Description Description Description Description Description Description Description Description Description Description ဒီမိုကရေစီ ရရှိရေးအတွက် ပူပေါင်းဆောင်ရွက်ကြဆို့  ကရင်တိုင်ရင်သား နှင့် မြန်မာနိုင်ငံသား တိုင်းရင်းသား သွေးချင်းတို့ 

2011/03/26

ညူကလီယား ဘေးကင်းရေးဆိုင်ရာ အေဂျင်စီက ပြုလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲ

Photo by-Ap
မတ်လ ၂၅ ရက် မွန်းလွဲပိုင်းမှာ ညူကလီယား ဘေးကင်းရေးဆိုင်ရာ အေဂျင်စီက ပြုလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ နံပတ် ၃ ဓာတ်ပေါင်းဖိုကနေ ရေဒီယို ဓာတ်သတ္တိကြွဒြပ်တွေ ယိုစိမ့်ထွက်လို့ အလုပ်သမား  ၃ ဦးအနက် ၂ ဦးဟာ ဓာတ်ရောင်ခြည် သင့်ခံခဲ့ရတယ်လို့ ထုတ်ပြန်ပြောဆို သွားပါတယ်။ ဓာတ်ရောင်ခြည် သင့်ခံရတဲ့သူ ၂ ဦးဟာ လက်မောင်းနဲ့ ခြေထောက်တွေမှာ မီးလောင်ခံရသလို အရေပြားတွေ လန်ထွက်ခဲ့ပါတယ်။ အလုပ်သမားတွေဟာ ဓာတ်ပေါင်းဖိုရှိတဲ့ အဆောက်အအုံအနီးက တာဘိုင် အင်ဂျင်စက်ထားတဲ့ အဆောက်အဦတွင်းမှာ အလုပ်လုပ်နေတာ ဖြစ်ပါတယ်။

Photo-Reuter
ရေဒီယို ဓာတ်သတ္တိကြွဒြပ်တွေ ယိုစိမ့်ထွက်တာ အကြောင်း ၂ ခုအရဖြစ်နိုင်တယ်လို့ တွက်ဆကြပါတယ်။ ပထမတချက်က အသုံးပြုပြီး ညူကလီယား လောင်စာတောင့်တွေ ထားရှိတဲ့ ရေလှောင်ကန်ကနေ ရေဒီယို ဓာတ်သတ္တိကြွဒြပ်တွေ ယိုစိမ့်ထွက်တာ ဖြစ်နိုင်တယ် ဆိုတာပါပဲ။

ဒုတိယတချက်က ညူကလီယား ဓာတ်ပေါင်းဖို ပင်မအခန်းမှာ ရေလျော့နည်း ကျဆင်းပြီး အပူချိန်မြင့်တက် ကာ လောင်စာတောင့်တွေ အရည်ပျော်တာ melt down ဖြစ်နိုင်တယ် ဆိုတာပါပဲ။

ဒီအတောအတွင်း တိုကျိုမြို့ရဲ့ အရှေ့ဘက်မှာ ရှိတဲ့ အဲဒိုဂါဝါ့မြို့နယ်အတွင်းက သုတေသနလုပ်ဖို့အတွက်  စိုက်ပျိုးထားတဲ့ ကိုမတ်ဆုနာ့(မုံညင်းစိမ်းတမျိုး)မှာ ရေဒီယို ဓာတ်သတ္တိကြွဒြပ်တွေပါဝင် နေတယ်ဆိုတာ စစ် ဆေးတွေ့ရှိရတယ်လို့ သိရပါတယ်။

ဝန်ကြီးချုပ် နာအို့တိုခန်းက အခြေအနေတွေဟာ အင်မတန်မှကို ခန့်မှန်းလို့ မရတဲ့ အနေအထားလို့  သတင်းစာရှင်း လင်းပွဲမှာ ပြောသွားပါတယ်။

ကျော်ကျော်စိုး
၁း၄၅ နာရီ
မတ်လ ၂၆ ရက် ၂၀၁၁ ခုနှစ်

0 件のコメント:

コメントを投稿