆိုပါတယ်။
သူ အထက်တန်းကျောင်း မပြီးခင်မှာပဲ KIA ထဲ ရောက်တယ်၊ စစ်သင်တန်း တက်တယ်၊ နောက်တော့ ရန်ကုန်သွားပြီး နာမည်ကျော် ကွန်ဖူး စိုးမြင့်သင်တန်းမှာ ခါးပတ်နက် ရတဲ့အထိ ပညာသင်ခဲ့တယ်လို့ ဆိုတယ်။
ရန်ကုန်ကအပြန် လဖိုင်ဇော်ဆိုင်း တရုတ်ပြည်မှာ ကွန်မန်ဒို သင်တန်း သွားတက်ရတယ်၊ သင်တန်းကအပြန် KIA ဌာနချုပ်မှာပဲ နေရတယ်၊ ရှေ့တန်းက တခြားရဲဘော်များနဲ့ အဆက်အသွယ် ဖြတ်ခံရတယ်လို့ ဆိုတယ်။ အဲဒီနောက်မှာတော့ အထက်မှာ ဖော်ပြခဲ့တဲ့ ဖြစ်ရပ်ကို ကွင်းဆင်း အကောင်အထည် ဖော်ရသူ ဖြစ်လာပါတယ်။
သူထောင်ကျတော့ မြစ်ကြီးနားမှာနေတဲ့ မိခင်အို သူ့ဆီကို တနှစ်တခါ ထောင်ဝင်စာ သွားတွေ့တယ် တဲ့။
ဗိုလ်မှူးချုပ် အယ်လ်ခွန်ဖန် မိသားစုရဲ့အသံ
ထောင်ထဲမှာ ရှိနေတုန်း မျှော်လင့်မထားတ့ဲဧည့်သည် ရောက်လာပါတယ်။ ကျဆုံးသွားတဲ့ ဗိုလ်မှူးချုပ် အယ်လ်ခွန်ဖန်ရဲ့ သားတယောက် မူးယစ်မှုနဲ့ ထောင်ကျပါတယ်။ သူ့ဖခင်ကိုလုပ်ကြံသူနဲ့ တွေ့ချင်တယ်လို့ ပြောတော့ ထောင်အာဏာပိုင်တွေက တွေ့ဖို့ စီစဉ်ပေးပါတယ် တဲ့။
“မင်းတို့အဖေကို သတ်ဖြတ်တယ် ဆိုတာ ကချင်ပြည်သူတွေရဲ့အကျိုးအတွက် လုပ်လိုက်တာပါ၊ သူ့ကိုမုန်းလို့ မဟုတ်ပါဘူး ဆိုပြီး ဗိုလ်မှူးချုပ် အယ်လ်ခွန်ဖန်ရဲ့ သားကို ကျနော် ပြောလိုက်တယ်” လို့လဖိုင်ဇော်ဆိုင်းက ရှင်းပြလိုက်ပါတယ်။
“သူ့သားကတော့ အဲဒါဟာ ဘုရားသခင်ရဲ့ အလိုတော်အရပါပဲ” လို့ ပြန်တုံ့ပြန်ခဲ့ပါတယ် တဲ့။
ဧရာဝတီက အဆိုတော် အယ်လ်ခွန်းရီကို ဒီအကြောင်း ဆက်သွယ်ခဲ့ရာမှာ အတိတ်က ဖြစ်ရပ်တချို့ကို သိခွင့်ရခဲ့ပါတယ်။
“အဲဒီလုပ်ကြံမှုဖြစ်ခဲ့တဲ့ကာလ KIA ခေါင်းဆောင် တယောက်နဲ့ ကျမ ဖေဖေနဲ့က ကျောင်းနေဘက်တွေပါ။ သူတို့ အယူအဆတွေ ကွဲပြားတဲ့အတွက် ရပ်တည်ချက် မတူညီတဲ့ဘက်ကို ရောက်သွားကြတာပါပဲ။ KIA နဲ့ အစိုးရ အပစ်အခတ် ရပ်စဲရေးသဘောတူကြတော့ သတင်းစာထဲက ဓာတ်ပုံတပုံမှာ အဲဒီလူ (KIA ခေါင်းဆောင်)ကို ကျမတို့ တွေ့လိုက်ရတော့ ကျမတို့ စိတ်ထိခိုက်ရပါတယ်” လို့ အယ်လ်ခွန်းရီက ပြောပါတယ်။
လုပ်ကြံမှု နဲ့ KIA ရပ်တည်ချက်
အဲဒီလုပ်ကြံမှုက သူတို့လက်ချက်ပါလို့ KIA က ဘယ်တုန်းကမှ မပြောခဲ့ပါ။ ဒီလို မပြောခဲ့တာဟာ “ကချင်တွေက အချင်းချင်း ဘယ်တော့မှ မသတ်ဘူး” ဆိုတဲ့ မူဝါဒကို ကိုင်စွဲထားလို့ ဖြစ်မယ် ဆိုပြီး အကဲခတ်တချို့က ဆိုပါတယ်။
ဒါကတော့ ၂၀၁၀ စက်တင်ဘာလထုတ် ဧရာဝတီမဂ္ဂဇင်းထဲက The Kachin Assassin ဆိုတဲ့ ဆောင်းပါးထဲက ကောက်နုတ်ချက်တွေပါ။
 
ဆောင်းပါးရှင်က လဖိုင်ဇော်ဆိုင်းကို ထောင်ထဲမှာ တွေ့ခဲ့သူ ဖြစ်ပါတယ်။
ဆောင်းပါးထဲမှာတော့ မန္တလေးထောင်အတွင်း ခေါင်းကို ကျည်ဆံရှပ်ထိပုံအပါအ၀င် လဖိုင်ဇော်ဆိုင်းရဲ့ ထောင်တွင်းအတွေ့အကြုံ၊ KIA အတွင်းပိုင်း လုပ်ကြံမှု စတဲ့ စတဲ့ အကြောင်းအရာတွေကို ရေးထားပါတယ်။
ဆောင်းပါး မူရင်းကို အောက်မှာ ဖော်ပြလိုက်ပါတယ်။
 
လွတ်မြောက်လာတဲ့ လဖိုင်ဇော်ဆိုင်းကို ရန်ကုန်အခြေစိုက် အာရှလေဘာတီသတင်းဂျာနယ်က တွေ့ဆုံမေးမြန်းထားပါတယ်။
သူက KIA နယ်မြေကို မသွားဘဲ ရန်ကုန်ကို သွားခဲ့တာပါ။
“ကျနော် ခု ရန်ကုန်ကိုဆင်းလာတယ်ဆိုတာလဲ စစ်မတိုက်ချင်လို.၊ ငြိမ်းချမ်းရေး အဖြေရှာချင်လို.၊ သိန်းနဲ.ချီတဲ. ကချင် ဒုက္ခသည်တွေအတွက် တစ်ခုခု ကြိုးစားချင်လို.ပါ” ဆိုပြီး လဖိုင်ဇော်ဆိုင်းက ဆိုပါတယ်။
သတင်းရင်းမြစ် - ဧရာဝတီ

0 件のコメント:

コメントを投稿