Description Description Description Description Description Description Description Description Description Description ဒီမိုကရေစီ ရရှိရေးအတွက် ပူပေါင်းဆောင်ရွက်ကြဆို့  ကရင်တိုင်ရင်သား နှင့် မြန်မာနိုင်ငံသား တိုင်းရင်းသား သွေးချင်းတို့ 

2011/03/10

ဒေါသထွက် မော်လမြိုင်ကျောင်းသားများ ဆူပူ
မတ်လ ၀၉ ရက် ၂၀၁၁ ခုနှစ်။


တက္ကသိုလ်ဝင်တန်း စာမေးပွဲဖြေနေစဉ် လျှပ်စစ်မီးမရသဖြင့် ဒေါသထွက်နေသော မော်လမြိုင်တက္ကသိုလ် ကျောင်းသားများ အင်္ဂါနေ့ ညပိုင်းတွင် ဆူပူမှု ဖြစ်ပွားခဲ့သည်။

ည ၈ နာရီခန့်တွင် ကျောင်းသား ၅ဝ ကျော်က ဆိုင်ကယ်ကိုယ်စီဖြင့် ငန်းတေးရပ်ရှိ လျှပ်စစ်ဓာတ်အားပေး စက်ရုံနှင့် မန္တလေးရပ်ရှိ မြို့နယ် လျှပ်စစ်အင်ဂျင်နီယာရုံးရှေ့ ခဲများဖြင့် ပစ်ပေါက်ကြသည်။

“စာမေးပွဲ မဖြေခင် နှစ်ရက်ကတည်းက မီးမလာဘူး၊ အခုဖြေနေတာလည်း နှစ်ရက်ရှိပြီ။ မီးမလာတော့ ၁ဝ တန်း ကျောင်းသူကျောင်းသားတွေ တော်တော်ဒုက္ခရောက်တယ်။ ဒါ့ကြောင့် သူတို့ကိုယ်စား ကျနော်တို့ ဒီလိုလုပ်ရတာပါ” ဟု ဆန္ဒပြ ကျောင်းသား ခေါင်းဆောင်တဦးက မဇ္ဈိမကို ပြောသည်။

တက္ကသိုလ်ဝင်တန်း စာမေးပွဲကို မတ်လ ၇ ရက်နေ့မှ နိုင်ငံတဝှန်းတွင် စတင်ခဲ့ပြီး မတ်လ ၁၇ ရက်နေ့တွင် ပြီးဆုံးမှာ ဖြစ်သည်။

ခဲပေါက်ခြင်းကြောင့် လျှပ်စစ်အင်ဂျင်နီယာရုံးမှ မှန်များ ကွဲသွားခဲ့ကြောင်း မန္တလေးရပ်မှ မျက်မြင်တွေ့ရှိသူ တဦးက ပြောသည်။

၂ဝဝ၉ ခုနှစ် မတ်လတွင်လည်း တက္ကသိုလ် ဝင်တန်း ကျောင်းသားများ စာမေးပွဲမဖြေဆိုမီ ၄ ရက်ဆက်တိုက် မီးပျက်နေသဖြင့် တက္ကသိုလ်ကျောင်းသား ၁ဝဝ ခန့် ယခုလိုပင် ဆူပူဆန္ဒပြခဲ့အပြီး လျှပ်စစ်မီး ပြန်ရခဲ့သည်။

သတင်းရင်းမြစ် - ချင်းမိုင် (မဇ္ဈိမ)

0 件のコメント:

コメントを投稿