Description Description Description Description Description Description Description Description Description Description ဒီမိုကရေစီ ရရှိရေးအတွက် ပူပေါင်းဆောင်ရွက်ကြဆို့  ကရင်တိုင်ရင်သား နှင့် မြန်မာနိုင်ငံသား တိုင်းရင်းသား သွေးချင်းတို့ 

2011/04/12

အစိုးရသစ်ကို အသိအမှတ်ပြုကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြော


ဧပြီလ ၁၀ ရက်နေ့က ရွှေတောင်ကုန်း သာသနာ့ရိပ်သာတွင် NLD အဖွဲ့ဝင် ၅ ဦးကို ဒုလ္လဘ ရဟန်းခံပေးသည့်ပွဲတွင် တွေ့ရသည့် ဒေါ်အောင်ဆန်းစုကြည် (ဓာတ်ပုံ - AP)
11 April 2011,

ဒေါ်အောင်ဆန်းစုကြည်က သမ္မတ ဦးသိန်းစိန် အစိုးရသစ်နှင့် ပတ်သက်၍ ပထမဆုံး အကြိမ်အဖြစ် အရှိကို အရှိအတိုင်း အသိအမှတ်ပြုကြောင်း၊ သို့သော် စောင့်ကြည့်ရန် လိုကြောင်း လွတ်လပ်သော အာရှအသံ (RFA) တွင် ပြောကြားသွားသည်။
RFA က သောကြာနေ့တိုင်း ထုတ်လွှင့်သော “လူထုနှင့် ဒေါ်အောင်ဆန်းစုကြည်” ကဏ္ဍတွင် လက်ရှိ အစိုးရသစ်ကို အသိအမှတ်ပြု မပြုဟူသော ပရိသတ်တဦး၏ မေးခွန်းနှင့် စပ်လျဉ်း၍ “အခု အစိုးရသစ်တခု ရှိနေတယ် ဆိုတာကို အရှိ အရှိအတိုင်းပဲ အသိအမှတ်ပြုပါတယ်။ တကယ့်ကို ပြည်သူတွေရဲ့ဆန္ဒကို လေးစားပြီး ပြည်သူတွေနဲ့ တိုင်းပြည်အတွက် အကျိုးရှိစေမယ့် အစိုးရမျိုး ဖြစ်မဖြစ် ဆိုတာကိုတော့ နည်းနည်းတော့ စောင့်ကြည့်ရဦးမှာပါ” ဟု ဖြေကြားခဲ့သည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပြောရေးဆိုခွင့်ရှိသူ ဦးအုန်းကြိုင်က “ကျနော်တို့ အထွေထွေအတွင်းရေးမှူး ပြောတာက ရှင်းပါတယ်။ အခု သူတို့ဘက်က ၂၀၀၈ ဖွဲ့စည်းပုံနဲ့ ရွေးကောက်ပွဲ လုပ်ပြီး လွှတ်တော်ကတဆင့် အစိုးရသစ် တက်လာပြီဆိုတာ အရှိတရားပဲ၊ ဒီအရှိတရားကို ရည်ရွယ် ပြောတာပဲဖြစ်တယ်။ တိုင်းပြည်ပြဿနာကို သက်ဆိုင်ရာ နိုင်ငံရေးခေါင်းဆောင်တွေ တွေ့ဆုံဆွေးနွေးမှ ဖြစ်မှာ” ဟု ဧရာဝတီသို့ ရှင်းပြသည်။

အားလုံး ပူးပေါင်း ပါဝင်နိုင်စေရန်နှင့် တွေ့ဆုံဆွေးနွေး အဖြေရှာ နိုင်ရေးတို့အတွက် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြန်လည် ပြင်ဆင်ပေးရန် NLD က တောင်းဆိုခဲ့သည်။

ထို့နောက် ၂၀၁၀ ရွေးကောက်ပွဲအတွက် ပြန်လည် မှတ်ပုံမတင်ဘဲ ရွေးကောက်ပွဲကို သပိတ်မှောက် ခဲ့သည်။ NLD သည် ၁၉၉၀ ခုနှစ် ပါတီစုံ အထွေထွေရွေး ကောက်ပွဲ ရလဒ်မှတဆင့် တွေ့ဆုံဆွေးနွေး အဖြေရှာရေးအတွက် တစိုက်မတ်မတ် တောင်းဆိုလာခဲ့သည်။

NLD ပါတီအနေဖြင့် ဦးသိန်းစိန် အစိုးရသစ်ထံ စာတစောင် ရေးသား ပေးပို့ထားကြောင်း၊ စာပါ အကြောင်းအရာ အသေးစိပ်ကို သက်ဆိုင်ရာသို့ ရောက်သောအချိန်တွင် ပြည်သူကို အသိပေးမည် ဖြစ်ကြောင်းလည်း သိရသည်။

ဒေါ်အောင်ဆန်းစုကြည်၏ မှတ်ချက်နှင့် အစိုးရသစ်ထံ စာပေးပို့သည့် ကိစ္စရပ်များနှင့် ပတ်သက်ပြီး ပြည်သူ့လွှတ်တော် ကိုယ်စားပြုကော်မတီ (CRPP) မှ ဦးအေးသာအောင်က “လက်တွေ့မှာ၂၀၀၈ ဖွဲ့စည်းပုံအရ အစိုးရသစ်တခုတော့ ဖြစ်လာပြီလို့ ဒေါ်အောင်ဆန်းစုကြည်က ရည်ရွယ်ပုံရတယ်။ ဒီအစိုးရသစ်ဟာ ပြည်သူတွေ မျှော်လင့်သလို အပြောင်းအလဲတခု ဖြစ်လာဖို့၊ ပြည်တွင်း ငြိမ်းချမ်းရေးနဲ့ ပြည်သူတွေရဲ့ ကောင်းကျိုးကို ဖော်ဆောင် မယ်လို့လည်း မထင်ဘူး” ဟု ဧရာဝတီသို့ ပြောသည်။

ပြည်တွင်း ပြည်ပမှ မြန်မာ့အရေးလေ့လာသူများက ဒေါ်အောင်ဆန်းစုကြည်သည် နိုင်ငံရေး ခေါင်းဆောင် တဦးဖြစ်၍ လက်တွေ့ နိုင်ငံရေးကို ချင့်ချိန် လုပ်ဆောင် ရခြင်းကြောင့်တကြောင်း၊ တွေ့ဆုံ ဆွေးနွေးရေး  ဖြစ်စဉ်မှတဆင့် ငြိမ်းချမ်းစွာ အသွင်ကူးပြောင်းရေးနှင့် တိုင်းပြည်၏ အဖက်ဖက်မှ ဆင်းရဲ ဒုက္ခရောက် နေရခြင်းတို့မှ လွတ်မြောက်စေရန် ရှိနေသော အရှိတရားကို ပြောပြရုံမျှ သာဖြစ်သည့် ချည်းကပ်မှု အသစ်ဖြစ်ကြောင်း သုံးသပ်ကြသည်။

သံတမန်ဟောင်း ၀ါရင့်နိုင်ငံရေးသမားကြီး သခင်ချန်ထွန်းက “ဒါကလည်း တိုင်းပြည် ငြိမ်းချမ်းမယ်လို့ ယုံကြည်ပြီး တွေ့ဆုံဆွေးနွေးရေး ဖြစ်ပေါ်လာဖို့ ကြိုးပမ်း နေတာလို့မြင်တယ်။ တကယ့် လက်တွေ့မှာက ဘယ်လိုပဲဖြစ်ဖြစ် အစိုးရသစ် တက်လာတာကို ရည်ညွှန်းပြောတာပါပဲ။ အစိုးရသစ်အနေနဲ့ တိုင်းပြည်အကျိုး ရှေ့ရှုပြီး နိုင်ငံရေး အဖြေရှာကြဖို့ကို တိုက်တွန်းချင်ပါတယ်” ဟု ပြောသည်။

နိုင်ငံတကာရှိ မြန်မာ့အရေး လှုပ်ရှားနေကြသော အဖွဲ့များကလည်း ဦးသိန်းစိန် အစိုးရသစ်အနေဖြင့် အပြုသဘောဆောင်သော လုပ်ဆောင်မှုများ မရှိလျှင် နိုင်ငံတကာမှ ဖိအားပေးရန် တိုက်တွန်းနေကြသည်။

သတင်းရင်းမြစ် - ဧရာဝတီ

0 件のコメント:

コメントを投稿