မူလစာမျက်နှာ
သတင်းကဏ္ဍ
ရုပ်/သံကဏ္ဍ
ကဗျာကဏ္ဍ
ချိတ်ဆက်ပေးရာ
မီဒီယာကဏ္ဍ
မြန်မာဖောင့်
ဆက်သွယ်ရန်
စာဖတ်ခန်း
ကြေငြာချက်
နှိုးဆော်ချက်
ဆောင်းပါး
ဂျာနယ်ကဏ္ဏ
ဒီမိုကရေစီ ရရှိရေးအတွက် ပူပေါင်းဆောင်ရွက်ကြဆို့ 
ကရင်တိုင်ရင်သား နှင့် မြန်မာနိုင်ငံသား တိုင်းရင်းသား သွေးချင်းတို့ 
2011/04/27
လူ့အခွင့်အရေး ချိုးဖေါက်မှု ဆက်လက်ပြုလုပ်နေသည့် မြန်မာအစိုးရသစ်နှင့် စီးပွါးရေး ရင်းနှီးမြုပ်နှံမှု မပြုလုပ်ရန် ဆန္ဒပြ
၂၀၁၁ ခုနှစ် ဧပြီလ ၂၆ ရက်။
နအဖ စစ်အုပ်စု ဂျပန်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်မှ မြန်မာနိုင်ငံတွင် အစိုးရ ပြောင်းလဲ သွားပြီဖြစ်၍ ဂျပန် စီးပွါးရေး လုပ်ငန်းရှင်များအား မြန်မာပြည်သို့ ၀င်ရောက် စီးပွားရေး ရင်းနှီးမြုပ်နှံမှုများ ပြုလုပ်ရန် ဆွဲဆောင် ဟောပြောပွဲကို ဂျပန်ရှိ မြန်မာ့ဒီမိုကရေစီ အင်အားစုတို့မှ သွားရောက် ကန့်ကွက် ဆန္ဒပြခဲ့ကြပါသည်။
ဟောပြောပွဲကို တိုကျို ကုန်သည်ကြီးများအသင်း အဆောက်အဦး-၇ ထပ်-အပြည်ပြည်ဆိုင်ရာကွန်ဖရင်၌ ယနေ့ နံနက် ၁၀း၀၀ နာရီမှာ ကျင်းပပြုလုပ်ခဲ့ပြီး ဂျပန်စိုက်ပျိုးရေးဝန်ကြီးဌာန ပြည်ပ ကုန်သွယ်ရေးအဖွဲ့မှ စီမံကိန်းဌာနခွဲ-မစ္စတာ ကိုဇိမ အဲတာရော နဲ့ မြန်မာသံအမတ်ကြီး ဦးမောင်တင် တို့မှဟောပြော သွားတယ်လို့ သိရပါသည်။ “
လူ့အခွင့်အရေး ချိုးဖေါက်မှု ဆက်လက် ပြုလုပ်နေသည့် မြန်မာအစိုးရသစ်နှင့် စီးပွါးရေး ရင်းနှီးမြုပ်နှံမှု မပြုလုပ်ပါနဲ့
” ဂျပန်သာဘာဖြစ် ဟောပြောသည့် ခမ်းမရှေ့၌ ဆန္ဒပြ ကြွေးကျော်ခဲ့ကြပါသည်။
ှ
လက်ရှိ နအဖ အစိုးရအသစ်ဟာ စစ်ယူနီဖေါင်းလဲ ဟန်ပြ အရောင်ဆောင်ထားသော အစိုးရသာဖြစ်ပြီး မပြောင်းလဲ သေးကြောင်း လူ့အခွင့်အရေး လှုပ်ရှားသူများ အပါအ၀င်နိုင်ငံရေးအကျဉ်းသားများအား ယနေ့ထိတိုင် အကျဉ်းထောင်များတွင် ဆက်လက် ဖမ်းဆီးချုပ်နှောင်ထားခြင်း၊ လူအခွင့်အရေး ချိုးဖေါက်မှု ဆက်လက် ရှိနေဆဲဖြစ်ကြောင်း တိုင်းရင်းသား ဒေသတွေမှာလဲ ထိုးစစ်ဆင် တိုးက်ခိုက်နေမှုဟာ ယနေ့ချိန်ထိ ပြုလုပ်နေဆဲ ဖြစ်ကြောင်းကို အင်္ဂလိပ် ဂျပန် နှစ်ဘာသာဖြစ် ဖြန့်ဝေခဲ့ပါတယ်။ မြန်မာပြည်ရဲ လက်ရှိပကတိ အနေအထားကို သိရှိစေရန်အတွက် ပြည်တွင်း NLD မှ ပညာရှင်များ သုံးသပ်ထားသည့် စီးပွါးရေး စစ်တမ်းကို ဆန္ဒပြပွဲတွင် ဖြန့်ဝေခဲ့ပါသည်။
သတင်းမှတ်တမ်း ။ ။ Mai Kyaw Oo
မှတ်တမ်းဓါတ်ပုံ။ ။ Moe Min Thu်
0 件のコメント:
コメントを投稿
登録:
コメントの投稿 (Atom)
0 件のコメント:
コメントを投稿