Description Description Description Description Description Description Description Description Description Description ဒီမိုကရေစီ ရရှိရေးအတွက် ပူပေါင်းဆောင်ရွက်ကြဆို့  ကရင်တိုင်ရင်သား နှင့် မြန်မာနိုင်ငံသား တိုင်းရင်းသား သွေးချင်းတို့ 

2011/03/29

ရေဒီယိုဓာတ်သတ္တိ ကြွတဲ့ဒြပ်တွေ ပျံ့နှံ့နေတဲ့ ပမာဏဟာ ၁၀၀၀ မီလီဆီးလ်ဗာ့တ် ရှိ

မတ်လ ၂၉ ရက် ၂၀၁၁ ခုနှစ် 
ညူကလီးယား စွမ်းအင်သုံး ဖူကူရှီးမား လျှပ်စစ်ဓာတ်အားပေး စက်ရုံရဲ့ နံပတ် ၂ ဓာတ်ပေါင်းဖို ရှိရာ အဆောက်အဦရဲ့ အပြင်ဘက် တာဘိုင်စက် ထားရှိတဲ့ မြေအောက်ခန်းက ရေထဲမှာ ရေဒီယို ဓာတ်သတ္တိ ကြွတဲ့ဒြပ်တွေ ပျံ့နှံ့နေတဲ့ ပမာဏဟာ ၁၀၀၀ မီလီဆီးလ်ဗာ့တ် ရှိနေပြီး အဲဒီလို မြင့်မားနေတာဟာ  ဓာတ်ပေါင်းဖိုတွင်းက လောင်စာတောင့်တွေ တစိတ်တပိုင်း အရည်ပျော်သွားတာကြောင့် ဖြစ်နိုင်တယ်လို့  ဂျပန်အစိုးရရဲ့ ညူကလီယားနဲ့ စက်မှုလုပ်ငန်းဆိုင်ရာ ဘေးကင်းရေး အေဂျင်စီအကြီးအကဲ ဟာရုကိ မာဒါရာမဲ က မတ်လ ၂၈ ရက်နေ့မှာ ပြောဆိုလိုက်ပါတယ်။

အလားတူပဲ ဓာတ်အားပေး စက်ရုံအနီးက ပင်လယ်ပြင်ထဲမှာ ရေဒီယိုဓာတ်သတ္တိ ကြွတဲ့ဒြပ်တွေပျံ့နှံ့ နေတဲ့ အဆင့် ပမာဏဟာ အင်မတန်မြင့်မားတယ်လို့ TEPCO က ပြောပါတယ်။

ဟာရုကိမာဒါရာမဲ က ဒီအခြေအနေဟာ အင်မတန် စိုးရိမ်စရာကောင်းတယ်လို့ ဆိုပါတယ်။ အဲဒီရေတွေ ပြင်ပ မရောက်အောင် ကောင်းကောင်း ထိန်းသိမ်းနိုင်ဖို့ လိုတယ်လို့ ပြောပါတယ်။

ဒီအခြေအနေကြောင့် နောင်မှာ ဘာတွေ ဖြစ်ပျက်လာမလဲ ဆိုတဲ့ စိုးရိမ် စိတ်တွေကို မြင့်တက် လာစေပါတယ်၊

အမြတ်အစွန်း မရှာတဲ့ အဖွဲ့အစည်း တခုဖြစ်တဲ့ ညူကလီယား သတင်းအချက် အလက်ဆိုင်ရာ ပြည်သူများ အဖွဲ့ရဲ့တာဝန်ရှိသူ တဦးဖြစ်တဲ့ မိချိအာကိ ဖူရုကာဝါ့ က အဆိပ်သင့် နေတဲ့ရေတွေ၊ ပျက်စီးနေတဲ့ အအေး ပေးစနစ်၊ အကျပ်အတည်း တွေ့နေတဲ့ ဓာတ်အားပေး စက်ရုံရဲ့အခြေအနေတွေကို ကောင်းကောင်း ပြန်လည်  ကိုင်တွယ် ထိန်းချုပ် နိုင်ဖို့ဆိုတာ တလ လောက် အချိန်ယူရလိမ့်မယ်လို့ တနင်္လာနေ့မှာ ပြောဆိုလိုက်ပါတယ်။ အဲဒီနောက်မှာတော့ စက်ရုံကို ချာနိုဘိုင်းလိုမျိုး ကွန်ကရစ်နဲ့ မံပြီး အပြီးအပိုင် ပိတ်သိမ်းလိုက်ရလိမ့် မယ်လို့ ပြောဆိုလိုက်ပါတယ်။

ကျော်ကျော်စိုး
၆း၄၅ နာရီ

0 件のコメント:

コメントを投稿