Description Description Description Description Description Description Description Description Description Description ဒီမိုကရေစီ ရရှိရေးအတွက် ပူပေါင်းဆောင်ရွက်ကြဆို့  ကရင်တိုင်ရင်သား နှင့် မြန်မာနိုင်ငံသား တိုင်းရင်းသား သွေးချင်းတို့ 

2011/03/12

ငလျင်ကြီးကြောင့် နျူကလီးယားဓါတ်ပေါင်းဖိုမှ ရောင်ချီယိုစိမ့်ထွက်မှု သတင်း
ဂျပန်အစိုးရ၏ ပြောရေးဆိုခွင့်ရှိသူ EDANO (ဓါတ်ပုံ ၊ NHK )
http://nettv.gov-online.go.jp/prg/prg4479.html
၂၀၁၁ ခုနှစ် မတ်လ(၁၂)ရက်။

ဂျပန်အစိုးရ၏ ပြောရေးဆိုခွင့်ရှိသူ EDANO မှအနည်းဆုံး လူ ၁၀၀၀ ကျော် သေဆုံးကြောင်း ကြေငြာခဲ့သည့်အပြင် နျူကလီးယား ဓါတ်ပေါင်းဖို ၂ နေရာမှာ ဓါတ်ရောင်ချီ ယိုစိမ့်မှု ဖြစ်နိုင်လို့ နျူကလီးယား ဆိုင်ရာ အရေးပေါ်အခြေအနေကို အစိုးရမှ တရားဝင် ထုတ်ပြန်ကြေငြာလိုက်ပါသည်။

နျူကလီးယား ဓါတ်ပေါင်းဖိုရှိ ပတ်ဝန်းကျင် ၃ ကီလို မှ ၁၀ ကီလို အတွင်းရှိ ဒေသခံပြည်သူ ငါးသောင်းကိုးထောင် ( ၅၉၀၀၀)တို့ကို ခေတ္တ တိမ်းရှေင် ရွှေ့ပြောင်း ဖို့ အမိန့် ထုတ်ပြန် လိုက်ပါတယ်။ နျူကလီးယားဓါတ်ပေါင်းဖိုမှ ယိုစိမ့်ထွက်မှု သတင်းထုတ်ပြန်ချက်နှင့်ပတ်သက်၍ ဂျပန်သမိုင်းမှာ ပထမဆုံး ထုတ်ပြန်လိုက်သည့် ကြေငြာချက်လည်းဖြစ်ပါတယ်။

ဖူကူးရှီမား ခရိုင်ရှိ နျူကလီးယား ဓါတ်ပေါင်းဖို
ယခု ငလျင် လှုတ်ခတ် သွားသည့် ဒေသသည် နျူကလီးယား ဓါတ်ပေါင်းဖို စုစုပေါင်း( ၇ . ခု )ရှိကြောင်းလည်း သိရှိရပါသည်။

လျှပ်စစ်စွမ်းအင် အသုံးပြုထားသည့် နျူကလီးယား ဓါတ်ပေါင်းဖို တည်ဆောက်သည့်အချိန်မှာ အဆိုးဆုံးကို စဉ်းစားပြီး ခိုင်မာစွာ တည်ဆောက် ထားသော်လည်း ယခုတချိန် လှုတ်ခတ်သွားသော ငလျင်သည် အဲသည် ခန့်မှန်းထားသည်ထက် ပြင်းထန်း လွန်းသည့်အတွက် ငလျင်ကြောင့် နျူကလီးယား ဓါတ်ပေါင်းဖိုမှ ရောင်ချီ ယိုစိမ့် ထွက်မှုရှိကြောင်းကို ဂျပန်အစိုးရ၏ ပြောရေးဆိုခွင့်ရှိသူ ၀န်ကြီး EDANO မှ အရေးပေါ်အခြေအနေကို ထုတ်ပြန်ကြေငြာသွားပါတယ်။

အကယ်၍များ ဓါတ်ပေါင်းဖိုကြီး ပေါက်ကွဲမှုကြီးဖြစ်ပါက ဂျပန်တနိုင်ငံလုံး ပျက်စီးဆုံးရှုးမှုကြီးအပြင် အရှေ့အာရှအထိပါ ပြန်နှံသွားနိုင်ကြောင်း သိရှိရပါတယ်။

မနေ့က ဂျပန်စံတော်ချိန် ၂း၄၆နာရီ လှုပ်ခတ်သွားပြီးသည်နောက် ယခုသတင်းရေးသည်ချိန်အထိ ပျမ်းမျှခြင်း ၁၀ မိနစ် တကြိမ် လှုပ်ခတ်သွားကြေင်း မိုးလေ၀သမှတ်တမ်းအရသိရှိရပါသည်။ တိုကျိုမှာလဲ အလားတူ လှုပ်ခတ်နေကြောင်း ခံစားနေရပါသည်။ မိုးလေ၀သ သတင်းဌာနမှ နောက်တလ အတွင်း ငလျင် လှုတ်သွားသည့် ဧရိယာမှာလည်း နောက်တကြိမ် ကြီးမားတဲ့ ငလျင်ကြီး ထပ်လှုပ်သွားနိုင်ကြောင်းကို ထုတ်ပြန် ကြေငြာသွားပါတယ်။

0 件のコメント:

コメントを投稿