Description Description Description Description Description Description Description Description Description Description ဒီမိုကရေစီ ရရှိရေးအတွက် ပူပေါင်းဆောင်ရွက်ကြဆို့  ကရင်တိုင်ရင်သား နှင့် မြန်မာနိုင်ငံသား တိုင်းရင်းသား သွေးချင်းတို့ 

2011/03/01

ကရင်ပြည်နယ်အတွင်း နအဖ ထိုးစစ်ဆင် တိုက်ခိုက်နေမှုအား ရှုတ်ချကန့်ကွက် ဆန္ဒပြ



၂၀၁၁ ခုနှစ် ဖေဖေါ်ဝါရီလ(၂၈)ရက်။


ကရင်ပြည်နယ်အတွင်း၌ နအဖ စစ်အုပ်စုမှ ထိုးစစ်ဆင် တိုက်ခိုက်နေသော စစ်ပွဲများ ရပ်ဆိုင်းရေး တောင်းဆို လှုပ်ရှားမှုနှင့် လစဉ်(၃၀)ရက်နေ့တွင် ကျင်းပ ပြုလုပ်နေသော ဒီပဲယင်း ဆုတောင်းသည့် အခမ်းအနားမှ အမျိုးသား ပြန်လည်သင့်မြတ်ရေး တောင်းဆိုသည့် ဆန္ဒပြပွဲ အခမ်းအနားကို ဂျပန်ရောက် ကရင်တိုင်းရင်းသားများနှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(လွတ်မြောက်နယ်မြေ)ဂျပန်ဌာနခွဲ တို့မှ ပူးပေါင်း၍ တိုကျိုရှိ နအဖ စစ်အခွန်ရုံးရှေ့မှာ ယနေ့ ညနေမှာ ကျင်းပပြုလုပ်ခဲ့ပါသည်။

ထိုးစစ်ဆင် တိုက်ခိုက်နေသော စစ်ပွဲများ ရပ်ဆိုင်းရေးအတွက် တောင်းဆိုသည့် လှုပ်ရှားမှုကို ကရင်အမျိုးသားများ အားလုံး၏ ကမ္ဘာလုံးဆိုင်ရာ တောင်းဆိုလှုပ်ရှားမှု အဖြစ် နိုင်ငံအသီးသီးတွင် တပြိုင်တည်း ကျင်းပ ပြုလုပ်ခဲ့ကြကြောင်းကို KNU-Japan ကိုယ်စားလှယ် စောမျိုးခိုင်ရှင်းမှ ရှင်းလင်းပြောကြား သွားပါသည်။ ဆက်လက်ပြီး NLD-LA(JB) ဒု ဥက္ကဌ ဦးသောင်းလှိုင် မှ ထိုးစစ်ဆင် တိုက်ခိုက်မှုများ အမြန်ဆုံး ရပ်ဆိုင်ပြီး လက်ရှိ မြန်မာနိုင်ငံ၏ အထွေထွေ အကျပ်အတည်းများကို  ကျော်လွှားနိုင်ရေးနှင့် အမျိုးသား ပြန်လည်သင့်မြတ်ရေး အားလုံးပါဝင်သည့် တွေ့ဆုံဆွေးနွေးပွဲ  ဖြစ်ပေါ်လာစေရန် နအဖ စစ်အုပ်စုအား တိုက်တွန်း ပြောဆိုသွားပါသည်။

တိုင်းရင်းသား ဒေသ ထိုးစစ်ဆင် လူမျိုးတုံး မျိုးဖြုတ်နေမှုများ ရှုတ်ချကန့်ကွက်ကြောင်းနှင့် ထိုးစစ်ဆင် တိုက်ခိုက်မှုများ ရပ်ဆိုင်းပြီး အမျိုးသားပြန်လည်သင့်မြတ်ရေး အတွက် အားလုံးပါဝင်သည့် တွေ့ဆုံဆွေးနွေးပွဲ ဖြစ်ပေါ်လာစေရန် နအဖ စစ်အစိုးရအား တိုက်တွန်းတောင်းဆိုသည့် စာတစောင်ကို ဂျပန်ရောက် ကရင်တိုင်းရင်းသားများတို့မှ နအဖ စစ်အခွန်ရုံး သံအမတ်ကြီးကနေတဆင့် စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေထံသို့ ရှုတ်ချ ကန့်ကွက်သည့်စာကို ပေးပို့ခဲ့ပါသည်။ဆန္ဒပြ တောင်းဆိုသည့် အခမ်းအနားကို ညနေ ၃း၀၀ နာရီမှ ၄း၀၀ နာရီအထိ ကျင်းပပြုလုပ်ခဲ့ကြပြီး အင်အား ၁၀၀ ခန့် ပူးပေါင်း ပါဝင်ခဲ့ကြပါသည်။

သတင်းမှတ်တမ်း ။ Mai Kyaw Oo
မှတ်တမ်းဓါတ်ပုံ။ Lian Kham Sum/Moe Min Thu

0 件のコメント:

コメントを投稿