Description Description Description Description Description Description Description Description Description Description ဒီမိုကရေစီ ရရှိရေးအတွက် ပူပေါင်းဆောင်ရွက်ကြဆို့  ကရင်တိုင်ရင်သား နှင့် မြန်မာနိုင်ငံသား တိုင်းရင်းသား သွေးချင်းတို့ 

2011/04/10

ငလျင်နဲ့ ဆူနာမိ ဘေးဒဏ်သင့် ဒုက္ခသည်များကို မြန်မာများ သွားရောက်ကျွေးမွေးလှူဒါန်း



ရိကုဇဲန်းတာကာတာမြို့နယ်ရုံးမှာ ရှိတဲ့ ခိုလှုံရေးစခန်းသို့ သွားရောက်ခဲ့ကြသည့် မြန်မာများ

ခရီးစဉ် မှတ်တမ်းဓါတ်ပုံ Click
၂၀၁၁ ခုနှစ် ဧပြီ ၁၀ ရက်။

ဂျပန် ငလျင်ကြီးနဲ့ ဆူနာမိရေလှိုင်းဒဏ်ကြောင့် လုံးဝနီးပါး ပျက်ဆီးသွားတဲ့ အီဝါးတဲ့ခရိုင် ခိုလှုံရေးစခန်း ၉၂ အနက် တခုဖြစ်သော ရိကုဇဲန်းတာကာတာမြို့နယ်ရုံးမှာ ရှိတဲ့ ခိုလှုံရေးစခန်းမှ ဘေးသင့်သူ ဒုက္ခသည်ဦးရေ ၃၀၀ ခန့်ကို မြန်မာ ထမင်းဟင်း နေ့လယ်စာ ချက်ကျွေးသည့် မြန်မာနိုင်ငံသားများရဲ့ အလှူတခုကို သွားရောက်ပြုလုပ်ခဲ့ကြပါသည်။
ကယ်ဆယ်ရေးစခန်းမှ တာဝန်ရှိသုများနှင့် တွေ့ဆုံဆွေးနွေးရာတွင် လာမည့်အပတ်မှာ ကျောင်းများ ပြန်လည် ဖွင့်လှစ်တော့မည်ဖြစ်သည်အတွက်  ကျောင်းသန့်ရှင်းရေးများ လုပ်ပေးရန် လိုအပ်ကြောင်းနှင့် ဒုက္ခသည်များအား ကျွေးမွေးရန် အစီအစဉ်များ လိုအပ်သေးကြောင်းကိုသိရှိရပါသည်။ ငလျင်နောက်ပိုင်းမှာ သွားလာရေးအစဉ်ပြေရန် ကားလမ်းများကို ရှင်းလင်းထားနိုင်ခဲ့သော်လည်း နေအိမ်များ။ အဆောက်အဦများ။ မြေကွက်များ သန့်ရှင်းရေးအတွက် လုပ်အားပေး မြောက်မြားစွာသော် အပျက်အစီးများကို ရှင်းလင်းရန် လိုသေးကြောင်းကို သိရှိခဲ့ရပါသည်။

ငလျင် ဆူနာမိ သတင်းကို နေ့စဉ် မြင်ရကြားရပြီး ဒုက္ခသည်များအတွက် တခုခု လုပ်ခြင်စိတ်ပေါ်လာပြီး APFS ၏ ကိုယ်စားလှယ် KATO san ဆက်သွယ် ကူညီပေးမှုအရ ယခုကဲ့သို့ တိုကျိုမှ ကီလိုမီတာ ၅၅၀ ရှိခရီးစဉ်ကို သွားရောက် လှူဒန်းနိုင်ခဲ့ခြင်း ဖြစ်ပါတယ်။ ဆူနာမိ ရေလှိုင်းဒဏ်ကြောင့် လုံးဝနီးပါး ပျက်ဆီး သွားတဲ့ အီဝါးတဲ့ ခရိုင်မှာ ရေ မီး ဂဒ်(စ်) လုံးဝ မရရှိသည့် နေရာ ဖြစ်သည်အတွက် ဦးရေ ၃၀၀ခန့် ချက်ပြုတ်ကျွေးမွေးရန်မှာ အစစအရာရာ အသေးစိတ် ကြို တင်ပြင် ဆင် ဆောင်ရွက် မှုတွေကို ပြုလုပ်ခဲ့ရ ပါသည်။ ယခု သွားရောက် လှူတန်းခဲ့သည့် အလှူရှင်များမှာ ဂျပန်နိုင်ငံ၌ ပညာ သင်ကြားနေသော မြန်မာကျောင်းသားများ ဂျပန်လူမျိုးနှင့် လက် ထပ် ထားသောမြန်မာ များအလုပ်ဗီ ဇာဖြစ်နေ ထိုင်သောမြန်မာ များနှင့်နိုင်ငံရေး ခိုလုံခွင့်နေထိုင်သော   မြန်မာများတို့၏ စုပေါင်း သည့်  အလှူဖြစ်ပါသည်။

သတင်းမှတ်တမ်း ။ Mai Kyaw Oo

0 件のコメント:

コメントを投稿