Description Description Description Description Description Description Description Description Description Description ဒီမိုကရေစီ ရရှိရေးအတွက် ပူပေါင်းဆောင်ရွက်ကြဆို့  ကရင်တိုင်ရင်သား နှင့် မြန်မာနိုင်ငံသား တိုင်းရင်းသား သွေးချင်းတို့ 

2011/04/07

အာဏာလွှဲသည် ဆိုသော်လည်း လူထုဘဝ တိုးတက်ရေး မမြင်ရ

သမတ ဦးသိန်းစိန် (အလယ်) နှင့် ဒုတိယ သမတများ ဖြစ်သော ဦးတင်အောင်မြင့်ဦး (ဝဲ)၊ ဒေါက်တာ စိုင်းမောက်ခမ်း (ယာ) တို့ ဧပြီ ၁ ရက်နေ့က အစိုးရအဖွဲ့သစ် တာဝန်များ အသီးသီး ယူပြီးနောက် တွေ့ရပုံ ဖြစ်ပါသည်။ (Photo: AFP / HO / MNA)
2011-04-06,

မြန်မာနိုင်ငံမှာ စစ်အစိုးရ လက်ထဲကနေ အရပ်သား အစိုးရတရပ် လက်ထဲ အာဏာကို လွှဲပြောင်း ပေးလိုက်ပြီ ဆိုပေမဲ့ လူထုဘဝ တိုးတက်ရေးအတွက် လုပ်ဆောင်မဲ့ လုပ်ငန်းစဉ်တွေကို ထင်သာမြင်သာ မတွေ့ရပဲ ဖြစ်နေတယ်လို့ HRW လို့ ခေါ်တဲ့ နယူးယောက် အခြေစိုက် လူ့အခွင့်အရေး စောင့်ကြည့်အဖွဲ့ရဲ့ အာရှရေးရာ ကျွမ်းကျင်သူ Mr. David Scott Mathison က ဧပြီလ ၄ ရက်နေ့က ဆောင်းပါးမှာ ရေးသား ဖော်ပြ လိုက်ပါတယ်။

မြန်မာနိုင်ငံ အကျဉ်းထောင် တွေထဲမှာ နိုင်ငံရေး အကျဉ်းသား မရှိပါဘူးလို့ ရှေ့နချုပ်သစ် ဒေါက်တာထွန်းရှင်က ဂျီနီဗာ ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီမှာ ရှင်းပြ ခဲ့တဲ့အချက် ဟာလည်း လက်တွေ့ အခြေအနေ တွေနဲ့ ကွာခြားနေကြောင်း Mr. Mathison က ဆိုပါတယ်။

Copy from- rfa.org/

0 件のコメント:

コメントを投稿