Description Description Description Description Description Description Description Description Description Description ဒီမိုကရေစီ ရရှိရေးအတွက် ပူပေါင်းဆောင်ရွက်ကြဆို့  ကရင်တိုင်ရင်သား နှင့် မြန်မာနိုင်ငံသား တိုင်းရင်းသား သွေးချင်းတို့ 

2011/03/05

မြန်မာဝယ်မည့်လေယာဉ် ရုရှားမှာပျက်၊ မြန်မာ ၂ ယောက်သေ


ဒီကနေ့ ရုရှားနိုင်ငံအနောက်ဘက်၊ မော်စကိုမြို့တော်ရဲ့ တောင်ဘက် မိုင် ၃၇၀ အကွာမှာရှိတဲ့ Belgorod ဒေသမှာ Antonov-148 အမျိုးအစား ရုရှားလုပ် အမောင်းသင်လေယာဉ် ပျက်ကျသွားပြီးတော့ လေယာဉ်ဝန်ထမ်း ၄ ဦးနဲ့အတူ လေယာဉ်အမောင်းသင်နေသူ မြန်မာနိုင်ငံသား ၂ ဦး၊ အားလုံး ၆ ဦးသေဆုံးသွားခဲ့တယ်လို့ မော်စကိုမြို့တော်က ရုရှားနိုင်ငံရဲ့ အရေးပေါ်အခြေအနေများ ကိုင်တွယ်ဖြေရှင်းရေး ၀န်ကြီဌာနက ပြောကြားလိုက်ကြောင်း ရုရှားအစိုးရသတင်းမှာ ဖော်ပြထားပါတယ်။
ဒီလေယာဉ်တွေ ထုတ်လုပ်ရာစက်ရုံကလည်း အခုပျက်ကျသွားတဲ့ Antonov-148 အမျိုးအစားလေယာဉ်တွေကို မြန်မာနိုင်ငံကို တင်ပို့ဖို့ရှိတယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ မော်စကိုမြို့တော်က မြန်မာသံရုံးကတော့ ဒီလေယာဉ် ပျက်ကျပြီး မြန်မာနှစ်ဦး သေဆုံးသွားတဲ့သတင်းကို သူတို့မရရှိဘူးလို့ ရိုက်စ်တာသတင်းဌာနကို ပြောကြားခဲ့ပါတယ်။

copy rights _VOA News

0 件のコメント:

コメントを投稿