Description Description Description Description Description Description Description Description Description Description ဒီမိုကရေစီ ရရှိရေးအတွက် ပူပေါင်းဆောင်ရွက်ကြဆို့  ကရင်တိုင်ရင်သား နှင့် မြန်မာနိုင်ငံသား တိုင်းရင်းသား သွေးချင်းတို့ 

2011/04/25

ဂျပန်ရောက် တိုင်းရင်းသားများမှ လက်ရှိ သမ္မတ ဦးသိန်းစိန် ဦးဆောင်သော အစိုးရအဖွဲ့သစ်အား ဆန့်ကျင် ကန့်ကွက်သည့် အခမ်းအနား






၂၀၁၁ ခုနှစ် ဧပြီလ ၂၄ ရက်။


လက်ရှိ သမ္မတ ဦးသိန်းစိန် ဦးဆောင်သော အစိုးရအဖွဲ့သစ်အား လုံးဝ အသိအမှတ်မပြု ဆန့်ကျင် ကန့်ကွက်သည့် အခမ်းအနားကို Takadanobaba အရပ်ရှိ AUN-Japan ရုံးခန်း၌ ညီညွတ်သော တိုင်းရင်းသားများ အဖွဲ့အစည်း(ဂျပန်) AUN-Japan မှ ယနေ့ ညနေ ၁၈း၀၀ နာရီမှ ၂၁း၀၀ နာရီအထိ ကျင်းပခဲ့ကြပါသည်။

ဂျပန်ရောက် တိုင်းရင်းသား အင်အားစုများတို့သည် နအဖ စစ်အုပ်စုမှ ရေးဆွဲခဲ့သည့် ROAD MAP ၇ ချက် အဆင်ဆင့်ကို ကန့်ကွက်ခဲ့ပြီး ဖြစ်သလို ROAD MAP ၇ ချက် အရ ပေါ်ပေါက်လာသော လက်ရှိ သမ္မတ ဦးသိန်းစိန် ဦးဆောင်သော အစိုးရအဖွဲ့သစ်အား လုံးဝ အသိအမှတ်မပြု ကြောင်းကို AUN-Japan အဖွဲ့ဝင် အဖွဲ့အစည်း အသီသီးမှ ကိုယ်စားလှယ်များတို့ တက်ရောက် ရှုတ်ချ ကန့်ကွက် ခဲ့ကြပါသည်။

နိုင်ငံရေး အကျဉ်းသားများ အားလုံးချက်ခြင်း လွတ်ပေးရန်၊တိုင်းရင်းသား ဒေသအတွင်း ထိုးစစ်ဆင် တိုက်ခိုက် နေမှုအား ရပ်ဆိုင်းပြီး စစ်မှန်သည့် ငြိမ်းချမ်းရေးအား အမြန်ဆုံးဖေါ်ဆောင်ပေးရန်။ အမျိုးသား ပြန်လည် သင်မြတ်ရေးအတွက် တိုင်းရင်းသား အားလုံး ကိုယ်စားပြုပြီး ပါဝင်ဆွေးနွေးသွားနိုင်မည့် သုံးပွင့်ဆိုင် တွေ့ဆုံဆွေးနွေးရေးကို အမြေန်ဆုံး ခေါ်ယူကျင်းပဖို့ ဂျပန်ရောက် တိုင်းရင်းသား အင်အားစု များတို့မှ တိုက်တွန်း တောင်းဆို သွားခဲ့ကြောင်း သိရှိရပါသည်။

သတင်းမှတ်တမ်း ။ Mai Kyaw Oo
မှတ်တမ်းဓါတ်ပုံ ။ Moe Min Thu

0 件のコメント:

コメントを投稿