Description Description Description Description Description Description Description Description Description Description ဒီမိုကရေစီ ရရှိရေးအတွက် ပူပေါင်းဆောင်ရွက်ကြဆို့  ကရင်တိုင်ရင်သား နှင့် မြန်မာနိုင်ငံသား တိုင်းရင်းသား သွေးချင်းတို့ 

2011/04/21

ဌာနေ ပြန်ရမည့် ရွှေ့ ပြောင်း ကရင် များ ကို အစိုးရသစ် လက်ခံမည်

April 20, 2011

ဟိန်းခိုင်ထွန်း၊ ၊အနောက် နိုင်ငံကြီးများ၏ အကူအညီ လျှော့ကျသွားခြင်းကြောင့် ထိုင်းအစိုးရ၏ မူဝါဒ အပြောင်းအလဲ ဖြစ်ပေါ်ပြီး ၎င်းတို့၏ မြေပေါ်တွင် မရှိချင်တော့သည့် မြန်မာနိုင်ငံဘက်ခြမ်း ကရင်ဒေသမှ ကရင် ရွှေ့ပြောင်း ပြည်သူများ ဌာနေ ပြန်မည်ဆိုလျှင် မြန်မာအစိုးရသစ်က လက်ခံကြိုဆိုပြီး နေရာ ချထားပေးမည် ဖြစ်ကြောင်း နေပြည်တော်ရှိ လူမှု ၀န်ထမ်း ကယ်ဆယ်ရေးဌာနနှင့် ပြန်လည် နေရာချထား ရေး ၀န်ကြီး ဌာနမှ အဆင့်မြင့် အရာရှိတစ်ဦးက FNG သို့ ပြောသည်။

ပြန်လည် လက်ခံမည့် အစီအစဉ်တွင် ထိုင်းအစိုးရ တာဝန်ရှိသူများ ၊ မြန်မာအစိုးရ တာဝန်ရှိသူများနှင့် တတိယ နိုင်ငံအချို့ မှ အကူအညီပေးရေး ဧဂျင်စီများနှင့် စတင် ဆွေးနွေးနေပြီ ဖြစ်ကြောင်း သတင်း ရရှိသည်။

ပြန်လည် ကြိုဆို လက်ခံခြင်း အစီနှင့် ပတ်သက်ပြီး ” ကျွန်တော်တို့ တိုင်း ရင်းသားတွေပဲဗျာ၊ ဘာလက်မခံ နိုင်စရာ အကြောင်း မရှိပဲ နေမလဲ ၊ တတိယနိုင်ငံတွေမှာ သူတို့ အဆင်မပြေကြဘူး၊ ဟို ရိုမေးနီးယား ရောက်သွားတဲ့ လူတွေဆို လမ်းပေါ်ရောက် သွားတာတို့ ၊ တစ်ချို့ နိုင်ငံတွေမှာ ဆိုလည်း ကိုးကွယ်တဲ့ ဘာသာ ပြောင်းမှအဆင်ပြေတာတို့  ဖြစ်ကုန်ကြတယ်။ ကျွန်တော်တို့ သိပါတယ်။ အခု သူတို့ရဲ့ အခြေခံ လိုအပ်ချက်အပြင် ပညာရေး၊ ကျန်းမာရေး စတဲ့ စောင့်ရှောက်မှုတွေပါ လုပ်ပေးမှာပါ ၊ သူတို့ကို ဆက်ပြီး အကူအညီ ပေးချင် သပဆိုတဲ့ NGO တွေလဲ ပြည်တွင်းမှာ ဆက်ပေးလို့ ရပါတယ်”ဟု အဆိုပါ ၀န်ကြီးဌာန မှ အရာရှိ တစ်ဦးက ပြောသည်။


မြန်မာနိုင်ငံတွင်း ပြန်လည် ၀င်ရောက် လာမည့် ရွှေ့ပြောင်း ကရင်များကို ပြန်လည် လိုက်ပါ အကူအညီ
ပေးမည့် အဖွဲ့အစည်း တစ်ချို့ မှာလည်း ထို အစည်းအဝေးများသို့ တက်ရောက်နေပြီး မြန်မာ အစိုးရသစ်
က ယခုကဲ့သို့  NGO များကိုပါ လက်ခံ၍ အကူအညီပေးရေး အဖွဲ့အစည်းများ မှ ၀န်ထမ်း အချို့မှာ
အလွန်ပင် ပျော်ရွှင် နေကြသည်ဟု သတင်းရရှိသည်။

ဥရောပ အခြေစိုက် ကျန်းမာရေး ဆိုင်ရာ အကူအညီ ပေးရေး အဖွဲ့အစည်းက ၀န်ထမ်း တစ်ဦးက “
ကျွန်တော်တို့ ဧဂျင်စီလည်း သွားတက်တယ်၊ အခုလို အထဲမှာ လိုက်ကူညီရတော့လည်း ပိုကောင်းတယ်၊ ပိုပြီးတော့ ကူညီနိုင်မယ်။ ထိုင်းမှာက တစ်ဆင့်ခံ လုပ်ရတယ် ဆိုတော့ လုပ်ငန်း သိပ်တွင်မကျယ်ဘူး ဟု FNG သို့ ပြောသည်။

၁၉၈၀ ပြည့်လွန်နှစ်များမှ စ၍ မြန်မာနိုင်ငံတွင်း မတည်ငြိမ်မှုများ ကြောင့် ဒေသခံကရင်များ ရေကြည်ရာ မျက်နုရာကို ရွှေ့ပြောင်း လာခဲ့ကြရာ ထိုင်းနယ်စပ် တစ်လျှောက်တွင် အခြေစိုက်ပြီး ကမ္ဘာအရပ်ရပ်သို့နည်းမျိုးစုံ ဖြင့် ပျံနှံသွားသည်။

ရန်ကုန်မြို့မှ နိုင်ငံတကာနှင့် ကုလ ဧဂျင်စီများတွင် လှည့်လည် တာဝန်ထမ်းဆောင်း ခဲ့ဖူးသည့် ဆရာဝန်
တစ်ဦး ကမူ ” ကရင်ဒေသမှာဆို ထိုင်းဘက်မှာလို လမ်းတွေ မကောင်းတော့ NGOတွေ ထိထိရောက်
ရောက် ကူညီနိုင်မှာ မဟုတ်ဘူး ထိုင်းဘက်ကနေ လှည့်ဝင်ရင် တစ်မျိုး ပေါ့ ” ဟု ပြောသည်။

ပြန်လည် နေရာချထားရေး အစီအစဉ်တွင် အစစ်အမှန် ရွှေ့ပြောင်း ကရင်မိသားစုများကိုသာ လက်ခံမည်
ဖြစ်ပြီး လက်နက်ကိုင် ကရင်သူပုန်များကိုမူ နိုင်ငံ၏ လုံခြုံရေးအရ စီစစ် သွားမည်ဟု သိရသည်။

ထိုင်း-မြန်မာ နယ်စပ်ရှိ စခန်းမှ ကရင် ရွှေ့ပြောင်း အခြေစိုက် သူများအနက်မှ အချို့ကလည်း မြန်မာနိုင်ငံသို့ ပြန်လိုသည့် ဆန္ဒရှိကြသည်။

ထိုင်းနိုင်ငံ တာဆောင်ယမ်းခရိုင် အုန်းဖျံစခန်းတွင်း ဆယ်နှစ်ကျော် နေထိုင်လာခဲ့သူ ကရင်လူမျိုးတစ်ဦး
က ” အမိုးတို့  ကိုယ့်ဒေသမှာပဲ နေချင်ပါတယ်။ ဒီမှာလည်း ထိုင်းပလာကြောက်ရ၊ တောမော ကြောက်ရ
နဲ့  မလုံခြုံပါဘူးကွယ် ” ဟု ပြောသည်။

ကရင်ရွှေ့ပြောင်းများ မြန်မာဘက်ခြမ်းသို့  ပြန်လည် အခြေချ နေထိုင်ရမည်ဟု FNG မှ စတင်ပြီး သတင်း
ဖော်မပြ ခင်ကတည်းက ထိုင်းနှင့်မြန်မာ အစိုးရတာဝန်ရှိသူများသည် အဆိုပါကိစ္စ အတွက် ၄ ကြိမ် ထက်
မနည်း ဆွေးနွေးပြီး ဖြစ်သည်ဟု FNG မှ သိရှိရသည်။

ထိုင်းနိုင်ငံ ဘက်ခြမ်းတွင် မြန်မာ ဘက်ခြမ်းမှ ရွှေ့ပြောင်း အခြေစိုက်သည့် ကရင်မိသားစု ၁၄၀.၀၀၀ ခန့်ရှိသည်။

Karen Refugee
Copy from_ freedomnewsgroup

0 件のコメント:

コメントを投稿