Description Description Description Description Description Description Description Description Description Description ဒီမိုကရေစီ ရရှိရေးအတွက် ပူပေါင်းဆောင်ရွက်ကြဆို့  ကရင်တိုင်ရင်သား နှင့် မြန်မာနိုင်ငံသား တိုင်းရင်းသား သွေးချင်းတို့ 

2011/03/05

မြန်မာ့အရေးကူညီနိုင်ဖို့ ဂျပန်ခေါင်းဆောင်က ဒေါ်အောင်ဆန်းစုကြည်ကို မေးမြန်း

2011-03-04

ဂျပန်နိုင်ငံရဲ့ အာဏာရ ဒီမိုကရက်တစ်ပါတီ DPJအထွေထွေ အတွင်းရေးမှူး နဲ့ နိုင်ငံခြားရေး ၀န်ကြီးဟောင်း Mr. Katsuya Okada က က ကြာသပတေးနေ့ ညနေပိုင်းမှာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အထွေထွေ အတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်ကို ဖုန်းဆက်ပြီး မြန်မာပြည် ဒီမိုကရေစီ ရရှိရေးအတွက် သူတို့ပါတီနဲ့  ဂျပန် အစိုးရက ကူညီနိုင်မယ့် နည်းလမ်းတွေကို မေးမြန်းခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်က မြန်မာ့နိုင်ငံ အရေးအတွက် ပြည်ပ ဒီမိုကရေစီ အင်အားစုတွေရဲ့ အကူအညီ အရေးကြီးကြောင်း ပြန်လည်ဖြေကြားခဲ့တယ်လို့  NLD သတင်းပြန်ကြားရေး တာဝန်ခံ ဦးအုန်းကြိုင်က ပြောပါတယ် ။

ဒါအပြင် မစ္စတာ Okada က ဒေါ်အောင်ဆန်းစုကြည် ရဲ့ စစ်အစိုးရ အပေါ် လက်ရှိ ဝေဖန် ပြောကြား နေမှုတွေကြောင့် တွေ့ဆုံဆွေးနွေးမှုတွေ ပြန်လည် ဖြစ်ပေါ်ရေးကို ထိခိုင်နိုင်မယ့် အခြေအနေတွေ အပြင် မြန်မာနိုင်ငံရဲ့  တိုင်းရင်းသား အရေး၊ NLD နဲ့ တိုင်းရင်းသားပါတီတွေရဲ့  ပူးပေါင်း ဆောင်ရွက်မှုတွေကို မေးမြန်း ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။

Copy from _ rfa.org/

0 件のコメント:

コメントを投稿