Description Description Description Description Description Description Description Description Description Description ဒီမိုကရေစီ ရရှိရေးအတွက် ပူပေါင်းဆောင်ရွက်ကြဆို့  ကရင်တိုင်ရင်သား နှင့် မြန်မာနိုင်ငံသား တိုင်းရင်းသား သွေးချင်းတို့ 

2011/04/29

မြန်မာနှင့် စစ်ရေး ပူးတွဲ လေ့ကျင့်ရန် အိန္ဒိယ စစ်သင်္ဘောနှစ်စီး ထွက်ခွာ

Indian-navy

4/27/2011

မြန်မာနှင့် ပူးတွဲ စစ်ရေး လေ့ကျင့်ရန်အတွက် အိန္ဒိယ စစ်သင်္ဘော နှစ်စီးသည် ယနေ့နံနက်ပိုင်းက ဘင်္ဂလာဒေခ်ျ့ နိုင်ငံ စစ်တကောင်း ဆိပ်ကမ်းမှ မြန်မာနိုင်ငံသို့ ထွက်ခွာ သွားကြောင်း သတင်း ရရှိသည်။
ထွက်ခွာ သွားသော စစ်သင်္ဘော နှစ်စီးမှာ Vajra နှင့် Razia Sultana တို့ ဖြစ်သည်။

“ ဒီ သင်္ဘော နှစ်စီးက လွန်ခဲ့တဲ့ တနင်္ဂနွေနေ့က ဘင်္ဂလာဒေခ်ျ့ကို ရောက်ရှိလာတာ ဖြစ်ပါတယ်။ ဘင်္ဂလာဒေခ်ျ့မှာ ၄ ရက်ကြာ စစ်ရေး ပူးတွဲ လေ့ကျင့်မူ ပြုလုပ်ပြီးနောက် ကြာသပတေးနေ့ နံနက်မှာ ထွက်ခွာသွားတာ ဖြစ်ပါတယ်” ဟု ဘင်္ဂလာဒေခ်ျ့ ကမ်းခြေ စောင့်တပ်ဖွဲ့ တာဝန်ရှိသူ တစ်ဦးက သတင်းထောက် များသို့ ပြောသည်။

အိန္ဒိယ စစ်သင်္ဘော နှစ်စီးသည် မြန်မာ ရေတပ်နှင့် ဘင်္ဂလာဒေခ်ျ့တွင် ပြုလုပ်ခဲ့သော အလားတူ စစ်ရေး ပူးတွဲ လေ့ကျင့်မူကို မြန်မာ့ ပင်လယ်ပြင်တွင် ၄ ရက်ကြာ ပြုလုပ်မည် ဖြစ်ကြောင်း သိရသည်။

အဆိုပါ သင်္ဘော နှစ်စီးမှာ အိန္ဒိယနိုင်ငံ Orisa ပြည်နယ်မှ ထွက်ခွာလာသော ကမ်းခြေစောင့် စစ်သင်္ဘောများ ဖြစ်ပြီး မြန်မာနှင့် ပူးတွဲ စစ်ရေး လေ့ကျင့်မူ ပြုလုပ်ပြီးနောက် အန်ဒမန် ပင်လယ်ပြင်သို့ ပြန်လည် ထွက်ခွာပြီး ပုံမှန် ကင်းတာဝန်ကို ဆောင်ရွက်မည် ဖြစ်သည်။

စစ်ရေး လေ့ကျင့်မည့် အစီအစဉ်နှင့် ပတ်သက်ပြီး မြန်မာဘက်မှ ယခုအချိန်ထိ တစုံတရာ ထုတ်ဖေါ် ပြောကြားခြင်း မရှိသေးကြောင်း သိရသည်။

သတင်းရင်းမြစ် _ narinjara.com

0 件のコメント:

コメントを投稿