Description Description Description Description Description Description Description Description Description Description ဒီမိုကရေစီ ရရှိရေးအတွက် ပူပေါင်းဆောင်ရွက်ကြဆို့  ကရင်တိုင်ရင်သား နှင့် မြန်မာနိုင်ငံသား တိုင်းရင်းသား သွေးချင်းတို့ 

2011/04/25

  1. ငလျင်နှင့် ဆူနာမိ သဘာဝဘေးဒဏ်သင့် Miyagi Kan ဒေသသို့ မြန်မာနိုင်ငံသားများမှ စေတနာ အလှူနှင့် လုပ်အားသွားသွားရောက်မည့် ခရီးစဉ်အတွက် ပြင်ဆင်။




၂၀၁၁ ခုနှစ်၊ မတ်လ ၁၁ ရက်နေ့တွင် ဖြစ်ပွားခဲ့သော ဂျပန်အရှေ့မြောက် ငလျင်နှင့် ဆူနာမိ သဘာဝဘေးဒဏ်သင့် ဒေသသို့ မြန်မာနိုင်ငံသားများမှ စေတနာ အလှူနှင့် လုပ်အားအလှူမှာ ဒုတိယ အကြိမ်မြောက် ခရီးစဉ် ဖြစ်ပြီး ယခုသွားရောက်မည့် ခရီးစဉ်ကို ဧပြီလ ၃၀ ရက်နေ့ည တွင် စတင်ထွက်ခွာပြီး Miyagi Kan, Ishinomaki Volunteer Center သို့ တရက်သာ သွားရောက် လုပ်အားပေးမည်ဖြစ်ပါသည်။

ဤခရီးစဉ်သည် ဂျပန်ရောက် မြန်မာနိုင်ငံသားများ အားလုံး၏ မွန်မြတ် သန့်ရှင်းသော စေတနာ သက်သက် ခရီးစဉ် တခုဖြစ်ပါသည်။ သွားရောက်မည့် ခရီးစဉ်တွင် အစီအစဉ် (၁) မြန်မာနိုင်ငံသားများ၊ အဖွဲ့အစည်းများမှ စုပေါင်း လှူဒါန်းထားသော ငွေများကို ပေးအပ်ခြင်း၊ (၂) ကယ်ဆယ်ရေး စခန်းများတွင် နေထိုင်နေရသူများ လူဦးရေ ၃၀၀ ကို နေ့လည်စာ ထမင်းတနပ် ချက်ပြုတ် ကျွေးမွေးခြင်းနှင့် (၃) လိုအပ်သော အဆောက်အဦး နေရာတခုခုတွင် တနေ့တာ သန့်ရှင်းရေး၊ ပြင်ဆင်ရေး လုပ်အားပေး ဆောင်ရွက်ခြင်းအစီအစဉ် ၃ ခု ပါဝင်ပါသည်။

ယနေ့ သွားရောက် လုပ်အားပေး နိုင်ရန်အတွက် မှတ်ပုံတင် စာရင်းသွင်းလုပ်ငန်းများ Takadanobaba အရပ်ရှိ SHiokatsu Center 5f, မှာ လက်ခံဆောင်ရွက်ပြီး လာရောက် စာရင်းပေသွင်းသူ စုစုပေါင်း(၉၀)ဦး ရှိကြောင်း သိရှိရပါသည်။ ၁၆ ဦးမှာ ချက်ပြုတ် ကျွေးမွေးရေးတွင် တာဝန်ယူသွားမည်ဖြစ်ပြီး ကျန် ၇၄ ဦးမှာ လိုအပ်သော အဆောက်အဦး နေရာတခုခုတွင် တနေ့တာ သန့်ရှင်းရေး၊ ပြင်ဆင်ရေး လုပ်အားပေး ဆောင်ရွက်သွားမည်ဖြစ်ပါသည်။ ချက်ပြုတ် ကျွေးမွေးရန် ပစ္စည်းတင်ကား အပါအ၀င် ကား (၅)စီး စီစဉ်ထားပြီး တိုကျိုသို့ မေလ ၂ ရက်၊ တနင်္လာနေ့ နံနက် ၄ နာရီခန့်တွင် ပြန်ရောက်မည် ဖြစ်ကြောင်းသိရပါသည်။

တချို့မှာ အကြောင်းအမျိုးမျိုးကြောင့် လက်ပါခြင်း မရှိသော်လည်းပဲ မိမိတတ်နိုင်သည့်ဘက်က အလှူငွေ ထည့်ဝင်ခြင်း၊ အစားအသောက် ပစ္စည်းများ ပေးပို့လှူဒန်းခြင်းများ ပြုလုပ်ကြပြီး နောက်ထပ်တကြိမ် လုပ်အားပေး ခရီးစဉ်အား စီစဉ် ဆောင်ရွက်ပေးပါရန် စသည့် တိုက်တွန်းသူများလဲ များစွာတွေ့ရကြောင်း ဂျပန်ရောက် မြန်မာနိုင်ငံသားများ အားလုံး၏ မွန်မြတ်သန့်ရှင်းသော စေတနာ နှင့် ဒုက္ခရောက်နေသူကို ကူညီတတ်သည့် မြန်မာများတို့၏ စိတ်ဓါတ်ကို အခုလို မြင်တွေ့လိုက်ရသည့်အတွက် ၀မ်းမြောက်ဝမ်းသာ ဖြစ်မိပါကြောင်း တင်ပြအပ်ပါသည်။

သတင်းမှတ်တမ်း။Mai Kyaw Oo
မှတ်တမ်းဓါတ်ပုံ ။ Lian Khan Sum

0 件のコメント:

コメントを投稿