Description Description Description Description Description Description Description Description Description Description ဒီမိုကရေစီ ရရှိရေးအတွက် ပူပေါင်းဆောင်ရွက်ကြဆို့  ကရင်တိုင်ရင်သား နှင့် မြန်မာနိုင်ငံသား တိုင်းရင်းသား သွေးချင်းတို့ 

2011/03/01

ကရင် ၈၄,၀၀၀ ထိုးစစ်ရပ်ရေးတောင်းဆို

ကိုဝိုင်း | တနင်္လာနေ့၊ ဖေဖေါ်ဝါရီလ ၂၈ ရက် ၂၀၁၁ ခုနှစ် ၁၅ နာရီ ၂၅ မိနစ်


ချင်းမိုင် (မဇ္ဈိမ) ။       ။ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူး မစ္စတာဘန်ကီမွန်းမှ ကရင်ပြည်နယ်အတွင်း စစ်အစိုးရ၏ထိုးစစ်များနှင့် လူ့အခွင့်အရေးချိုးဖောက်မှုများ ရပ်စဲရေး ထိရောက်သည့် အရေးယူဆောင်ရွက်မှု ပြုလုပ်ပေးရန် ကရင်လူထု ၈၄,ဝဝဝ ဦးက လက်မှတ်ရေးထိုး တောင်းဆိုလိုက်သည်။

ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ) မှ ဦးဆောင်ပြီး ဥရောပ၊ အာရှနှင့် အမေရိကတိုက်တို့မှ နိုင်ငံပေါင်း ၁၆ နိုင်ငံရှိ ကရင်လူမှုအဖွဲ့အစည်း ၃၁ ခု ပူးပေါင်းဆောင်ရွက်ထားသည့် တောင်းဆိုမှုကို မစ္စတာဘန်ကီမွန်းနှင့် ဗြိတိန်ဝန်ကြီးချုပ် မစ္စတာဒေးဗစ်ကင်မရွမ်း၊ သြစတြေးလျဝန်ကြီးချုပ် မစ္စဂျူလီယာ ဂေးလဒ်တို့ အပါအဝင် နိုင်ငံ ၈ နိုင်ငံမှ ခေါင်းဆောင်များထံ ယနေ့ ပေးပို့မည်ဟု ကေအန်ယူက ထုတ်ပြန်သည်။

ယခု ထုတ်ပြန်မှုသည် စစ်အစိုးရ၏ ထိုးစစ်ဒဏ်သင့်သူ ကရင်လူထုမှ ကုလအဖွဲ့အစည်းသို့ ပထမဆုံးအကြိမ်အဖြစ် လက်မှတ်ထိုးတောင်းဆိုမှုဖြစ်ပြီး လက်မှတ်ရေးထိုးသူများမှာ အသက် ၁၆ နှစ် မှ ၁ဝ၃ နှစ်အရွယ်ထိ ဖြစ်ကြသည်ဟုလည်း ဆိုသည်။

ကေအန်ယူ အထွေထွေအတွင်းရေးမှူး နော်စီဖိုးရာစိန်က “ဘန်ကီမွန်းအနေနဲ့ သူ့ရဲ့လုပ်ပိုင်ခွင့်ကို သုံးပြီး  စစ်အစိုးရရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေ ရပ်သွားဖို့ ဖိအားပေးစေချင်ပါတယ်။ နိုင်ငံ အနှံ့အပစ်ရပ်စေဖို့၊ တိုင်းရင်းသားတန်းတူရေးနဲ့ လူ့အခွင့်အရေးကို အာမခံနိုင်တဲ့ ဖက်ဒရယ် နိုင်ငံ ပေါ်လာစေဖို့ အဓိပ္ပါယ်ရှိတဲ့ ဆွေးနွေးရေးတွေ ပေါ်လာဖို့ အရေးယူဆောင်ရွက်စေချင်ပါတယ်” ဟု ပြောသည်။

လွန်ခဲ့သည့် ၁၅ နှစ်အတွင်း ကရင်ပြည်နယ်တွင် ကျေးရွာပေါင်း ၃,၆ဝဝ ကျော် ဖျက်ဆီးခံခဲ့ရပြီး၊ ၂ဝ၁ဝ နိုဝင်ဘာ ရွေးကောက်ပွဲ နီးကပ်နေသည့် ကာလ၌ပင် စစ်အစိုးရတပ်များမှ ကရင်အရပ်သား ၁၈ ဦးကို သတ်ခဲ့ပြီး ၃၈ ဦးကို ရိုက်နှက်ခဲ့သည်ဟု ကေအန်ယူက ဆိုသည်။

ထို့ပြင် ၅၂ ဦးကို အကြောင်းမဲ့ဖမ်းဆီးခြင်း၊ လူပေါင်း ၂,၃ဝဝ ကျော်ကို အဓမ္မခိုင်းစေခြင်း၊ လူနေအိမ် စာသင်ကျောင်းနှင့် ဘုရားရှိခိုးကျောင်းအပါအဝင် အဆောက်အဦး ၁၉၈ လုံးကို ဖျက်ဆီးခြင်းတို့ကို စစ်အစိုးရတပ်များက ကျူးလွန်ခဲ့ပြီး တိုက်ပွဲများကြောင့် ကျေးရွာသား ၃,ဝဝဝ ကျော် တော တောင်များထဲတွင် ပုန်းအောင်းနေကြရသည်ဟုလည်း ထုတ်ပြန်ချက်တွင် ဖေါ်ပြသည်။

၂ဝ၁ဝ ခုနှစ်အတွင်း ကေအန်ယူ၏ လက်နက်ကိုင်တပ်ဖွဲ့ ကေအန်အယ်အေနှင့် နအဖ စစ်တပ်များ အကြား သထုံခရိုင်၊ တောင်ငူခရိုင်၊ ညောင်လေးပင်ခရိုင်၊ မြိတ်-ထားဝယ်ခရိုင်၊ ဖါပွန်ခရိုင်၊ ကော့ကရိတ်နှင့် ဘားအံခရိုင်တို့တွင် တိုက်ပွဲပေါင်း ၁,ဝဝဝ ကျော်ဖြစ်ပွားခဲ့ကြောင်း သိရသည်။

၁၉၄၇ ခု ဖေဖော်ဝါရီ ၅ ရက်နေ့က စတင်ဖွဲ့စည်းခဲ့သည့် ကရင်အမျိုးသား အစည်းအရုံး-ကေအန်ယူ သည် အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်အတွက် လက်နက်ဖြင့် တော်လှန်နေသည်မှာ ၆၂ နှစ်ကျော်ပြီ ဖြစ်သည်။


သတင်း  မဇ္ဈိမ မှ ကူးယူဖော်ပြသည်။

0 件のコメント:

コメントを投稿