Description Description Description Description Description Description Description Description Description Description ဒီမိုကရေစီ ရရှိရေးအတွက် ပူပေါင်းဆောင်ရွက်ကြဆို့  ကရင်တိုင်ရင်သား နှင့် မြန်မာနိုင်ငံသား တိုင်းရင်းသား သွေးချင်းတို့ 

2011/04/04

ဖူကူရှီးမားက ဓါတ်ပေါင်းဖိုကန် ကွဲအက်

မြေငလျင်နဲ့ ဆူနာမီ ဒဏ်ကြောင့် ဖူကူရှီးမား ဓါတ်အားပေးစက်ရုံ ၀န်းကျင် မြေပေါ် အက်ကွဲကြောင်း
ငလျင်ကြောင့် ထိခိုက်ပျက်စီးမှုတွေ ရှိခဲ့တဲ့ ဂျပန် ဖူးကူးရှီမား နျူကလီယား ဓာတ်အားပေး စက်ရုံက ရေဒီယို သတ္တိကြွ ဓါတ်သင့်နေတဲ့ ရေတွေဟာ ဓာတ်ပေါင်းဖို အမှတ် ၂ အတွက် သုံးတဲ့ ကွန်ကရစ် ကန်အောက်က ၁ ပေ လောက် ဖြစ်နေတဲ့ အက်ကွဲကြောင်းကနေ ပင်လယ်ထဲကို စီးဝင် သွားခဲ့တာ ဖြစ်တယ်လို့ တိုကျို လျှပ်စစ် ဓါတ်အားပေး ကုမ္မဏီ TEPCO ရဲ့ တာဝန်ရှိသူတွေက ပြောပါတယ်။

ဖူကူရှီးမားအနီး ကမ်းရိုးတမ်းက ရေတွေမှာ ဓာတ်ရောင်ခြည်သင့်တဲ့ အဆင့် မြင့်တက်နေရတဲ့ အဓိက အကြောင်းရင်းဟာ ဒီကွန်ကရစ်ကန်ရဲ့ အက်ကွဲကြောင်းကြောင့် ဖြစ်ကောင်း ဖြစ်နိုင်တယ်လို့ TEPCO အရာရှိတွေက ဆိုပါတယ်။

ဂျပန်နိုင်ငံ နျူကလီယားနဲ့ စက်ရုံလုပ်ငန်း အန္တရာယ် ကင်းဝေးရေး အေဂျင်ဆီရဲ့ ပြောခွင့်ရသူကလည်း ဓါတ်ပေါင်းဖို အမှတ် ၂ အောက်ခြေပိုင်း စိမ့်ထွက်ရေတွေကနေ ၁ နာရီကို ၁၀၀၀ မီလီဆီးဗက်ကျော် ဓာတ်ရောင်ခြည် ထွက်နေတာကို တွေ့ခဲ့ရကြောင်း ကန်ရဲ့ အောက်ခြေက ကွန်ကရစ်မှာလည်း ၁ ပေ လောက် ကွဲအက်နေတာကို တွေ့ရပြီး ဒီရေတွေဟာ အက်ကွဲကြောင်းကနေ ပင်လယ်ထဲကို စီးဝင် သွားတာ ဖြစ်တယ်လို့ ပြောပါတယ်။အခုတော့ အက်ကွဲကြောင်းကိုကွန်ကရစ်နဲ့ ပြန်ပိတ်ဖို့လုပ်ဆောင်နေ  တာ ကြာပါပြီ။

မြေငလျင်နဲ့ ဆူနာမီ ဒဏ်ကြောင့် ဖူကူရှီးမား ဓါတ်အားပေးစက်ရုံ ထိခိုက်ပျက်စီးမှုတွေ ဖြစ်ခဲ့ရပြီး ၃ ပတ် အကြာမှာတော့ ၀န်ကြီးချုပ် နာအိုတို ခန်ဟာ စက်ရုံရဲ့ ကီလိုမီတာ ၂၀ တားမြစ် နယ်မြေအတွင်က ဓာတ်ရောင်ခြည် သင့်တာကို လျော့ကျအောင် ကြိုးစားလုပ်ဆောင် နေကြတဲ့ အလုပ်သမားတွေ နေတဲ့ နေရာကို သွားရောက် ကြည့်ရှုခဲ့ပါတယ်။

ဖူကူရှီးမားက ဓာတ်ရောင်ခြည် ပြန့်နှံ့မှု နည်းပါးသွားအောင် နိုင်ငံခြားကပါ လာရောက် ကူညီ ဆောင်ရွက် နေတာကြောင့် ဖူကူးရှီးမား နျူကလီယား ဓာတ်အားပေး စက်ရုံကနေ ကီလိုမီတာ ၅၀ အတွင်းမှာ ပြန်နေလို့ ရပြီဖြစ်ပြီး ကီလိုမီတာ ၂၀ နဲ့ ၃၀ ကြား ဆိုရင် လောလောဆယ် စိတ်မချသေးကြောင်း အစိုးရက ကြေငြာ ထားတယ်လို့ ဆန်းဒိုင်မြို့မှာ နေထိုင်နေတဲ့ မသင်းသင်းနိုင်က ပြောပါတယ်။

သတင်းရင်းမြစ် - ဘီဘီစီ

0 件のコメント:

コメントを投稿